ရခိုင်ပြည်နယ် မြို့တစ်ချို့တွင် အိမ်ပြင်ထွက်သွားလာရေးအတွက် ကဒ်ပြားများ ဖြန့်ဝေ

ရခိုင်ပြည်နယ် မြို့တစ်ချို့တွင် အိမ်ပြင်ထွက်သွားလာရေးအတွက် ကဒ်ပြားများ ဖြန့်ဝေ

ကိုဗစ်-၁၉ ရောဂါပြန့်နှံမှုမြင့်တက်လျက်ရှိသော ရခိုင်ပြည်နယ် စစ်တွေအပါအဝင် မြို့တစ်ချို့တွင် အိမ်ပြင်ထွက်သွားလာခွင့်ပြုချက်နှင့် မှတ်တမ်းကဒ်များကို အာဏာပိုင်များက ဖြန့်ဝေမှုများ ရှိနေသည်။

ကဒ်တစ်ခုချင်းစီတွင် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ တံဆိပ်တုံးနှင့် လက်မှတ်၊ နံပါတ်တစ်ခုစီနှင့် လက်ခံသည့်နေအိမ်၏ မိသားစုဝင်တစ်ဦး၏ အမည်ပါရှိသည်။

နောက်ပိုင်းတွင် အဆိုပါကဒ်ပါမှသာ နေအိမ်အပြင်ထွက်ခွင့်ရတော့မည်ဟု အုပ်ချုပ်ရေးမှူးများက ပြောသည်။

“ဒီကဒ်ကို မနေ့(သြဂုတ် ၂၇ ရက်)က ၁၂ နာရီလောက်မှာ သက်ဆိုင်ရာအကြီးအကဲတွေက လာပေးသွားတယ်။ ကဒ်နံပါတ်က (၂၀၅)  ပေါ့။ အဓိက အပြင်တွေဘာတွေထွက်ရင်လည်း ဒီကဒ်နဲ့ ထွက်လို့ရတာပေါ့နော်။ ကျနော်တို့အပြင်ထွက်လို့ ကိုဗစ်နဲ့ ပတ်သက်ပြီး အန္တရာယ်တစ်ခုခုဖြစ်ရင် Information (သတင်းအချက်အလက်) ရှာရတာလွယ်အောင် ထားတာလို့ ထင်တယ်။”ဟု စစ်တွေမြို့ကျောင်းတက်လမ်းရပ်ကွက်နေ ကိုအောင်မင်းစိုး က ပြောသည်။

စစ်တွေ ရပ်ကွက်တစ်ချို့တွင် အပြင်ထွက်သွားလာခွင့်ကဒ် ရရှိသူတွေရှိနေပြီဖြစ်သလို တစ်ချို့ကတော့ မရသေးကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။ မြောက်ဦးနှင့် တောင်ကုတ်မြို့များတွင် စတင် ဖြန့်ဝေမှုများရှိနေသည်ကိုလည်း သိရသည်။

 

ရခိုင်ပြည်နယ်မှ မြို့နယ်များအားလုံး မိမိအိမ်တွင်နေထိုင်ရန် (Stay at Home) အစီစဉ်တွင် အကျုံးဝင်ကြောင်း အစိုးရကကြေညာထားသည်။

လက်ရှိ ကဒ်ကိုအသုံးပြုရန် လုပ်ဆောင်နေသည့်အထဲတွင် ကိုဗစ်ကူးစက်ခံထားရသည့်မြို့များပါဝင်သလို မကူးစက်သေးသည့် မြို့များလည်း ပါဝင်သည်။

မြောက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “လောလောဆယ် ကိုဗစ်နိုင်တင်းကာကွယ်ရေး အတွက်တော့ ကောင်းတာပေါ့။ ဥပမာ ကျန်းမာရေးကိစ္စတွေနဲ့ မဖြစ်မနေသွားရမယ်ဆိုရင်တော့ အခက်ခဲနည်းနည်းရှိမယ်ထင်တယ်။”ဟု ဆိုသည်။

လက်ရှိထုတ်ဝေပေးနေသည့် ကဒ်များကို နေအိမ်ပြင်ပသို့ နေ့တိုင်းသွားလာနေရသူဆိုလျှင် အနီရောင်၊ လုပ်ငန်းလုပ်ကိုင်နေရသူဆိုလျှင် အဝါရောင်၊ အဖြူရောင် စသဖြင့် အရောင်တစ်မျိုးစီ ခွဲခြားထားကြောင်းသိရပြီး ယင်းကဒ်များမှာ မြို့တွင်းသွားလာမှုအတွက်သာ အကျုံးဝင်သည်ဟု စစ်တွေမြို့၊ ရူပမြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်သာက ပြောသည်။

August 15, 2026
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် ကယ်ဆယ်ရေးလှေ...
ဓါတ်ပုံ - စစ်အုပ်စုတပ်၏ ရေယာဉ်အုပ်စုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ
August 14, 2026
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်မှ စုန်ဆင်းလာသည့်...
ဓာတ်ပုံ - (အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အား တွေ့ရစဉ်)
August 14, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုတပ်က...
August 13, 2026
စစ်ဘေးဒဏ်အပြင် ရေဘေးဒဏ်ကိုပါ ထပ်ဆင့်ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်းမှ ရေဘေးသင့်ပြည်သူ များထံ...