တောင်ကြီး တွင် SNLDလူငယ်အမျိုးသမီး ၃ဦး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်

တောင်ကြီး တွင် SNLDလူငယ်အမျိုးသမီး ၃ဦး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်

နန်းဆိုင်ဖူး — ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီအနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ၌ ကိုယ်စားလှယ်လောင်း လူငယ် အမျိုးသမီး (၃) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီးခရိုင်တွင် SNLD ကိုယ်စားလှယ်လောင်း ၅ ဦးထဲ၌ လူငယ် အမျိုးသမီး (၃) ဦးပါဝင်ကြောင်း သိရသည်။

“ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ် ၅ ဦး စလုံးကို ကြည့်မယ်ဆိုလို့ရှိရင် အသက်အရွယ်အားဖြင့် လူငယ်လို့ ပြောရမှာပါ။ အဲ့ဒီ လူငယ်တွေဟာ ဘာသာစကားအားဖြင့်လဲ ၂ ခု ၃ ခုလောက်ပြောနိုင်တယ်။ ဥပဒေ ပညာရှင်လည်း အဲ့ထဲမှာ ပါတယ်။ နိုင်ငံခြားက ဘွဲ့ရလာတဲ့သူတွေလည်း ပါတယ်။ သူတို့ရဲ့ အရည်ချင်းကို ကြည့်ခြင်းအားဖြင့် ဒါဟာ (၁၀) ရာခိုင်နှုန်း အောင်မြင်နိုင်မယ်လို့ ယုံကြည်တယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) တောင်ကြီးမြို့နယ် ဥက္ကဋ္ဌ နန်းမြဦး ကပြောသည်။

SNLD အနေဖြင့် တောင်ကြီးခရိုင်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် နေရာများမှာ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ၊ အမျိုးသား လွှတ်တော် ၊ ပြည်သူ့ လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် (၂) နေရာတို့ဖြစ်ကြောင်းသိရသည်။

“လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့ မျှော်လင့်ထားပါတယ်။ အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက်ကတော့ နိုင်မယ်လို့ မျှော်လင့်တာပေါ့ ဒါတောင်ကြီး အနေနဲ့ပဲ တွက်တာပါ။ အဲ့လောက်ထိ နိုင်မယ်ဆိုလို့ရှိရင် အဲ့ထက် မကလဲ နိုင်ခြေ နိုင်ပါတယ်။ အဲ့မှကိုယ့်ရဲ့ သမိုင်းမှာ မပေါ်ဖူးတဲ့အရာမျိုး တခါမှ မဖြစ်ဖူးတဲ့ အရာမျိုးလည်း ဖြစ်နိုင်တယ်။” ဟု နန်းမြဦး က ဆိုသည်။

SNLD ပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ နှင့် ၂၀၁၅ ရွေးကောက်ပွဲ ကာလ မှာ တောင်ကြီးခရိုင်မှာ အနိုင်ရခြင်း မရှိခဲ့ပေ။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ( SNLD) ပါတီအနေဖြင့် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်း ၂၉ ရာခိုင်နှုန်း ပါဝင်ထားကြောင်း သိရသည်။

SNLD ပါတီသည် (၄၅) မြို့နယ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး တိုင်းရင်းသား မဲဆန္ဒနယ် (၃) ဦး၊ အမျိုးသား လွှတ်တော် နေရာ (၁၂) ဦး၊ ပြည်သူ့ လွှတ်တော်နေရာ (၃၈) ဦး နှင့် ပြည်နယ် လွှတ်တော် နေရာ (၇၉ ) ဦး စုစုပေါင်း (၁၃၂) ဦး ဝင်ရောက်ယှဉ် ပြိုင် သွားမည်ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် (SNLD) အနေဖြင့် ၁၆၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာမှ လွှတ်တော်အတွင်း ၄၀ နေရာ အနိုင်ရရှိခဲ့သည်။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...