ကိုဗစ်ကာလမှာ တိုက်ခိုက်မှုတွေမလုပ်ဖို့ AA ကိုတပ်မတော်ပြော

ကိုဗစ်ကာလမှာ တိုက်ခိုက်မှုတွေမလုပ်ဖို့ AA ကိုတပ်မတော်ပြော

ကိုဗစ် ၁၉ ရောဂါကို တွန်းလှန်နေတဲ့ကာလမှာ ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေမလုပ်ဖို့ ရခိုင့်တပ် AA ကို တပ်မတော်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရခိုင့်တပ် AA ဘက်ကနေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်တာ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့ရေးကို အနှောက်အယှက်ပေးတာတွေကြောင့်သာ တပ်တော်ကနေပြီး လုံခြုံရေးအရ စစ်ဆင်ရေးဆောင်ရွက် ကာကွယ်နေရတာဖြစ်တယ်လို့လဲ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုပါတယ်။

 “ တိုက်ခိုက်မှုတွေကို ရခိုင်ပြည်နယ်မှာ အကြမ်းဖက်လုပ်ရပ်တွေကို ဒီကာလအတွင်းမှာ မလုပ်ဖို့ပဲပြောချင်တယ်။  ပြီးတော့ ရခိုင်ပြည်နယ်မှာ ကိုဗစ်နိုင်တင်းနဲ့ပက်သက်ပြီး လုပ်ဆောင်တဲ့ဟာမှန်သမျှ တပ်မတော်အနေနဲ့လည်း ချန်လှပ်ထားခြင်းမရှိဘူး ” လို့ သူကပြောပါတယ်။

ဒါ့အပြင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို ပိုပြီးထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့နဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ကိုအောင်မြင်အောင်ဆောင်ရွက်နိုင်ဖို့အတွက် စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အထိ အပစ်အခတ်နဲ့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို တိုးမြင့်ရပ်ဆိုင်းပေးထားမယ်လို့လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒါပေမယ့် တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင့်တပ် AA ဘက်ကတော့ တပ်မတော်ကနေပြီး ထိုးစစ်ဆင်မှုတွေ၊ စစ်ရေးအင်အားတိုးချဲ့မှုတွေလုပ်နေတာ ကြောင့်ပြန်လည်ခုခံရတာလို့ဆိုပါတယ်။

နှစ်ဖက်စလုံးက တိုက်ပွဲတွေလျော့ချဖို့ပြောနေပေမယ့် လာပြီးတိုက်ခိုက်လာရင်တော့ ပြန်ပြီးလက်တုန့်ပြန်မယ်ဆိုတဲ့ သဘောမျိုးတွေပြော နေတာကြောင့် ရခိုင်မှာ ကိုဗစ်ထိန်းချုပ်ရေးလုပ်ဖို့ကတော့ ခက်ခဲနေဦးမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

“တကယ့်စစ်မြေပြင်မှာ ဘယ်သူကစတယ်၊ မစဘူးဆိုတာ ကျွန်တော်တို့သိဖို့ခက်ခဲပါတယ်။ ဒီအခြေအောက်မှာ တစ်ဖက်ဖက်ကစတယ်ဆိုတဲ့ အကြောင်းပြချက်အောက်မှာ စစ်ပွဲတွေအရှိန်မြင့်လာနိုင်တာရှိပါတယ် ” လို့ သူကပြောပါတယ်။  

အခုတစ်ကြိမ် တပ်မတော်ရဲ့ အပစ်ရပ်ရေးထုတ်ပြန်ချက်ဟာ ၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းကနေစပြီးထုတ်ပြန်ခဲ့တဲ့ အပစ်ရပ်စဲရေး ထုတ်ပြန်ချက်တွေနဲ့ အတူတူပဲဖြစ်တယ်လို့လဲ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း COVID-19 ကူးစက်ခံရသူ ၈၂ ယောက်ရှိနေပြီး အဲဒီအထဲက တစ်ဦးကိုတော့ ရခိုင်ပြည်နယ်က နေ ရန်ကုန်၊ကမာရွတ်မြို့နယ်ကိုလာရောက်စဉ်မှာတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီကူးစက်ခံရတဲ့သူတွေထဲမှာတော့ ကျန်းမာရေးဝန်ထမ်း ၁၀ ယောက်ထက်မနည်းပါဝင်ထားပါတယ်။

လက်ရှိ စစ်တွေမြို့နယ်မှာတော့ ကူးစက်ခံရသူ ၇၃ ယောက်အထိရှိတဲ့အတွက် ညမထွက်ရအမိန့်ထုတ်ထားရသလို  မြောက်ဦးက ၃ ယောက်၊ သံတွဲက ၂ ယောက်နဲ့ ဘူးသီးတောင်က ၄ ယောက်အထိ ကူးစက်ခံရသူတွေရှိနေပါတယ်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...