NLD အစိုးရသက်တမ်းအတွင်း သျှမ်းပြည် ငြိမ်းချမ်းရေး ကြိုးပမ်းမှုသည် ကြီးမားဆုံးစိန်ခေါ်မှုဖြစ်

NLD အစိုးရသက်တမ်းအတွင်း သျှမ်းပြည် ငြိမ်းချမ်းရေး ကြိုးပမ်းမှုသည် ကြီးမားဆုံးစိန်ခေါ်မှုဖြစ်

နန်းဆိုင်ဖူး - NLD အစိုးရ သက်တမ်းတလျှောက် သျှမ်းပြည် ငြိမ်းချမ်းရေးကြိုးပမ်းမှု ခရီးစဉ်သည် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ကြောင်း သျှမ်းပြည် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ပြောကြားလိုက်သည်။

အဆိုပါ ပြောဆိုမှုသည် သြဂုတ် ၁၇ ညနေ ၃ နာရီတွင် သျှမ်းပြည်အစိုးရ၏ စတုတ္တနှစ်တာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားခဲ့သည်။

“တိုက်ပွဲရှောင် ပြည်သူတွေရဲ့ ဒုက္ခသောကကို ဖြေရှင်းဆောင်ရွက်တဲ့အခါ ကျနော်တို့ အစိုးရအဖွဲ့ အကြီးမားဆုံး အခက်ခဲ တွေ့ကြုံရတယ်” ဟု ဒေါက်တာလင်းထွဋ် က ပြောသည်။

၂၁ ရာစု ပင်လုံညီလာခံ ကြီးမှတစ်ဆင့် ပြည်ထောင်စုကြီး တစ်ခုလုံး ရင်ကြားစေ့နိုင်ပြီး ငြိမ်းချမ်းရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်သည့် နေရာတွင်လည်း စီးပွားရေး၊ ပညာရေး ကျန်းမာရေး ၊ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း စသည့် လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်သည့်အချိန်တွင် အခက်ခဲများ တွေ့ရကြောင်း ဒေါက်တာလင်းထွဋ် က ဆက်လက်ပြောကြားသည်။

“ဘာဖြစ်လို့လဲဆိုတော့ အားလုံး သိကြပြီဖြစ်တဲ့အတိုင်း ပြည်ထောင်စု နဲ့ တကွ တိုင်းဒေသ နှင့် ပြည်နယ်အားလုံး ပြည်ထောင်စု ကြီးတစ်ခုလုံး ငြိမ်းချမ်းမှ သာလျှင် ဖွံ့ဖြိုးတိုးတက် ပြီး လျင်မြန်ချောမွေ့စွာ အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။” ဒေါက်တာလင်းထွဋ် ကပြောသည်။

၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် နိုင်ငံ့တာဝန်ကို စတင်ယူခဲ့သော လက်ရှိအစိုးရ၏ သက်တမ်းသည် ပြီးခဲ့သည့် ဧပြီလတွင် ၄ နှစ် သက်တမ်း ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။

ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် မြေယာပြဿာနာ၊ ပညာရေး၊ သျှမ်းမြောက်တွင် နွားကားများ တရားမဝင် တင်သွင်းမှုအခြေအနေ၊ မီဒီယာဖွံ့ဖြိုး တိုးတက်ရေး ၊ နယ်စပ် ပြည်သူ့စစ်အခြေအနေ ၊ အသေးစား ချေးငွေ နှင့် သျှမ်းပြည်အတွင်းရှိ စီမံကိန်းများအခြေအနေ တို့ကို လာရောက်ပြောကြားခဲ့ကြောင်းသိရသည်။

လက်ရှိ ၂၀၂၀ ပြည့်နှစ်တွင် ပြည်သူ့အတွက် စတုတ္တတစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲကို ကချင်ပြည်နယ်၊ ကယားပြည်နယ် နှင့် မကွေးတိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရအချို့မှာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...
January 8, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့်...