တောင်ကြီးခရိုင် အတွင်းရှိ မဲရုံတချို့ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးလိုင်း မရရှိသေး

တောင်ကြီးခရိုင် အတွင်းရှိ မဲရုံတချို့ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးလိုင်း မရရှိသေး

နန်းဆိုင်ဖူး - သျှမ်းပြည် တောင်ကြီးခရိုင် အတွင်းရှိ မဲရုံ တချို့ လျှပ်စစ်မီး နှင့် ဆက်သွယ်ရေးလိုင်း မရသေးကြောင်း သတင်းရရှိသည်။

တောင်ကြီးခရိုင် အတွင်း လျှပ်စစ်မီး မရရှိသေးသည့် မဲရုံ (၂၀၀)ကျော် နှင့် ဆက်သွယ်ရေး မရသည့် မဲရုံ (၅၄)ရုံရှိကြောင်း တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှိင်အဖွဲ့ခွဲ အရာရှိ ဦးသန်းဇော်ဦးက ပြောကြားလိုက်သည်။

အဆိုပါ လျှပ်စစ်မီး မရရှိသေးသည့် မဲရုံများမှာ တောင်ကြီးမြို့နယ်တွင် မဲရုံ (၄၁) ရုံ ၊ ညောင်ရွှေမြို့နယ် (၃၈) ရုံ ၊ ကလောမြို့နယ် ( ၅၀) ရုံ၊ ဖယ်ခုံ (၆၈) ရုံ နှင့် ရပ်စောက် ( ၄၂) ၎င်းတို့သည် လျှပ်စစ်မီး မရှိသည့် မဲရုံများ ဖြစ်ကြောင်း တောင်ကြီးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အရာရှိ ဦးသန်းဇော်ဦး ကပြောကြားလိုက်သည်။

ထို ပြောဆိုမှုသည် သြဂုတ် ၁၈ ရက်တွင် ပြုလုပ်သည့် တောင်ကြီးခရိုင် စီမံခန့်ခွဲမှုကော်မတီ မဲစာရင်းများ ပြည်စုံမှန်ကန်ရေး နှင့် COVID-19 ရောဂါ ကာကွယ်ရေး ညွန်ကြားချက်များနှင့်အညီ စနစ်တကျ မဲပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

“တောင်ကြီးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ခရိုင်အတွင်းမှာ ရှိတဲ့ ၅ မြို့နယ်မှာပေါ့။ ဆက်သွယ်ရေး မရတဲ့ မဲရုံတွေလည်း ရှိပါတယ်။ ဖုန်းလိုင်း လုံးဝ မရတဲ့ မဲရုံ နဲ့ လျှပ်စစ်မီး မရတဲ့ မဲရုံတွေလည်း ရှိပါတယ်” ဟု ဦးသန်းဇော်ဦး ကပြောသည်။

ထို မီးမရရှိသေးသည့် မဲရုံ နှင့် ဆက်သွယ်ရေးမရသည့် မဲရုံများသည် တောင်ကြီးခရိုင် အတွင်းရှိ မြို့နယ်(၅)မြို့နယ်မှ မဲရုံများဖြစ်ကြောင်းသိရသည်။

“ရွေးကောက်ပွဲနေ့မှာ မီးရရှိပြီးတော့ မှန်ကန်တဲ့ မဲရေတွက်မှုတွေဖြစ်အောင် သက်ဆိုင်ရာ ဝန်ကြီးဌာနများနဲ့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်” ဟု ဦးသန်းဇော်ဦး က ပြောသည်။

ကြိုတင် ဆန္ဒမဲ လက်မှတ်စာအိတ်များ သယ်ဆောင်ထားသိုခြင်း ပြန်လည် ထုတ်ယူစဉ်မှာလည်း လုံခြုံရေး ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း တောင်ကြီးခရိုင် ရွေးကောက်ပွဲ ခရိုင်အဖွဲ့ခွဲ အရာရှိ ဦးသန်းဇော်ဦး ကပြောသည်။

နယ်မြေအခြေအနေအရ လုံခြုံရေး မကောင်းသည့် မဲရုံများကိုလည်း တပ်မတော် နှင့်ရဲတပ်ဖွဲ့တို့က မဲလာရောက်ပေးသည့်သူများလုံခြုံအောင် ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

လာမည့် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သျှမ်းပြည်တွင်းရှိ မဲရုံပေါင်း (၃၅၀၀) ကျော်ထားရှိမည်ဖြစ်ကြောင်း သိရသည်။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...