“ဆရာဝန်လုပ်မယ့်သူတွေ ပေါ်ထွန်းလာခဲ့ရင် ဆရာတို့ကျန်းမာရေးစောင့်ရှောက်မှုတွေ မခက်ခဲတော့ဘူး။”

“ဆရာဝန်လုပ်မယ့်သူတွေ ပေါ်ထွန်းလာခဲ့ရင် ဆရာတို့ကျန်းမာရေးစောင့်ရှောက်မှုတွေ မခက်ခဲတော့ဘူး။”

နော်ဒွေးအယ်ခူ — ဆရာဝန်တွေအလုပ်လာမလျှာက်လို့ လစ်လပ်နေတဲ့ ဆေးရုံဆေးခန်းတွေကယားပြည်နယ်နယ်မှာ ၇၀ ကျော်ရှိပြီး ဆေးရုံဆေးပေးခန်းတွေမှာလည်းဖွဲ့စည်းပုံအတိုင်းကျန်းမာရေးဝန်ထမ်းတွေ မခန့်ထားနိုင်သေးတာ ရာကျော်ရှိနေပါသေးတယ်။ ဆေးရုံတွေမှာရှိနေတဲ့ ဓါတ်မှန်ထားရှိအခြေအနေတွေမှာလည်း သတ်မှတ်ထားတဲ့စံနှုန်းတွေပြည့်မှီတာတွေမရှိသေးပါဘူး။

ဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ ကယားပြည်နယ်လွှတ်တော်ထဲမှာ ပြည်နယ်စာရင်းစစ်ချုပ်က ၂၀၁၈ ခုနှစ် စက်တင်ဘာလအထိ စစ်ဆေးတွေ့ရှိချက်တွေကို တင်ပြခဲ့ပါတယ်။

လက်ရှိ COVID-19 ကာလမှာ ဘယ်လိုအခြေအနေတိုးတက်ပြောင်းလဲနေပြီလဲ ဆိုတာနဲ့ ပတ်သက်လို့ ကယားပြည်နယ် ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဌာနမှူး ဒေါက်တာဌေးလွင်ကို တွေ့ဆုံမေးမြန်းထားတာ ကောက်နုတ်တင်ပြလိုက်ပါတယ်။

ကယားပြည်နယ် ပြည်နယ်ကျန်းမာရေနှင့် ကုသရေးဌာနမှူး ဒေါက်တာဌေးလွင်

မေး ။ ။ တိုက်နယ်ဆေးရုံတွေမှာ အရေးပေါ်လူနာတွေကို ဘယ်လိုတွေစီစဉ်ဆောင်ရွက်ထားတာရှိပါသလဲ။

ဖြေ။ ။ ဆရာတို့တိုက်နယ်ဆေးရုံအားလုံးတွေမှာတော့ ခုနက ပြောတဲ့ ambulance လို့ခေါ်တဲ့ အရေးပေါ်ကိုယ်ပိုင်ဆေးရုံကားလည်းမရှိကြဘူး။ ဆရာတို့ရဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ တိုက်နယ်ဆေးရုံတွေမှာ ambulance ကားချပေးနိုင်တာမရှိဘူး။ မြို့နယ်ဆေးရုံအားလုံးကတော့ ရှိတယ်။ အရေးပေါ်လိုလာရင် တိုက်နယ်ဆေးရုံကနေ မြို့နယ်ဆေးရုံကိုဖုန်းလမ်းဆက်ပြီး ကျန်းမာရေးဌာနက ကားတွေလာနိုင်သလို၊ လူမှုရေးကားတွေ ကလည်း ရှိတယ်။ သူတို့ ရပ်ကျေးကထောင်ထားတဲ့ ကားတွေနဲ့လည်း ဒီလူနာတွေ ရွှေ့ပြောင်းလို့ရပါတယ်။

မေး ။ ။ ဆေးရုံးတွေမှာကော တိုက်နယ်ဆေးရုံတွေမှာကော ကျန်းမာရေးဝန်ထမ်း ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ သူနာပြုအနေနဲ့ဆို ကယားတစ်ပြည်နယ်လုံး ကုသရေးကနေစမှာပေါ့ ၅၉၇ ဦးဆရာတို့ခန့်ပိုင်ခွင့်ရှိပါတယ်။ ၄၂၂ဦးခန့်ထားတော့ ၁၇၅ လစ်လပ်ပေါ့။ ပြောရရင် မြို့နယ်အားလုံးနဲ့ တိုက်နယ်အားလုံး သူနာပြုဆရာမတွေ အားလုံးနီးနီးရှိတယ်။ လစ်လပ်တာက လွိုင်ကော် ပြည်သူ့ဆေးရုံ လွိုင်ကော် ပြည်သူ့ဆေးရုံကလည်း လစ်လပ်တယ်ဆိုပေမယ့် ဆရာမပေါင်း ခန့်ထားခွင့်ရှိနိုင်တာ သုံးရာလောက်ရှိတယ်။ အဲဒီမှာဆို ၄၁၆ ဦးခန့်ထားခွင့် ရှိတာကို ၂၇၁ ဦးခန့်ထားနိုင်တယ်။ လစ်လပ်တာ ၁၄၅ ဦး၊ ၁၄၅ ဦးလစ်လပ်တာက အများဆုံးကတော့ အနီရောင်ဝတ်တဲ့ဆရာမပေါ့။ ပထမဆုံးအငယ်ဆုံးသူတွေလစ်လပ်တယ်။ သူ့အထက်က အပြာဝတ်တွေကတော့ လစ်လပ်တဲ့နေရာ ၈ နေရာရှိတယ်။ နေပြည်တော်မှာ ပြန်တင်ချင်တဲ့ ဒေသခံပြည်သူတွေယောက် ၃၀ လောက်ရှိတယ်။ ဒီကလူလည်း ရာထူးတိုးပဲလိုချင်တယ်။ အဲဒီတော့ သူနာပြုသင်တန်းကျောင်းက မွေးထုတ်လိုက်တဲ့ သင်တန်းသူတွေက နောက်ထပ်ခန့်ဖို့ရှိနေပါသေးတယ်။ ဒါတွေပြည့်သွားမှာပါ။ သူနာပြုကတော့ တခြားတိုင်းနှင့်ပြည်နယ်ထက်စာရင် တိုင်းထက်အလွန်အများကြီး ခန့်ထားနိုင်တာရှိတယ်။

မေး ။ ။ အလှမ်းဝေးတဲ့ ကျေးလက်ဒေတွေဘက်မှာလည်း ဆရာ/မ မလုံလောက်တာတွေရှိတယ်လို့ကြာပါတယ်။ တချို့ကလည်း အဆောက်အဦးပဲရှိပြီးတော့ ဝန်ထမ်းမခန့်ထားနိုင်တာတွေရှိတယ်လို့ကြပါတယ်။ ဒါတွေကို ဘယ်လိုစီမံဆောင်ရွက်ထားပါသလဲ။

ဖြေ။ ။ အဲဒါကလွန်ခဲ့သော ၂၀၁၈ စာရင်းစစ်အစီရင်ခံစာဖြစ်တယ်။ အခုချိန်မှာအဲဒီဌာနတွေမှာ တစ်ပြည်နယ်လုံးရဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲက ၁၂၀ ရှိပါတယ်။ တစ်နေရာပဲလစ်လပ်ပါတယ်။ ကျန်တာ ၁၉၉ နေရာ ဆရာမတွေအကုန်ရှိပါတယ်။ လစ်လပ်တယ်ဆိုတာကလည်း လွတ်နေတာမဟုတ်ဘူး။ သားဖွားဆရာမတွေက သူတို့တွေ သူနာပြု သင်တန်းတွေ သွားတက်နေရာတကြောင့် ၂၈ ဦးရှိတယ်။ ကျန်းမာရေး ကြီးကြပ် (၂)တွေကတော့ နည်းနည်းလစ်လပ်တာလေးတွေတော့ရှိပါတယ်။ ဒါတွေ ၄၀ လောက်ရှိပါတယ်။ လတ်တလော သင်တန်းတွေမပေးနိုင်သေးတာကြောင့် ကြီးကြပ် (၂)တွေကို မခန့်ထားနိုင်သေးတာပါ။

မေး ။ ။ ကျန်းမာရေးဆေးခန်းတွေ၊ ဆေးရုံတွေမှာလည်း ဆေးဝါးတွေမလုံလောက်တာနဲ့ ပတ်သက်လို့ ဘယ်လိုတွေ အခြေအနေရှိပါသလဲ။

ဖြေ ။ ။ ဆေးတွေကတော့ ဆေးတွေမလုံလောက်ဘူးဆိုတာက ဆရာတို့တိုင်းပြည်က တခြားချမ်းသာတဲ့နိုင်ငံတွေထက်စာရင်တော့ ပြည်သူလူထုကို အခမဲ့ဆေးပေးတယ်။ ဘယ်တိုင်းပြည်ဘယ်နိုင်ငံမှဆေးဝါးတွေ အခမဲ့ပေးတာ မရှိသလောက်ပါပဲ။ ရှိတဲ့နိုင်ငံလည်းနည်းနည်းပဲရှိတယ်။ အဲဒီတော့ အလုံအလောက်ပေးတယ်။မပေးဘူးဆိုတာက တချို့နေရာတွေမှာကတော့ ဆေးဝါးတွေအခမဲ့ပေးတယ်ဆိုတဲ့နေရာမှာဆရာတို့က လူတိုင်း လက်လမ်းမှီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုရရှိဖို့သွားနေတယ်။ သွားနေတဲ့အခါမှာ အားလုံးကိုက အခမဲ့ဆိုရင် ဆရာတို့ ဘယ်နှစ်ငံမှမရှိဘူး။ သူ့ဟာသူထိုက်သင့်တဲ့ဟာ မျှပြီးတော့ စရိတ်စက ကျခံပေးရတယ်။ မျှပြီးတော့ ကျခံပေးရတဲ့အထဲမှာ လူတိုင်းလက်လမ်းမှီပြီးတော့ လက်လမ်းမှီသောကျန်းမာရေးစောင့်ရှောက်မှုဆိုတာ ပြည်သူလူထုပူးပေါင်းပါဝင်ပြီးတော့ ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုက သူတို့လိုအပ်တဲ့အခါမှာ ဆရာတို့က ပေးနိုင်အောင်ဆောင်ရွက်တယ်။ ဆောင်ရွက်တဲ့အခါမှာ ဘာတွေလိုအပ်လဲဆိုရင် အဓိက အရေးကြီးတဲ့ အဆောက်အဦးတွေ ဆရာတို့ငါးနှစ်တာကာလမှာဒီ တည်ဆောက်မှုနဲ့ပတ်သက်လို့ ဆရာတို့ဒီ ငွေလုံးငွေရင်းနဲ့ဆောက်တာတွေသည် တစ်နှစ်ကိုသန်းလေးထောင်ငါးထောင်အဖြစ် ဆရာတို့ဆောက်ပေးခဲ့တယ်။ အဆောက်အဦးပိုင်းမှာတော့ ပြည့်စုံလုံလောက်သလောက်ရှိနေပါပြီ။ လူ့အရင်းအမြစ်နဲ့ ငွေပေါ့ ဘတ်ဂျက်ပဲလိုပါတယ်။

မေး။ ။ ပြည်သူ့ဆေးရုံမှာဓါတ်မှန်ခန်းနဲ့ ဓါတ်မှန်စစ်ဆေးမှု တင်ပြထားတဲ့အစီရင်ခံစာမှာလိုအပ်ချက်တွေရှိနေတာကြားသိရတာပေါ့၊ လက်ရှိအခြေအနေမှာကောအဲလိုရှိသေးလဲ။

ဖြေ။ ။ဓါတ်မှန်ခန်းတွေကဆရာတို့ပြောရမယ်ဆိုရင် ဓါတ်မှန်နဲ့ပတ်သက်တဲ့ စံသတ်မှတ်ချက်ပေါ့ အဲဒီမှ ဆေးရုံစစ်ဆေးနေတယ် ဓါတ်မှန်တစ်ခုရဲ့ စံသတ်မှတ်ချက်ကဒီအခန်းသည် ဓါတ်မှန်ဆိုတာဓါတ်ရောင်ခြည်နဲ့ ဓါတ်ရောင်ခြည်ကပြင်ပကိုလွင့်ပျံစေပြီးတစ်ခြားသူကို အန္တရာယ်မဖြစ်စေရန် အဆောက်အဦးသည် ၉လက်မအုတ်ရိုးနဲ့ဖြစ်ရမယ်။ ဓါတ်မှန်ခန်းမှာရှိတဲ့ တံခါးတွေမှာခဲပြားတပ်ရမယ်။ ဓါတ်မှန်ခန်းတွေ အလုံပိတ်ဖြစ်ရတဲ့အတွက် အဲကွန်းတပ်ရမည်။ အဓိကစံသတ်မှတ်မဖြစ်ဘူးတဲ့အခါတစ်ချို့ ဓါတ်မှန်ခန်းတွေကျတော့ ခဲပြားမပါဘူး ၉ လက်မအုတ်ရိုးတွေတော့ရှိတယ်။ တစ်ချို့ ဓါတ်မှန်ခန်းတွေကအဲကွန်းတွေမရှိဘူးအဲဒါကဟိုတုန်းကဆေးရုံတွေဆောက်ခဲ့တဲ့ခါကြတော့ အဲဒီဟာတွေ စံကိုက်ဖြစ်အောင် ဆရာရောက်လာတဲ့ခါကျတော့ စာရင်းစစ်တွေဆီကတင်ပြပြီးတော့ တောင်းခံထားတယ်။ တစ်ချို့ဟာတွေ ဓါတ်မှန်ခန်းတွေ စံပြဖြစ်ပြီးတစ်ချို့ဟာကျတော့ မဖြစ်သေးဘူးအဲဒီထဲမှာမှ တစ်ခါ ဟိုယာဆေးရုံဆိုရင် ဆရာတို့ကဟိုဆောက်ထားခဲ့တာကလွန်ခဲ့သောနှစ်(၃၀) က ဆောက်ခဲ့တယ်။ အဲဒီမှာခွဲစိတ်ခန်းမပါဘူး။ ဓါတ်မှန်ခန်းသီးသန့် မပါဘူး ။ မပါတဲ့ခါ ဆရာဝန်လည်း ပြတ်တောက်ပြတ်တောက် ဖြစ်တဲ့ခါကျတော့ ဓါတ်မှန်ရိုက်စက်ရှိပြီးဓါတ်မှန်ရိုက်ဖို့လူလည်းလိုတယ်။ ဓါတ်မှန်ကြည့်ဖို့လူလည်းလိုတဲ့ခါကျတော့ အဲဒီမှာဓါတ်မှန်စက်တော့ မရှိဘူး။ နောက်တစ်ခါ ရွာသစ်ဆေးရုံကိုကျေးလက်ကျန်းမာရေးဌာနကိုတိုးပြီးဆောက်ထားတဲ့ဆေးရုံဖြစ်တယ်။ တိုးချဲ့ထားတဲ့ ဆေးရုံးဖြစ်တဲ့အတွက်ကြောင့် သူ့မှာဓါတ်မှန်မပါဘူး။ ဒီကနေတော့ လိုအပ်ချက်တွေ ကိုဆရာတို့ကလည်းတင်ပြတောင်းထားတယ်။ အဓိကတော့ ကျန်တဲ့ လွိုင်ကော်ပြည်သူ့ဆေးရုံ ကြီးတု့ိ၊ မယ်စဲ့တို့ ၊ လိုခါးလိုတို့၊ ပန်တိန်းတို့ ဒီဟာတွေကိုတော့ ဆရာတို့ လိုအပ်တဲ့ဟာတွေကို ဖြည့်စွက်ပြီးတောင်းထားတယ်။ ပြင်စရာရှိတဲ့ဟာတွေကိုဆရာတို့ပြင်ပြီးပြီ ဖြစ်တယ်။ နောက်ဒီဘောလခဲမှာရှိတဲ့ ဘောလခဲဆေးရုံကိုတော့ ပြင်ပြီးသွားပြီ။ ဟိုယာကိုတော့ ဆရာတို့ ဓါတ်မှန် သေချာဆွဲပြီးတင်ထားတယ်။ ရွာသစ်ကျတော့ဆေးရုံတစ်ခုလုံးအသစ်ဆောက်ရမှာ ဖြစ်တဲ့ အတွက်ကြောင့် အဲကျရင်ဓါတ်မှန်လည်းပါမယ်။ အဲဒီတုန်းကစာရင်းစစ် အစီရင်ခံစာအရဆရာတို့ သီရီးဒါးတိုက်နယ်မှာဆိုရင် ဆရာတို့ဓါတ်မှန်စက်ကရှားတောကိုရောက်နေတယ်မတပ်ရသေးဘူးဆရာတို့ရောက်တဲ့ခါမှာ (၁၂)ရက် (၂)လပိုင်းမှာပြောင်းရွေ့တပ်ဆင်ပြီးပြီကျန်တဲ့ဆေးရုံတွေကိုလည်း အဲကွန်းတပ်ဖို့လိုတဲ့ဟာလည်းတပ်ပြီးပြီ။ တစ်ချို့ဆေးရုံတွေကျန်သေးတယ် ကျန်တဲ့ဟာကိုလည်းဆရာတို့ ဘတ်ဂျက်တင်ပြီးပြီတောင်ထားပြီပြောလည်းပြောထားပြီဒါမဲ့ဓါတ်မှန်စက်တွေကိုတပ်ဆင်ဖို့ဆိုရင် ကျွမ်းကျင်တဲ့ပညာရှင်တွေ လာရောက်ဆင်ပေးဖို့လည်းလိုတယ် တစ်ချို့ဟာလေးတွေ ပျက်တဲ့ဟာလေးတွေကို ပြင်သွားရင်တော့ ကောင်းမဲ့ဟာလေးတွေတော့ရှိတယ်။ အဲတော့ ဘတ်ဂျက်အနေနဲ့တော့သိပ်မခက်ဘူးဆေးရုံတွေ အကုန်လုံးဆင်းပြီးတော့ စံကိုက်ဖြစ်အောင် ဆရာတို့ စီစဉ်ဆောင်ရွက်ထားပြီဖြစ်ပါတယ်။

မေး။ ။ လိုအပ်ချက်တွေတင်ပြတဲ့ချိန်မှာဆရာတို့ဘယ်ချိန်တင်ပြခဲ့လဲ၊ အစီရင်ခံစာအရတော့ ၂၀၁၈ပေါ့နော၊ဘယ်အချိန်လောက်မှာရမယ်လို့ ဆရာတို့သိထားရသလဲ။

ဖြေ။ ။ အဲတာတော့ရတာကတော့ ဒီပြင်ရမယ့်ဟာတော့သိပ်မများဘူး၊ ခဲပြားတို့ဝယ်ရမည်ဆို့တော့ ဆရာကဒီနှစ်ထဲမှာဥပမာပန်တိန်းဆေးရုံမှာဆိုရင် ဒီနှစ်ပြင်ထိန်းငွေနဲ့ ဆရာတို့လုပ်ခဲ့ပြီးပြီ။ နောက်ဆေးရုံတစ်ရုံလည်းဆရာတို့ သီရီးဒါးလည်းပြင်ပြီးပြီ။ ကျန်တဲ့ဟာတွေဆိုရင်လာမည့်နှစ်မှာပြင်ထိန်းကျလာမှာကုန်ကျစရိတ်တွေကဆေးရုံတစ်ရုံကိုသိန်း(၂၀)(၃၀) လောက်ပဲကုန်မယ့်ဟာတွေကျတော့ လာမည့်နှစ်တွေမှာဆိုရင် ဆရာတို့ အဲကွန်းတွေတပ်ပြီးသားဖြစ်မှာပါ။

မေး။ ။ ဒီပြီးခဲ့တဲ့သလောမှာဆိုရင် ဒီပြည်နယ်မှာ ဆရာဝန်တွေခေါ်နေတာပေါ့ လာလျှောက်တဲ့သူကအရမ်းနည်းပါနေတဲ့အပေါ်မှာဆရာအနေနဲ့ဘယ်လိုမြင်လဲဒီအပေါ်မှာကော ပြည်နယ်အစိုးရအနေနဲ့ ဘာတွေဖြည့်ဆည်းပေးသင့်လဲ။

ဖြေ။ ။ ဒီပြည်နယ်ကြတော့ အဲလိုမျိုးတွေ သိပ်ပြီးတော့ တအားအဆင်မပြေတဲ့ခါကျတော့ တစ်ချို့ကလာဖို့ နည်းနည်းလေးလက်တွန့်ပြီးမလျှောက်ကြဘူးထင်ပါတယ်။ ဒါတော့ ဆရာတို့နိုင်ငံတွေရဲ့အခြေအနေပေါ့။ ဆရာတို့ဖွံ့ဖြိုးဆဲနိုင်ငံဆိုတော့ အားလုံးကလည်းလခလည်းဆရာတို့အစိုးရအနေနဲ့ ပေးနိုင်တဲ့ဘတ်ဂျက်အနေနဲ့ ပေးထားတဲ့ခါကျတော့ ဒီလခပေါ်မှာအတည်ပြုပြီးမဝင်ကြဘူးလို့ပဲဆရာအနေနဲ့ထင်ပါတယ်။ ဒါ့အပြင် တခြားပြင်ပမာအလုပ်အကိုင်အခွင့်အလမ်းတွေပိုရနိုင်တဲ့အတွက်ကြောင့် အခွင့်အလမ်းတွေ ရှိတဲ့ခါကြတော့ တစ်ချို့ကလာကြတာပေ့ါ ဆရာတို့အစိုးရအလုပ်ဌာနကိုဝင်ကျတဲ့သူတော်တော် များများတော့ ဘွဲ့လွန်တက်ချင်လို့ ဝင်ကြတဲ့လူတော်တော်များပါတယ် အတွေ့အကြုံရတော့လေ ။ ဒါမဲ့အဲတော့ပြောချင်တာကတော့ ဘွဲ့ရပြီးတဲ့ဆရာဝန်တွေ ဘွဲ့လွန်တက်ရဖို့ရယ်၊ ဆေးကုသတဲ့အတွေ့ အကြုံရဖို့ရယ် အစိုးရဆေးရုံမှာပဲပိုပြီးကောင်းပါတယ်လို့ ဆရာအနေနဲ့ ပြောချင်ပါတယ်။

မေး။ ။ ကျန်းမာရေးဝန်ထမ်းတွေ ဆရာ/မတွေလိုအပ်ချက်ရှိတဲ့အပေါ်မှာအစိုးရကိုဘာပြောချင်လဲ။

ဖြေ။ ။ အဓိကတော့ ဆရာတို့ဒီကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတို့ ဆိုတာကဆရာတို့ အတတ်ပညာရှင်တွေလည်းလုပ်ရမှာ ဖြစ်သလို ပြည်နယ်အစိုးရရဲ့ဦးဆောင်မှုအောက်မှာ ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ဖို့လိုတယ်။ ဥပမာ အခုသွေးလွန်တုပ်ကွေးဖြစ်ကြတယ်ဆိုတာက ခြင်ကိုက်လို့ဖြစ်တာကိုအဲဒီခြင်ကမိမိအိမ်ထဲမှာရှိတဲ့ ရေသန့် တွေမှာပေါက်တဲ့ခါကျတော့ ကိုယ့်အိမ်ထဲမှာရေလှောင်ကန်တွေမိုးမကျခင် ရေလှောင်ကန်တွေလိုက်ခပ်ကြတယ် ကျန်းမာရေးဌာနကလိုက်ခပ်ကြတယ်။ ဒါတော့ ရေလှောင်ကန်တွေပေါ့။ ဒီကြားထဲမှာအိမ်ခြံဝန်းထဲမှာ တစ်ချို့အိုးမောက် ခွက်လေးတွေရှိတယ် နို့ဆီခွက်တွေရှိတယ်၊ကျွတ်ကျွတ်အိတ်တွေရှိတယ် ဖော့ဗူးတွေရှိတယ်။ အဲဒီပေါ်တွေမှာရေတွေတင် အဲဒီထဲမှာသွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ခြင်တွေဟာလက်ဖက်ရည်ဇွန်း(၁)ဇွန်းလောက်မှာရေရှိရင်တောင်ပေါက်နိုင်တာမို့ ဒီဟာတွေကို ပြည်သူလူထုက ပူးပေါင်းပါဝင်မှု လိုအပ်တယ်။ ကိုယ့်အိမ်သန့်ရှင်းရေးရေတင်တဲ့နေရာတွေကောအဖုံးသုံးရမယ်။ ပန်းအိုးတွေ ရေလဲရမယ်။ ရေစည် ရေကိုင်းတွေမှာပိုးလောက်တွေရှိရင်ခပ်ထုတ်၊ပေးရမယ် အဲဒီအလုပ်တွေကို ပြည်သူလူထုတွေလုပ်ရမယ်။ နေရာတိုင်းမှာကျန်းမာရေးဝန်ထမ်းတွေ ရွာတိုင်းရှာတိုင်းမှာကျန်းမာရေးဆရာမမရှိဘူးကာကွယ်ဆေးထိုးသင့်တာတို့ ကိုယ်ဝန်ဆောင် တို့ သူတို့ရွာတွေကိုကွင်းဆင်းပြီးထိုးရတယ်။ ရွာမှာရှိတဲ့ ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေ ရပ်ကျေးဥက္ကဌတွေ ဒီပြည်သူလူထုက ပူးပေါင်းပါဝင်ပြီးဒီကျန်းမာရေးအသိနဲ့ ပူးပေါင်းပါဝင်မှ ကျန်းမာရေးစောင့်ရှောက်မှုကအောင်မြင်မှာဖြစ်ပါတယ်။

မေး။ ။ ဆရာအနေနဲ့ မေးသွားတဲ့ မေးခွန်းအပေါ်မှာထပ်ပြီးဖြည့်စွက်ပြောချင်ပါသေးလဲ။

ဖြေ။ ။ အဓိကကတော့ ဆရာတို့ကျန်းမာရေးစောင့်ရှောက်မှုပိုင်းဆရာတို့မြန်မာနိုင်ငံဖွံ့ဖြိုးဆဲနိုင်ငံလည်းဖြစ်တယ်။ ဆရာတို့ချမ်းသာတဲ့နိုင်ငံမဟုတ်တဲ့ခါကျတော့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကိုလုပ်ဖို့အခါမှာခုနပြောတဲ့ ဒီပြည်နယ်မှာမလျှောက်ကြတဲ့ခါ ဒီပြည်နယ်ကကလေးတွေ မွေးထုတ်လာတဲ့ ကျောင်းသူကျောင်းသားတွေ ဆရာဝန်တွေ သူနာပြုတွေ သူနာပြုတွေကတော့ အများချည်း ဖြစ်ကြပါတယ်။ ဆရာဝန်တွေဖြစ်နိုင်ဖို့ အဓိကဒါတွေကတော့အားလုံးဆက်နွယ်နေတယ်။ စီးပွားရေးလူမှုရေးတွေအားလုံးဆက်နွယ်ကြတဲ့ခါမှာ ဒီမှာရှိကြတဲ့တိုင်းရင်းသားအားလုံးကမွေးလာတဲ့ခါမှာအခြေခံပညာကိုအားလုံးသင်စေချင်တယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ကျောင်းတက်စေချင်တယ် ကျောင်းရဲ့အခြေခံပညာကိုတတ်ပြီးရင် ထိုက်သင့်သလောက် အဆင့်မြင့်ပညာတွေကိုဆက်ပြီးသင်စချင်တယ်။ တဖြည်းဖြည်းပညာရေးဖွံ့ဖြိုးမယ်။ နောက်တခါကျတော့ စာများများဖတ်ဖို့ လိုအပ်တယ်။ စာဖတ်မှ ဆရာတို့ အတွေ့အကြုံ ဗဟုသုတတွေများပြီးတော့ ပညာရေးဖွံ့ဖြိုးမယ် စာဖတ်တဲ့ခါမှာလူနေမှုထိုင်မှုဘဝကိုပိုပြီးသိမယ်၊အာဟာရဖွံ့ဖြိုးမှုကိုပိုပြီးနားလည်မယ် ကျန်းမာရေးဘယ်လိုလိုက်စားမလဲဆိုတာကိုပိုပြီးသိလာမယ်။ သိလာတဲ့ခါကျတော့ ဒီလူတွေ တဖြည်းဖြည်းနဲ့ အဆင့်တန်းမြင့်လာရင် ဆရာတို့ဒီမှာရှိတဲ့သူတွေဆိုရင် ကိုယ့်ပြည်နယ်ကို ဆရာဝန်လုပ်မယ့်သူတွေ ပေါ်ထွန်းလာခဲ့ရင် ဆရာတို့ကျန်းမာရေးစောင့်ရှောက်မှုတွေ မခက်ခဲတော့ဘူးအဲဒီလိုလုပ်ဖို့ဘာတွေ အရေးကြီးလဲဆိုတော့ ဆရာတို့ပြည်နယ်ရဲ့စီးပွားရေး ဖွံ့ဖြိုးမှုလိုအပ်တယ်။

Most read this week

May 17, 2024
ကရင်နီပြည် (ကယား) ဒေသခံ တွေအနေနဲ့ နိုင်ငံကူးလက်မှတ် ပြုလုပ်တဲ့နေရာမှာ ပြည်နယ်အစိုးရအဖွဲ့ (...
May 17, 2024
ကရင်နီပြည်မှာ ပညာရေးအခွင့်အလမ်းကို ဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ဆေးဝါးဆိုင်ရာ...
May 16, 2024
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ဥက္ကဌ ခူဦးရယ် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့...
May 15, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာအနီးမှာ တည်ရှိတဲ့ စစ်ကောင်စီရဲ့   (ခလရ...