ကျောက်မဲ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းသွားလမ်း အရပ်သား တဦးသေနတ်ပစ်ခံရ

ကျောက်မဲ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းသွားလမ်း အရပ်သား တဦးသေနတ်ပစ်ခံရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အထက်ရဲရွာရေအားလျှပ်စစ် စီမံကိန်းသွားရာလမ်းတွင် အမည်မသိ လက်နက်ကိုင်မှ သေနတ်ပစ်ခတ်မှုကြောင့် အမျိုးသားတဦး ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ် ၁၅ ရက် ည ၈နာရီက ကျောက်မဲမြို့နယ် ရေအားလျှပ်စစ် စီမံကိန်းဘက်အသွားလမ်း လွယ်စောင့်အုပ်စု ကုန်းညောင်ရွာ အနီးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့ ၅ ဦး က ဒေသခံ၃ ဦးစီးနင်းလာသော အဖြူရောင် Mark-2 ကားကိုတားဆီးရာ၊ ကားမရပ်ပေးသည့်အတွက် လက်နက်ငယ်ဖြင့် ၁၀ ချက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို အဖြူရောင် Mark-2 ကားပေါ်တွင် အသက် (၃၀) အရွယ်ရှိ ယာဉ်မောင်း ဦးမျိုး၊ အသက် ၄၀အရွယ် ဦးအိုက်စော နှင့် အသက် ၂၃နှစ် အရွယ် စိုင်းနေဦးတို့စီးနင်း လိုက်ပါလာသည်ဟုသိရသည်။

“ကားတားတာ မရပ်ပေးလို့ သေနတ်နဲ့ ၁၀ ချက်ပစ်လိုက်တာ။ အဲ့ထဲက ဦးအိုက်စော ကိုပဲထိမှန်ခဲ့တာ။ ဂျိုင်း အောက်နားမှာ ဖောက်ဝင်ဒဏ်ရာက မစိုးရိမ်ရဘူး။ အခု ကျောက်မဲဆေးရုံမှာပါ” ဟု ကျောက်မဲမြို့ ဇီဝိတ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင်မောင်သိန်းက ပြောသည်။

သေနတ်ပစ်ခံရသည့် ဦးအိုက်စော သည် ယာဖက်ဂျိုင်းအောက် ဖောက်ဝင်ဒဏ်ရာတချက်၊ ယာဖက် လက်မောင်းဖောက်ဝင် ဒဏ်ရာတချက် ရရှိထားပြီး၊ စိုးရိမ်ရသည့်အခြေအနေမဟုတ်ကြောင်း ဦးတင်မောင်သိန်းက ဆိုသည်။

သေနတ်ပစ်ခံရသူများသည် သြဂုတ် ၁၅ ရက်တွင် တောင်ခြေကျေးရွာ ဦးအိုက်စော၏ နေအိမ်တွင် ညအိပ်ပြီး၊ သြဂုတ် ၁၆ ရက် မနက် ၁၀ နာရီခွဲ ဝန်းကျင်ကမှ ကျောက်မဲပြည်သူ့ဆေးရုံသို့ ရောက်ရှိလာ ကာ ဆေးကုသခံကြောင်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်းကျောက်မဲခရိုင်အတွင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရ တပ်မတော် လှုပ်ရှားသည့် နယ်မြေ တခုဖြစ်ပြီး၊ ထိုဒေသတွင် အရပ်သားများ မကြာခဏ သေနတ်ပစ်ခံကြရသည်။ သို့သော် တရားခံ တကြိမ်တခါမျှ မမိခဲ့ ပေ။

January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...
January 8, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့်...