မြန်မာနိုင်ငံရွေးကောက်ပွဲအတွက် ဂျပန်နိုင်ငံနှင့် UNDP မှ ရွေးကောက်ပွဲမင်များ ထောက်ပံ့မည်

မြန်မာနိုင်ငံရွေးကောက်ပွဲအတွက် ဂျပန်နိုင်ငံနှင့် UNDP မှ ရွေးကောက်ပွဲမင်များ ထောက်ပံ့မည်

ဂျပန်နိုင်ငံ၏ ယန်းငွေ ၁၈၁ သန်းထောက်ပံ့ငွေဖြင့် ၂၀၂၀ခုနှစ် ရွေးကောက်ပွဲတွင် အသုံးပြုရန် ရွေးကောက်ပွဲ မှင်များကို ဂျပန်နိုင်ငံနှင့်ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)တို့မှပူးပေါင်းကာ ထောက်ပံ့ပေးသွား မည်ဖြစ်သည်။

ယင်းသို့ ရွေးကောက်ပွဲမင်များ ထောက်ပံ့ရန် သြဂုတ်လ ၁၄ရက်က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ မာရူရာမာအီချီယိုနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ ဒုတိယဌာနေ ကိုယ်စားလှယ် မစ္စဒေါန်းဒယ်လ်ရီယိုတို့က နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီး ၎င်းလက်မှတ်ရေးထိုးမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဗီဒီယိုကွန့်ဖရင့်မှတဆင့် ပါဝင်တက်ရောက်ခဲ့သည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်း၍ ဆန္ဒမဲပေးသူတို့၏ လက်သန်းတွင် တို့ပေးရသည့် ရွေးကောက်ပွဲသုံးမင်ပုလင်း ၁၁၃၀၀၀ ကို ထောက်ပံ့ပေးသွားမည်ပြီး ယင်းမှင်များတွင် Silver Nitrate ၂၀ ရာခိုင်နှုန်း ပါဝင်သည့်အတွက် နိုင်ငံတကာစံသတ်မှတ်ချက်နှင့် ကိုက်ညီကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုလို ထောက်ပံ့ခြင်းသည် လွပ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန်ရည်ရွယ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာမာရူရာမာအီချီယိုက ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

 “ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် ကူးပြောင်းရေးအတွက် ဆယ်စုနှစ်နှင့်ချီ၍ ကူညီပံ့ပိုးလာခဲ့ပါ ကြောင်း၊ ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်အတွက် အဓိကကျသော အစိတ်အပိုင်းတစ် ခုဖြစ်ပါကြောင်း၊ ယခုပံ့ပိုးကူညီမှုမှတစ်ဆင့် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံအကြား ခိုင်မာလေးနက်သည့် မိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဆိုသည်ကို ထပ်မံအတည်ပြု လိုကြောင်း” ဟု  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာမာရူရာမာအီချီယိုက ပြောကြားခဲ့သည်။

ကုလသမ္မဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၏ ဒုတိယဌာနေကိုယ်စားလှယ် မစ္စဒေါန်းဒယ်လ်ရီယိုကလည်းအထွေထွေရွေးကောက်ပွဲများကျင်းပပြုလုပ်ခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည့် လုပ်ငန်းစဉ်တွင် အလွန်အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြောခဲ့သည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ဂျပန်နိုင်ငံတို့သည် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ တွင်လည်း ရွေးကောက်ပွဲကျင်းပရာတွင် လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များ စေလွှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...