သရုပ်ဆောင် ချစ်သုဝေနှင့် ဖခင်အပေါ် စွဲဆိုထားသည့်အမှု အရှေ့ပိုင်းခရိုင်တရားရုံးက ထပ်မံပယ်ချ

သရုပ်ဆောင် ချစ်သုဝေနှင့် ဖခင်အပေါ် စွဲဆိုထားသည့်အမှု အရှေ့ပိုင်းခရိုင်တရားရုံးက ထပ်မံပယ်ချ

သရုပ်ဆောင်ချစ်သုဝေနဲ့ ဖခင်ဖြစ်သူတို့အပေါ် ရှေ့နေဦးအေးပိုင်က တရားရုံးဦးတိုက်စွဲဆိုထားတဲ့အမှုနဲ့ပတ်သက်ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက  ဩဂုတ်လ ၁၄ ရက်နေ့ရုံးချိန်းမှာ တရားရုံးကျင့်ထုံး ဥပဒေပုဒ်မ ၂၃၃ အရ ထပ်မံပယ်ချ လိုက်ပါတယ်။

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက တရားရုံးကျင့်ထုံး ဥပဒေပုဒ်မ ၂၃၃ အရ လက်ရှိစွဲဆိုထားတဲ့အမှုဟာ သီးခြားစီဖြစ်ရပ်ဖြစ်နေတဲ့အတွက် အမှုကိုတပေါင်းတည်းစွဲဆိုလို့မရတာကြောင့် အမှုကိုပယ်ချလိုက်တာဖြစ်တယ် လို့ တရားလိုဖြစ်သူ ရှေ့နေ ဦးအေးပိုင်က ပြောပါတယ်။

“ဒီနေ့အမိန့်ချတာကတော့  ကျင့်ထုံးဥပဒေပုဒ်မ ၂၃၃ အရ ဒါဟာ သီးခြင်းစီဖြစ်ရပ်ဖြစ်တဲ့အတွက် ဒါဟာ တပေါင်းတည်း စွဲလိုမဖြစ်ဘူး။ အောက်ရုံအတိုင်းပဲ ပလပ်လိုက်တဲ့သဘော။ ဒီအမှုကို အောက်ရုံးအတိုင်းပဲ ပလပ်လိုက်ပါတယ်။” ဟု တရားလိုဖြစ်သူ ရှေ့နေ ဦးအေးပိုင်က တရားခွင်အပြီးတွင် သတင်းထောက်တွေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီကားချပ်ရဲ့ နဖူးအလည်မှာ ဥဏ္ဏလုံမွှေးရှင်တော် သင်္ကေတကို ထည့်သွင်းရေး ဆွဲထားတဲ့အတွက် သာသနာကိုညိုးနွမ်းစေတယ်ဆိုပြီး အမျိုးသားရေးအဖွဲ့ရဲ့ရှေ့နေဦးအေးပိုင်က တရားလိုလုပ်ပြီး သရုပ်ဆောင်ချစ်သုဝေနဲ့ သူရဲ့ဖခင်တို့ကို  ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့မှာ သသာနာညိုးနွမ်းစေမှုပုဒ်မနဲ့ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထား တရားစွဲဆို ခဲ့တာဖြစ်ပါတယ်။

တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး သင်္ဃန်းကျွန်မြို့နယ်တရားရုံက ဇူလိုင်လ ၉ ရက်နေ့မှာပြုလုပ်တဲ့ တရားရုံးချိန်းမှာ တော့ အမှုကိုပယ်ချခဲ့ပါတယ်။

အဲဒီနောက် တရားလိုဖြစ်သူ ရှေ့နေဦးအေးပိုင်က ရန်ကုန်အရှေ့ပိုင်ခရိုင်းတရားရုံးမှာ အမှုကို ဆက်လက် ဦးတိုက်လျှောက်ထားခဲ့တဲ့အတွက်  ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့မှာ နှစ်ဖက်ရှေ့တွေရဲ့ လျှောက်လဲချက်ကို တရားရုံးကကြားနာခဲ့ပြီး ဒုတိယအကြိမ်ရုံးချိန်းမှာတော့ ခရိုင်တရားရုံးက အမှုကို ထပ်မံပယ်ချလိုက်တာလည်း ဖြစ်ပါတယ်။

တရားရုံးကျင့်ထုံး ဥပဒေပုဒ်မ ၂၃၃ဟာ အမှုတစ်ခုချင်းစီလိုက် သီးခြားခွဲ၍ စွဲဆိုရမည့်ပုဒ်မဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အခုလို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက အမှုကိုပယ်ချလိုက်တဲ့အတွက် မြို့နယ်တရားရုံးမှာ အမှုတစ်ခုချင်း စီအလိုက် တရားစွဲဆိုနိုင်ဖို့အတွက် အစည်းဝေးညှိနှိုင်းပြီးမှ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ရှေ့နေ ဦးအေးပိုင်က ပြောပါတယ်။

“အမှုက မပြီးသွားပါဘူး။ ခရိုင်တရားရုံးက ၂၃၃ နဲ့ ညွန်းပြီးတော့ ပလပ်တဲ့အတွက် ကျွန်တော်တို့ဟာ ချစ်သုဝေအကောင့်ပိုင်ရှင်နဲ့ ဇော်ဝင်းအကောင့်ပိုင်ရှင်ကို ၃ ကြိမ်ခွဲပြီးတော့ တရားစွဲရမယ့် အနေအထားဖြစ်သွားပါတယ်။  ၃ ခုစီခွဲပြီး စွဲတဲ့အခါ ချစ်သုဝေနဲ့ ဦးဇော်ဝင်းတို့ဘက်က နစ်နာတာပေါ့။ ၃ မှု ဖြစ်သွားမှာလေ။ ကျွန်တော်တို့က စုပေါင်း အစည်းဝေးတစ်ခုပြုလုပ်ပြီးမှ ဘာဆက်လုပ်ကြမလဲဆိုတာကို ညှိနှိုင်းကြမှာ ဖြစ်ပါတယ်။” ဟု ဦးအေးပိုင်က ပြောပါတယ်။

ဒီကနေ့ရုံးချိန်းမှာတော့ တရားစွဲဆိုသူဘက်က  ရဟန်းသံဃာအချို့နဲ့ အမျိုးသားရေးလှုပ်ရှားတဲ့ လူပုဂ္ဂိုလ် တချို့က တရားရုံးရှေ့မှာ လာရောက်ဝန်းရံခဲ့ကြတာကို တွေ့ရပါတယ်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...