စက်လှေခိုးမှုနှင့် ရဲအချုပ်မှာ ရှိနေစဉ် သေဆုံးသွားသည့်ကိစ္စနှင့်ပတ်သက်ပြီး မြင်းကကုန်းနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ကို စုံခုံဖွဲ့စစ်ဆေးနေ

စက်လှေခိုးမှုနှင့် ရဲအချုပ်မှာ ရှိနေစဉ် သေဆုံးသွားသည့်ကိစ္စနှင့်ပတ်သက်ပြီး မြင်းကကုန်းနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ကို စုံခုံဖွဲ့စစ်ဆေးနေ

စက်လှေခိုးမှုစွပ်စွဲချက်ဖြင့် ရဲအချုပ်မှာ အချုပ်ခံနေစဉ်သေဆုံးသွားသည့် ဘိုကလေးမြို့နယ် မြင်းကကုန်းနယ် မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကို စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး စစ်ဆေးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောသည်။

သေဆုံးသွားသူမှာ အသက် ၂၇နှစ်အရွက် ကိုကျော်သက်ဦးဖြစ်ပြီး သြဂုတ်လ ၆ရက်က စက်လှေခိုးမှုနှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးပြီးနောက် တရားလိုက အမှုပိတ်ခဲ့သော်လည်း ဆက်လက်ထိန်းသိမ်းထားစဉ်အတွင်းမှာ သေဆုံးခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး ထွန်းရွှေက “သူ့ဖာသာသူသေတာလား၊ ဘယ်သူလုပ်လဲသေတာလည်းဆိုတာကတော့ ဆရာဝန်မှ သိမယ်။ ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး တော့ စစ်ဆေးနေတာရှိတယ်။ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီးတော့ စစ်ဆေးနေပါတယ်။ အခုကတော့ စစ်ဆေးဆဲ ကာလဖြစ်နေပါတယ်။” ဟု မဇ္ဈိမသို့ပြောသည်။

လက်ရှိ ကိုကျော်သက်ဦးသေဆုံးမှုနှင့် ပတ်သက်ပြီး မြင်းကကုန်နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၄ဦးလောက်ကို စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

စစ်လှေခိုးမှုနှင့် ဖမ်းဆီးသွားသည့် သြဂုတ်လ ၆ရက်မှစပြီး မိသားစုဝင်တွေအနေဖြင့် ရဲစခန်းအချုပ်ကို သွားရောက်တွေ့ပေမယ့် တွေ့ခွင့်မရဘဲ အစားအသောက်များကိုသာ ပေးပြီးပြန်လာရကြောင်း သေဆုံးသွားသူ၏ ဖခင်ဖြစ်သူ ဦးဇင်း ဦးဇဝနက မိန့်သည်။

ဦးဇင်း ဦးဇဝနက “ စစ်မှန်သောလမ်းစဉ်ကိုလိုချင်တယ်။ စစ်မှန်သောလမ်းကြောင်းကို လိုချင်တယ်။ မိဘတစ်ယောက်အနေနဲ့ သားတစ်ယောက်တောင်ဆုံးရှုံးသွား ရပြီ။ မသေခင်ကလည်းမတွေ့ရဘူး။ သေသွားတဲ့အချိန်မှာလည်းသေသေချင်းတောင်မတွေ့ရဘူး။ ခံစားချက်တော့ရှိတာပေါ့။ သေတဲ့အချိန်မှာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ဆိုတော့ ကျွန်တော်တို့ရင်ထဲမှာ ဘယ်လိုမှ ဖြေသိမ့်လို့မရဘူး” ဟု မဇ္ဈိမကို ပြောသည်။

ကိုကျော်သက်ဦး၏ ရုပ်အလောင်းကို မြင်းကကုန်းသုဿန်မှာ သြဂုတ်လ ၁၁ရက် နံနက်ပိုင်းမှ မြေမြုပ်သဂြိုလ်ခဲ့ကြောင်း သိရသည်။

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီမှ ဦးဇော်ရမ်းကတော့ နိုင်ငံတော် သမ္မတအပါအဝင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတို့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုကို တိုင်ကြားသွားမည်ဖြစ်ကြောင်း မဇ္ဈိမသို့ ပြောသည်။

ပြည်ထဲရေး ဝန်ကြီးဌာနအနေနဖြင့် ၂၀၂၀ ခုနှစ်အတွင်းမှာ ရဲအရာရှိအဆင့် ၂၈၁၇ဦးနှင့် အခြားအဆင့် ၆၇၃၀ ဦးကို အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ အစိုးရလေးနှစ်တာကာလအတွင် ဆောင်ရွက်ပြီးစီးအခြေအနေ သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းထားသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...