အကျဉ်းထောင်တွင်းမှ တက္ကသိုလ်ဝင်တန်း‌အောင်မြင်သူ ၆၀ ရာခိုင်နှုန်းကျော်ထိ မြင့်တက်

အကျဉ်းထောင်တွင်းမှ တက္ကသိုလ်ဝင်တန်း‌အောင်မြင်သူ ၆၀ ရာခိုင်နှုန်းကျော်ထိ မြင့်တက်

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အကျဉ်းထောင် ၁၁ ခုက အကျဉ်းသူ၊ အကျဉ်းသား စုစုပေါင်း ၁၇၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၁၀၈ ဦး အောင်မြင်ခဲ့ကြောင်း မြန်မာနိုင်ငံအကျဉ်းဦးစီးဌာနက သိရသည်။

အကျဉ်းထောင် ၁၁ ခုမှ ထောင်တွင်းဖြေသူများ၏ ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းမှာ ၆၀ ဒသမ ၆၇ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်  ၅၄ ဒသမ ၉၇ ရာခိုင်နှုန်းထိ ရှိခဲ့သည်။

အင်းစိန်ဗဟို အကျဉ်းထောင် စာစစ်ဌာနတွင် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ၈၅ ဦးအနက် အောင်မြင်သူ ၅၈ ဦးရှိခဲ့ရာ အောင်ချက်ရာခိုင်နှုန်းမှာ ၆၈ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင် ဦးစီးဌာန တာဝန်ရှိ အရာရှိတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ အင်းစိန်ထောင်က ဒီနှစ် ၈၅ ယောက် ဖြေပါတယ်။ အောင်တဲ့လူကတော့ ၅၈ ဦးရှိပါတယ်။ အောင်ချက်ရာခိုင်နှုန်းကတော့ ၆၈ ဒသမ ၂၃ ရှိပါတယ်။” ဟု အဆိုပါ အရာရှိက ပြောသည်။

အင်းစိန်ဗဟိုအကျဉ်းထောင်မှ အောင်မြင်သူ ၅၈ ဦးထဲတွင် တစ်ဘာသာ ဂုဏ်ထူးရှင် ၂၄ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၆ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၃ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၁ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၂၄ ဦး ရှိခဲ့သည်။

ယခုနှစ် ထောင်တွင်းဖြေဆိုမှု အောင်မြင်သူများထဲတွင် မူးယစ်ဆေးဝါးအမှု၊ လူသတ်မှု၊ ခိုးမှုနှင့် မုဒိန်းမှုတို့ကြောင့် အကျဉ်းခံနေရသူများ ပါဝင်သည်။

အကျဉ်းဦးစီးဌာန၏ အစီအမံတစ်ရပ်အနေဖြင့် ထောင်တွင်းဖြေဆိုမည့် ကျောင်းသူကျောင်းသားများကို တခြားအလုပ်မခိုင်းစေဘဲ ပြင်ပဘော်ဒါဆောင်များအတိုင်း စာကျက်ချိန်ပုံမှန်ပေးပြီး စာသင်ကြားပေးခဲ့ကြောင်း သိရသည်။

ယခင်နှစ်က ထောင်တွင်းဖြေဆို၍ အောင်မြင်သူများကို သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခြင်း၊ အောင်မြင်မှုအလိုက် ပြစ်ဒဏ်လျှော့ပေးခြင်းများ ရှိခဲ့သည်။ ယခုနှစ်တွင် ထိုသို့လုပ်ပေးခြင်းမျိုး ရှိမရှိကို မသိရသေးကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင် ဦးစီးဌာန တာဝန်ရှိ အရာရှိက ပြောသည်။

“နိုင်ငံတော် သမ္မတကနေပြီးတော့မှ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေထဲမှာ စာမေးပွဲအောင်တဲ့သူတွေကို ရပိုင်ခွင့်၊ ခံစားခွင့်တစ်ခုအနေနဲ့ ပေးပါဆိုရင် ကျွန်တော်တို့က သူတို့ညွန်ကြားချက်အတိုင်း လိုက်ပြီးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။” ဟု ၎င်းက ပြောသည်။

၂၀၂၀ ခုနှစ်အတွင်း အင်းစိန်ဗဟိုအကျဉ်းထောင်၊ မန္တလေးအကျဉ်းထောင်၊ တောင်ငူအကျဉ်းထောင်၊ ကသာအကျဉ်းထောင်၊ လွိုင်ကော်အကျဉ်းထောင်၊ ညောင်ရွှေအကျဉ်းထောင်၊ ကျိုင်းတုံအကျဉ်းထောင်၊ ကျောက်ဖြူအကျဉ်းထောင်၊ ဘားအံအကျဉ်းထောင်၊ သရက်အကျဉ်းထောင်နှင့် မအူပင်အကျဉ်းထောင် စုစုပေါင်း အကျဉ်းထောင် ၁၁ ခုမှ ၁၀၈ ဦး အောင်မြင်ခဲ့ခြင်းဖြစ်သည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...