တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက် မွန်ပြည်နယ် တတိယသာရ

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက် မွန်ပြည်နယ် တတိယသာရ

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းထုတ်ပြန်ချက်အရ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မွန်ပြည်နယ်သည် ပြည်နယ်နှင့် တိုင်းများတွင် တတိယ အောင်ချက် အကောင်းဆုံးဖြစ်သည်။

တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်းအောင်ချက်အကောင်းဆုံး ပထမအနေဖြင့် ရပ်တည်လာခဲ့သည့် မွန်ပြည်နယ်သည် ၂၀၁၉-၂၀၂၀ ပညာနှစ်မှာတော့ တတိယအဆင့်သို့ ကျသွားခြင်းဖြစ်သည်။

“စနစ်သစ် ပုံစံပြောင်းလဲတဲ့အခြေအနေမှာ မေးခွန်းပုံစံပြောင်းလဲတာတွေလည်း အနည်းငယ်ရှိခဲ့တယ်၊ ဒီအခြေ အနေနဲ့ ဖြေဆိုတဲ့နေရာမှာ လိုအပ်ချက်လေးတွေရှိခဲ့တာဖြစ်နိုင်တယ်” ဟု မွန်ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ပြောသည်။

မွန်ပြည်နယ်သည် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးတွင် အောင်ချက်အကောင်းဆုံး ပထမ ရရှိ ခဲ့သည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မွန်ပြည်နယ်၌ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ ယမန်နှစ်ကထက်များသော်လည်း သင်ရိုးအပြောင်းအလဲရှိခဲ့ခြင်းကြောင့် အောင်ချက်ရာခိုင်နှုန်း ကျသွားခြင်းဖြစ်နိုင်သည်ဟု မွန်ပြည်နယ် ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ပြောသည်။

သြဂုတ် ၉ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ အလိုက် တက္ကသိုလ်ဝင်တန်း အောင်စာရင်း များ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ဖြေဆိုသူ ၃၀၅၇၈  ဦးရှိသည့်အနက် ၁၀၆၁၄ ဦး အောင်မြင်ခဲ့ပြီး  အောင်ချက် ၃၄ ဒသမ ၇၁ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက် တတိယ ဖြစ်သည်။

၂၀၂၀ ခုနှစ် အောင်ချက် ကျသွားသော်လည်း ယမန်နှစ်နှင့်ယှဉ်လျှင် ဂုဏ်ထူးရရှိသူ များလာသည်ဟု ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူများ က ပြောသည်။

၂၀၁၉ ခုနှစ်တွင် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၆ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၂၃ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၈၅ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၈၄ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၁၇၆ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၁၁၂၅ ဦး ရရှိကြသည်။

၂၀၂၀ ခုနှစ်မှာတော့ ခြောက်ဘာသာဂုဏ်ထူးရှင် ၂၄ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၄၄ ဦး၊  လေးဘာသာ ဂုဏ် ထူးရှင် ၉၉ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၂၁၁ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၃၉၉ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၁၂၀၆ ဦး ရရှိကြသည်။

၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်း အမြင့်ဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မန္တလေးတိုင်းဒေသကြီးသည် ပထမဖြစ်ပြီး အောက်ချက် ၃၇ ဒသမ ၅၁ ရာခိုင်နှုန်း၊ ဒုတိယဖြစ်သည့် စစ်ကိုင်း တိုင်းဒေသကြီးတွင် အောင်ချက် ၃၅ ဒသမ ၁၇ ရာခိုင်နှုန်းဖြစ်ကြောင်း ပညာရေးမှူးဌာနက ထုတ်ပြန်သည့် စာရင်းအရ သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၆ နှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံး ရရှိလာခဲ့သည့် မွန်ပြည်နယ်သည် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဒုတိယရရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ ၂၀၁၆-၂၀၁၇ ပညာသစ်နှစ်တွင် ပထမ နေရာကို ပြန်လည်ရရှိလာခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ပညာသစ်တွင် တတိယ ပြန်ကျသွားကာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပထမပြန်ရရှိခဲ့သည်။

Most read this week

ဓာတ်ပုံ - Naw Tu Aung
August 26, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်၊ ရှမ်းနီတပ် (...
ဓါတ်ပုံ - (ပုံဟောင်း - Crd)
August 25, 2026
ဧရာဝတီတိုင်း၊ ရခိုင်ရိုးမနှင့် တဆက်တည်းရှိသည့် ရေကြည်မြို့နယ်၊ တောင်ခြေသစ်တောကြိုးဝိုင်း အစပ်...
ဓါတ်ပုံ - KRCEE (ပုံဟောင်း)
August 25, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေသည့် ကျောင်းနေအရွယ် ကလေးများကို ကန့်သတ်...
ဓာတ်ပုံ - Crd
August 24, 2026
လူ့အခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေးသမားများ၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)...