ရခိုင်စစ်ရှောင်စခန်းတချို့တွင် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှုရှိနေဟုဆို

ရခိုင်စစ်ရှောင်စခန်းတချို့တွင် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှုရှိနေဟုဆို

ရခိုင်ပြည်နယ်အတွင်းကစစ်ရှောင်စခန်းတချို့မှာရေအိမ်မလုံလောက်ခြင်းနှင့် သောက်သုံးရေရှားပါးတာကြောင့်ဝမ်းပျက်ဝမ်းလျော ရောဂါဖြစ်ပွားမှုများ ရှိနေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး ဉက္ကဋ္ဌဦးရွှေဘော်စိန်ကပြောသည်။

ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး ၊မင်းပြား၊ မြေပုံ စသည့်မြို့များက ရေနှင့် ရေအိမ်မလုံလောက်တဲ့ စစ်ရှောင်စခန်းကြီးတွေမှာအဓိကဖြစ်ပွားနေခြင်းဖြစ်သည်။

ယခုရက်ပိုင်းမှာစတင်ဖြစ်ပွားလာသော  ဝမ်းပျက်ဝမ်းလျောနှင့် အရေပြားရောဂါတစ်ချို့ဟာ မြို့နယ်တစ်ခုကို စစ်ရှောင်စခန်း သုံးခု ခန့် နှင့် စစ်ရှောင်စခန်းတစ်ခုလျှင် အနည်းဆုံးကလေးငယ် ၁၀ ယောက်ခန့်တွင်ဖြစ်ပွား နေခြင်းဟုလည်းဆိုသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး ဉက္ကဋ္ဌ ဦးရွှေဘော်စိန် “ မြို့နယ်အလိုက်ဆိုရင် တစ်မြို့နယ်မှာအနည်းဆုံးစစ်ရှောင်စခန်း (၃)ခုလောက်က ဒီရောဂါကိုရင်ဆိုင်နေရတာကိုတွေ့ရပါတယ်” ဟုပြောသည်။

စစ်ရှောင်စခန်းမှာနေထိုင်ရသူတွေဟာ ကျန်းမာရေးဗဟုသုတလည်းအားနည်းတာကြောင့်ဒီလိုမျိုးရောဂါတွေဖြစ်ပွားရင်လည်း နီးစပ်ရာ ဆေးဝါးကျွမ်းကျင်သူတွေ၊ ဆေးမီးတိုတွေဖြင့်သာ ကုသနေကြပြီး ဆိုးဆိုးဝါးဝါးဖြစ်မှ သာဆေးရုံကိုရောက်ရှိကြတာဟုလည်းသိရသည်။

မိုးရာသီတွင် ရခိုင်ပြည်နယ်ထဲမှာ ဝမ်းပျက်ဝမ်းလျောရောဂါ၊အရေပြားရောဂါတစ်ချို့နှင့် သွေးလွန်တုပ်ကွေးရောဂါတွေဖြစ်ပွားမှုရှိသော်လည်း ယခုအချိန်အထိတော့ ဆိုးဆိုးဝါးဝါးဖြစ်လို့ သတင်းပို့လာတာမျိုးတော့ မရှိသေးကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာစိုးဝင်းပိုင်ကပြောသည်။

“ နည်းနည်းပါးပါးရှိရင် ရှိမှာပေါ့နော်၊ များရင်တော့သူတို့ကသတင်းပို့တယ်လေ။ပုံမှန်အားဖြင့်သတိထားရမယ့်အနေအထားဆိုရင် သာမန်ဝမ်းပျက်ဝမ်းလျောတို့၊ အရေပြားရောဂါတို့က မြို့နယ်တိုင်းက ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေ ကုသပေးလို့ရပါတယ်။ အဲ့တော့ ကုတာတွေတော့ရှိမှာပေါ့ ” ဟု ဒေါက်တာ စိုးဝင်းပိုင်ကဆိုသည်။  

ထို့ကြောင့် ရခိုင်ပြည်နယ်ထဲက စစ်ရှောင်စခန်းတွေမှာဝမ်းပျက်ဝမ်းလျောရောဂါတွေမဖြစ်ပွားစေရေး အစိုးရကယင်လုံအိမ်သာတွေဆောက်ပေးဖို့နှင့် ရေလုံလောက်အောင်စီမံပေးဖို့ကိုလည်းဦးရွှေဘော်စိန် ကတိုက်တွန်း လိုက်သည်။

ရခိုင်ပြည်နယ်တစ်ခုလုံးတွင် စစ်ဘေးရှောင် စခန်းပေါင်း ၁၀၀ ကျော်လောက်ရှိပြီး စာရင်းကောက်ယူထားသည့် ဒုက္ခသည် ၂သိန်း ပတ်ဝန်းကျင်ရှိသည်ဟု  ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး(REC) ၏ စာရင်းများအရသိရသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...