ကျောက်တော်တွင် မလေးရှားကပြန်လာသူနှင့် စစ်ဘေးရှောင်ရေးလုပ်ဆောင်သူ အပါအဝင်‌ လေးဦး ဖမ်းဆီးခံရ

ကျောက်တော်တွင် မလေးရှားကပြန်လာသူနှင့် စစ်ဘေးရှောင်ရေးလုပ်ဆောင်သူ အပါအဝင်‌ လေးဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ငသရိုင်းကျေးရွာတွင်  ဇူလိုင် ၂၉ရက်နေ့က ချင်းလူငယ်လေးဦးကို ရခိုင်တပ်(AA) အဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

၎င်း ချင်းလူငယ် လေးဦးကို ရခိုင်တပ်(AA)အဖွဲ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ချင်းပြည်နယ် ပလက်ဝမြို့သို့ ပြန်လာချိန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (KACC)မှ ပြောခွင့်ရပုဂ္ဂိုလ် မမိုင်နန်းဝေကပြောသည်။

“ သူတို့က ဆမီးဘက်ကနေမပြန်ဘဲ ပိုနီးတဲ့တောလမ်းဘက်ကနေပြန်တာလို့ ကျွန်မတို့ထင်တယ်။ သူတို့ကို အေအေကဖမ်းတယ်ဆိုတာကို မျက်မြင်တွေ့တဲ့လူရှိတယ်။ သူတို့လိုပဲ အဲ့လိုမျိုးတောလမ်းကနေ ပြန်လာတဲ့ လူငယ်တချို့ကတွေ့တာ။ အဲ့လူငယ်တွေက ကျွန်မတို့ဆီကို သတင်းပို့တာပေါ့နော်။”ဟု မမိုင်နန်းဝေကပြောသည်။

ယင်းသို့ ဖမ်းဆီးခံခဲ့ရသူ လေးဦးတွင် လွန်ခဲ့သော ၄လခန့်က မလေးရှားကပြန်လာသူ ဆလိုင်းဘင်ဂျမင်၊ ချင်းစစ်ဘေးရှောင်အရေးပြု လုပ်သူ ဆလိုင်းအောင်စိုးနှင့် ဆလိုင်းအောင်ထွန်းကို၊ ဆလိုင်းခင်မောင်ထွန်းတို့ ပါဝင်ပြီး ရခိုက်တပ်(AA)အဖွဲ့ဝင်များက အရပ်သားအသွင်ယူကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း မမိုင်နန်းဝေက ပြောသည်။

ဒါ့အပြင် ဖမ်းဆီးခံရသူအများစုဟာ ချင်းလူမျိုးတွေသာဖြစ်ပြီး ဗမာတစ်ယောက်သာရှိခဲ့ကြောင်း မမိုင်နန်းဝေက ပြောသည်။

“လောလောဆယ်မှာတော့ အဖမ်းခံရသူတွေက အယောက် ၂၀၊ ၃၀ ဝန်းကျင်ရှိမယ်။ ပြန်မလွတ်မြောက်သေးတဲ့ လူနဲ့ဆိုရင်တော့ ဦးမြင့်မောင်ရှိမယ်။ ဗမာတိုင်းရင်းသားပေါ့။ ပလက်ဝမြို့သစ်ရပ်ကွက်က ချင်းတိုင်းရင်းသား ၂ဦးအဖမ်းခံရတာရှိတယ်။ ဖမ်းတဲ့သူတွေက ကြားရသလာက် ချင်းတိုင်းရင်းသားတွေကပိုများတယ်။” ဟု မမိုင်နန်းဝေကပြောသည်။

၂၀၂၀ခုနှစ်အတွင်း ရခိုင်တပ်(AA)မှ ချင်းပြည်နယ်အတွင်းမှ ဖမ်းဆီးခဲ့သူ ၁၅ဦးရှိပြီး ၎င်းအနက် ပြန်လွှတ်လာသူ ၄ဦးနဲ့ အသတ်ခံရသူ ၂ဦးတို့ရှိခဲ့ကြောင်း သိရသည်။

၎င်းပြန်လည်လွတ်မြောက်လာသူအများစုအနေဖြင့်လည်း စိတ်ဖောက်ပြန်တာ၊ စိတ်မနှံ့တာတွေထိပါ ရှိခဲ့ကြောင်း မမိုင်နန်းဝေက ပြောသည်။

အဲဒီစိတ်ဒဏ်ရာအခြေအနေတွေကို ပြန်လည်သက်သာလာဖို့လုပ်ဆောင်ပေးရာမှာ အခက်အခဲတွေရှိနေ တယ်လို့  ချင်းပြည်နယ်အစိုးရ၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောသည်။

“ ပလက်ဝမြို့နယ်အတွင်းကတော့ smartလုံခြုံရေးမရှိတဲ့နေရာမျိုး တရားဥပဒေစိုးမိုးရေးမရှိတဲ့နေရာမျိုးဖြစ်တဲ့အတွက် အုပ်ချုပ်ရေးယန္တရားက အဲ့ဒီမှာလုပ်လို့အဆင်မပြေဘူးဖြစ်နေတာပေါ့နော်။ အခုမြေပြင်မှာလှုပ်ရှားတာက တပ်မတော်ကလွဲပြီး ကျန်တာမရှိဘူး။ ပလက်ဝမြို့ပေါ်မှာဆိုရင် သက်ဆိုင်ရာ ထွေအုပ်တွေရှိမယ်။ လူကယ်ပြန် တွေရှိမယ်။ အဲ့ဒါမျိုးတွေနဲ့ပဲ Awareness လုပ်လို့ရမယ်။ ကျွန်တော်တို့ဘက်က လုပ်ပိုင်ခွင့်ရတဲ့သူ တော်တော် များများ ပလက်ဝသွားလို့မရတဲ့ပြဿနာကရှိတော့ ဖမ်းဆီးလို့ စိတ်ပိုင်းဆိုင်ရာ ရတဲ့သူပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် ထိထိရောက်ရောက်နဲ့တာဝန်ယူပေးဖို့ အခက်အခဲရှိတယ်”ဟု ဦးစိုးထက်က ပြောသည်။

ယခုကဲ့သို့ ချင်းလူမျိုးများအပေါ်ဖမ်းဆီးနေမှုနှင့်ပတ်သက်၍ ရခိုင်တပ်(AA)ထံ ဆက်သွယ်မေးမြန်းလို့သော် လည်း လက်ရှိတွင် အစိုးရက ၎င်းအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားခြင်းကြောင့် ဆက်သွယ်မေးမြန်းရန်အခက်တွေ့နေကြောင်းလည်း မိုင်နန်းဝေက ဆိုသည်။

March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...