ဒုစစ်ဦးစီးချုပ်အပါ ခေါင်းဆောင် ၃ ဦးကို NSCN-K ထုတ်ပယ်လိုက်

ဒုစစ်ဦးစီးချုပ်အပါ ခေါင်းဆောင် ၃ ဦးကို NSCN-K ထုတ်ပယ်လိုက်
ထုတ်ပယ်ခံလိုက်ရတဲ့ ဒုစစ်ဦးစီးချုပ် နီကီဆူမီကို NSCN-K အဖွဲ့ဝင်များနှင့်အတူ တွေ့ရစဉ်။
ထုတ်ပယ်ခံလိုက်ရတဲ့ ဒုစစ်ဦးစီးချုပ် နီကီဆူမီကို NSCN-K အဖွဲ့ဝင်များနှင့်အတူ တွေ့ရစဉ်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K)မှ ၎င်းတို့၏ ဒုစစ်ဦးစီးချုပ် အပါအဝင် ခေါင်းဆောင်သုံးဦးကို ဇူလိုင် ၂၉ ရက်နေ့ နံနက်ပိုင်းက ထုတ်ပယ်လိုက်ကြောင်း NSCN-K မှ ‌ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး ဂျူလိုင်ထောင်းက ပြောသည်။

အဆိုပါ ထုတ်ပယ်ခံရသူများမှာ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီကီဆူမီ၊ NSCN/GPRN ဝန်ကြီး စတာစွမ်၊ NSCN ၏ အထွေထွေတပ်ပိုင်းဆိုင်ရာအရာရှိ ဒုတိယဗိုလ်ချုပ်ကြီး ညမ်လန်တို့ ဖြစ်ကြပြီး ဇူလိုင် ၂၉ ရက် တာဝန်က ရပ်နားလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

NSCN-K ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး ဂျူလိုင်ထောင်း “ ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ NSCN/GPRN အနေနဲ့ ဒီနေ့နေ့စွဲနဲ့ပေါ့။ ကျွန်တော်တို့ လူကြီး သုံးယောက်ကို ထုတ်ပယ်လိုက်တယ်။ နံပါတ်တစ်ကတော့ ဒုတိယဗိုလ်ချုပ်ကြီးပေါ့ နီကီဆူမီပေါ့၊ ကျွန်တော်တို့ အဖွဲ့ထဲက ဒုတိယကာကွယ်ရေးဦးစီးချုပ်ပေါ့၊ သူရယ်။ နောက်တစ်ယောက်ကတော့ စတာစွမ်ပေါ့ သူကတော့ ဝန်ကြီးပေါ့။ ဒုတိယဗိုလ်ချုပ်ကြီး ညမ်လန်ပေါ့ သူက ကျွန်တော်တို့ စစ်ဌာနချုပ်ရဲ့ ဗိုလ်ချုပ်ပေါ့။ သူတို့ကို ကျွန်တော်တို့ ဒီနေ့ နေ့စွဲနဲ့ ထုတ်ပယ်လိုက်တယ်”ဟု ပြောသည်။

ထို ထိပ်ပိုင်း ခေါင်းဆောင် သုံးဦးကို ထုတ်ပယ်လိုက်ရသည့် အကြောင်းအရင်းများမှာ အချက်လေးချက်ရှိသည် ဟု NSCN/GPRN ၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အချက် လေးချက်တွင် (က) ပါတီ၏ ခွင့်ပြုချက်မရှိဘဲ တရားမဝင်သည့် အစည်းအဝေးများ ကျင်းပခြင်း၊ (ခ) ဌာနချုပ်သို့ သတင်းပို့ရန် အကြိမ်ကြိမ်ပျက်ကွက်ခဲ့ခြင်း၊ (ဂ) ပါတီ၏ ရန်ပုံငွေများကို အလွဲသုံးစား ပြုလုပ်ခြင်း၊ (ဃ) ပါတီအတွင်း စိတ်ဝမ်းကွဲစေသော လူမျိုးစုစွဲ ဝါဒဖြန့်ဝေခြင်း စသည့် အချက်များဖြစ်ကြောင်း NSCN/GPRN က ဆိုသည်။

ထုတ်ပယ်လိုက်သည့် ခေါင်းဆောင်များအနေဖြင့် အဖွဲ့အစည်းအတွင်း နေထိုင်ခွင့်မရှိတော့သည့်အတွက် အိန္ဒိယဘက်ခြမ်းသို့ ပြန်လည် နေထိုင်ရမည်ဖြစ်ကြောင်း၊ ပါတီက ထုတ်ပယ်လိုက်ရာတွင် ပါတီနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို လုပ်ကိုင်ပါက ဖမ်းဆီးအရေးယူမှုများ ခံရမည်ဖြစ်ကြောင်း NSCN/GPRN ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး ဂျူလိုင်ထောင်းက ပြောသည်။

“သူတို့ကို ကျွန်တော်တို့ ထုတ်လိုက်ပြီး ဆိုတော့ သူတို့ ကျွန်တော်တို့နဲ့ နေလို့မရဘူး။ ဒီထက်ပိုပြီး သူတို့လုပ် လာမယ်ဆိုရင်တော့ ကျွန်တော်တို့ အရေးယူ ဆောင်ရွက်မှုတွေရှိသွားနိုင်တာပေါ့။ သူတို့ အေးအေးချမ်းချမ်းနဲ့ အိန္ဒိယဘက်ကို သွားလိုက်မယ်ဆို ရင်တော့ ကျွန်တော်တို့ ပြဿနာရှာစရာမရှိတော့ဘူးပေါ့။ ထုတ်ပယ်တာကို မကျေနပ်ဘဲ ကျွန်တော်တို့အပေါ် ရန်ပြုတာတို့၊ ကျွန်တော်တို့အပေါ် ဆန့်ကျင်တဲ့ အပြုအမူ ဖြစ်တယ်ဆိုရင် တော့ ကျွန်တော်တို့ရဲ့ပါတီ စည်းမျဉ်း ဥပဒေအရပေါ့။ ကျွန်တော်တို့ရဲ့စစ်စည်းမျဉ်းဥပဒေအရသော် လည်းကောင်း၊ ပါတီစည်းမျဉ်းဥပဒေအရ သော်လည်းကောင်း အရေးယူဆောင်ရွက်သွားမှာပေါ့”ဟု ၎င်းက ပြော သည်။

NSCN-K သည် လက်ရှိတွင် မြန်မာအစိုးရနှင့် စစ်ကိုင်းတိုင်းဒေသကြီး ပဏာမ အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ်(Bilateral)ကို ၂၀၁၂ ခုနှစ် ဧပြီလက လက်မှတ်ရေးထိုးထားသည့် နာဂလက်နက်ကိုင် အဖွဲ့ဖြစ်သည်။

ထိုအဖွဲ့သည် အိန္ဒိယအစိုးရကို တော်လှန်တိုက်ခိုက်နေသော နာဂလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး တခြားသော အိန္ဒိယကို တော်လှန်တိုက်ခိုက်နေသည့် ကသည်းနှင့် အာသံ သူပုန်များဖြင့် မဟာမိတ်ဖွဲ့ကာ မြန်မာနိုင်ငံဘက်ခြမ်းရှိ NSCN-K ၏ ဗဟိုဌာနချုပ် တကားကျေးရွာမှာ စစ်သင်တန်းများပေးလျက်ရှိသည်အတွက် မြန်မာ့ တပ်မတော်က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်တွင် ထိန်းချုပ်ထားသည်မှာ ယနေ့ချိန်ထိ ဖြစ်သည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...