ဖက်ဒရယ်၊ သဘာဝသယံဇာတနှင့် အရင်းအမြစ်များ (ဦးမော်ထွန်းအောင်နှင့် အင်တာဗျူး)

ဖက်ဒရယ်၊ သဘာဝသယံဇာတနှင့် အရင်းအမြစ်များ (ဦးမော်ထွန်းအောင်နှင့် အင်တာဗျူး)

မြန်မာနိုင်ငံဟာ ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုကိုသွားဖို့ အဖြေရှာတဲ့ နေရာမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီး ရှိနေပါတယ်။

အဲလိုအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် ၂၁ ရာစု ပင်လုံ (ခေါ်) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်တဲ့အခါမှာ မရှိမဖြစ်လိုအပ်တဲ့ အခန်းကဏ္ဍတွေကို ထည့်သွင်းပြီးတော့ တွေ့ဆုံဆွေးနွေးအဖြေရှာနေကြတာလည်း ရှိပါတယ်။

ဆွေးနွေးအဖြေရှာကြတဲ့ အထဲမှာ သဘာ၀ သယံဇာတ ခွဲဝေသုံးစွဲမှု အပိုင်းတွေကိုလည်း ထည့်သွင်းဆွေးနွေးနေကြပါတယ်။

ဖက်ဒရယ်စနစ်မှာ သယံဇာတခွဲဝေသုံးစွဲမှုကြောင့် ဘယ်သူတွေမှာ အကျိုးအမြတ်ရှိလာနိုင်ပါသလဲ၊ ဖက်ဒရယ်ဆိုတာ ဘာလဲ စတဲ့ အ ကြောင်းအရာတွေကို Another Development မှ မဟာဗျူဟာ အကြံပေး (Strategic Advisor) ဦးမော်ထွန်းအောင် ကို တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - လက်ရှိမှာ ကျောက်မျက် ဥပဒေကလည်းရှိတယ်ပေါ့နော။ ကချင်ပြည်နယ်က ဖားကန့်လို နေရာမျိုးဟာ တကယ်တန်း ဒေသခံတွေအတွက် အကျိုး ရှိစေသလား။ အစိုးရအနေနဲ့ ဥပဒေနဲ့ အညီ ကိုင်တွယ်တဲ့ နေရာမှာ ဘယ်လို အခက်အခဲမျိုးတွေ ရှိနေတယ်လို့ ထင်ပါသလဲ။

ဦးမော်ထွန်းအောင် - ကျနော်အပြင်အနေနဲ့ သုံးသပ်တာကတော့ ဒီကျောက်မျက်မှာ ပါဝင်တဲ့ အဖွဲ့အစည်း  တွေ state holder တွေများတယ်။ ပြီးရင် Political Economy ပေါ့နော နိုင်ငံရေး ဘောဂဗေဒအရ နိုင်ငံ  ရေးအရ သြဇာအာဏာ ကြီးမားတဲ့ သူတွေကပဲ ဒီမှာ ပါဝင် ပတ်သက်နေတယ်။ ဥပမာ ငြိမ်းချမ်းရေး လက် မှတ် ထိုးထားတဲ့ အဖွဲ့တွေ လိုင်စင်ရထားတဲ့ဟာမျိုးတွေ နောက်ဒီအရင် ဦးသန်းရွှေပေါ့နော ဦးသန်းရွှေ  တောင်မှ သူ့ရဲ့ ကုမ္ပဏီရှိတယ် လေ သူရဲ့ မိသားစုဝင်တွေရဲ့ ကုမ္ပဏီဝင်တွေရှိတယ်။ ဆိုတော့ ဒီလိုပါဝင်  ပတ်သက်မှု လူတွေကြည့်တဲ့ အခါကျတော့ အစိုးရကနေ လက်ရှိအစိုးရ အနေနဲ့က ကိုင်တွယ်ရ ခက်မယ်ဆို တာကတော့ မေးစရာ မလိုဘူး။ ဒါပေမယ့် ကျနော်တို့ လိုချင်တာက ကိုင်တွယ်ရခက်တယ်ဆိုတာကို excuse အနေနဲ့ လိုချင်တာ မဟုတ်ဘူး။ သူတို့ ဘယ်လိုကိုင်တွယ်ဖို့ ကြိုးစားပါတယ်ဆိုတဲ့ သက်သေ ပြ ချက်ကို လိုချင်တာ အခု အဲဒီသက်သေပြချက် မရှိတာ။ ပြဿနာက အဲဒါ အနည်းဆုံး ကိုင်တွယ်ရ ခက် တယ်ဆိုတဲ့ နေရာမှာ ရပ်သွားတာကို ကျနော်တု့ိက လိုချင်တာ မဟုတ်ဘူး။ ဒီနေရာက ကိုင်တွယ်ရ ခက်  သော်လည်း သူတို့ အစိုးရ အနေနဲ့ အတတ်နိုင်ဆုံး ဒီလိုမျိုးတွေ လုပ်ခဲ့ပါတယ် ဆိုတဲ့ သက်သေပြချက်ကို လိုချင်တာ အခုအဲဒီသက်သေပြချက် မရှိဘူး။

မေး - လက်ရှိမှာဆိုရင် ဖက်ဒရယ်ကို သွားဖို့လုပ်နေကြတယ်ပေါ့လေ။ ၂၁ ရာစု ပင်လုံ ညီလာခံမှာလည်း သယံဇာတနဲ့ ပတ်သက်ပြီး ဆွေးနွေးတာတွေရှိတယ်။ ဆိုတော့ ဖက်ဒရယ်ကို သွားတဲ့ အခါမှာ ဒီဖြစ်စဉ်တွေ  ကြောင့် ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်သလဲ။

ဦးမော်ထွန်းအောင် - စိန်ခေါ်မှုဆိုတာထက် ဒါကို case study အဖြစ်နဲ့ ယူသွားပြီးတော့နော သယံဇာတ ရတဲ့ အကျိုးအမြတ်တွေ ခွဲဝေတဲ့ နေရာမှာ ကျနော်တို့ ပိုပြီးတော့ မျှတအောင် လုပ်မလဲဆိုတာကို ဖားကန့် က case study ပဲ ကျနော်တို့က လူမျိုးစွဲပြီး ပြောတာ မဟုတ်ပဲနဲ့ ဒေသခံတွေ အပေါ်မှာ ကျနော်တို့ ပေတံနဲ့ တိုင်းတာရမယ်။ ဒီဒေသခံတွေ ဘယ်လောက်အကျိုးအမြတ်ရှိမလဲ။ ဖားကန့်ကိုပဲ ပြောတာ မဟုတ်ဘူး။ လက်ပံတောင်း လည်း ပါမယ်။ နောက် မိုးကုတ်တို့ မိုင်းရှုးတို့ နောက် ဒီလိုသယံဇာတ ထွက်ရှိရာဒေသ တိုင်းမှာ  ဒီဟာက အကျုံးဝင်ပါတယ်။ အဲတော့ ဒါကို ဥပမာ အနေနဲ့ ယူပြီးတော့ အခုဖြစ်နေတဲ့ မတရားတဲ့ ဟာတွေကို ကျနော် တို့က လက်ရှိဖက်ဒရယ် သွားတဲ့ဟာမျိုးမှာ ပိုပြီးတော့ တရားမျှတအောင် ဘယ်လို လုပ်မလဲပေါ့နော။ အဲဒီ ဟာ လေးတွေကို ကျနော်တို့ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဆွေးနွေးနိုင်ရင်တော့ ဒါအကောင်းဆုံးပဲပေါ့ နော။ နောက်တစ်ခုကကျတော့ ကျနော်တို့ ဖက်ဒရယ်လို့ ပြောရင် ကျနော်တို့က ပြည်နယ်တွေကပဲ အကုန် လုံးယူရမလားပေါ့ ပြည်နယ်တွေပဲ အကျိုးရှိမယ် တကယ်တော့ မဟုတ်ဘူး။ အဲဒါကလည်း မှားနေတယ် အဲဒီအယူအဆကလည်း မှားနေတယ်။ ကျနော်တို့ ပြည်နယ်တွေက သယံဇာ တရှိတာ မှန်ပေမယ့် ဥပမာ ပြည်မမှာလည်း ဥပမာ ရန်ကုန်လိုမျိုးက တကယ်တမ်းကျတော့ အချမ်းသာဆုံး ပဲလေ။ အချမ်းသာဆုံး ပြည်နယ်တိုင်းတစ်ခုက သူ့ရဲ့ ရင်းမြစ်တွေကို ကိုယ်ပိုင် စီမံခန့်ခွဲရမယ်ဆိုရင် သူပိုချမ်း သာဖို့ရှိမှာပေါ့။ ဆိုလိုတဲ့သဘောကလေ အဲတော့ ဖက်ဒရယ်ဆိုတဲ့ သဘောက ကျနော်တို့ ပြည်နယ်ကို ဦးစားပေးတဲ့ဟာ မဟုတ်ဘူး။ တကယ်တမ်းကျတော့ ပြည်နယ်ရော တိုင်းရောကို မိမိရဲ့ ရှိတဲ့ မိမိရဲ့ ရင်းမြစ်တွေကိုပေါ့နော မိမိလက်ထဲမှာ စီမံခန့်ခွဲမှုရမယ်။ ပြီးသွားရင် ကျန်တဲ့ ပြည်ထောင်စုဝင်တွေနဲ့ပေါ့ ဒီဟာကို တရားမျှတစွာနဲ့ ခွဲဝေသုံးစွဲနိုင်တဲ့ စနစ်ကို ပြောတာ အဲဒါလေးကိုတော့ ကျနော်အနေနဲ့ အဓိကထားပြီးတော့ ပြောချင်တယ်။

မေး - ဖက်ဒရယ်ကို သွားမယ်ဆိုရင် သယံဇာတ ခွဲဝေသုံးစွဲမှုနဲ့ ပတ်သက်ပြီး ဘယ်လို ဖြစ်သင့်တယ်လို့ ဆရာ့အနေနဲ့ ထင်ပါသလဲ။ ။

ဦးမော်ထွန်းအောင် - ဖက်ဒရယ်ကို သွားမယ်ဆိုရင်တော့ ကျနော်က သယံဇာတလို့ ပြောတာထက် ကျနော် က ခုနပြောသလို resource ပေါ့နော ရင်းမြစ် resource ထဲမှာ ဘာတွေပါသလဲဆိုရင် Human Resource  တွေလည်းပါတယ်။ Financial တွေ ဘဏ္ဍာရေး ရင်းမြစ်တွေလည်းပါတယ်။ အဲတော့ အခုကြည့်လိုက်ရင်တော့ ကချင်တို့  ရှမ်းတို့ ကတော့ သယံဇာတနဲ့ ကြွယ်ဝတဲ့နေရာ စစ်ကိုင်းတို့ပေါ့နော သယံဇာတ ကြွယ်၀တယ်လို့ ကျနော် တို့ ယူဆပေမယ့် တကယ်ရေရှည်မှာတော့ လူ့အရင်းအမြစ်နဲ့ ဘဏ္ဍာရေး အရင်းအမြစ်ရှိတဲ့ တိုင်းနဲ့ပြည်နယ်တွေက ပိုပြီးတော့တောင် တိုးတက်နိုင်တယ်။ အဲတော့ဖက်ဒရယ်ဖြစ်လို့ ရင်းမြစ် တွေကိုပေါ့ မိမိဖာသာ မိမိစီမံခန့်ခွဲမှု ရမယ်ဆိုရင် သူတို့ထင်နေသလိုမျိုး ပြည်နယ်တွေကပဲ ချမ်းသာသွားမယ်ဆိုတာမှားတယ်။ တကယ်တမ်းကျတော့ ရေရှည်မှာ ဖက်ဒရယ်လုပ်ရင်က အကျိုးအမြတ်အများဆုံး ရနိုင်တာက တိုင်းတွေ ပေါ့နော။ ဆိုတော့ သူတို့ကိုပေါ့ အဲလိုအတွေးအခေါ် အမှားထည့်ပေးလိုက်တာက ဘယ်သူလဲတော့ မသိဘူး။ တိုင်းဒေသမှာ နေတဲ့ သူတွေက သူတို့နစ်နာမယ် လို့ တကယ်တော့မဟုတ်ဘူး။ တိုင်းဒေသက လူတွေက ပိုပြီးတော့ မိမိရင်းမြစ်ကို မိမိစီမံခန့်ခွဲရင် ပိုပြီးတော့တောင် တိုးတက်နိုင်တယ်။ ပြည်နယ်တွေထက် တောင်မှ ဒါပေမယ့် ပြည်နယ်တွေကတော့ ခုနပြောသလို ဒီရေတိုမှာ ကတော့ပေါ့နော သူတို့က ဒါ မိမိ သယံဇာတ မိမိစီမံခန့်ခွဲမှု ရှိခြင်းအားဖြင့် ဖွံ့ဖြိုးရေး နောက်ကျခဲ့တဲ့ဟာတွေ ကို ပိုပြီးတော့ ဖြည့်ဆည်းပေးနိုင် မယ်ပေါ့နော အဲတော့ ဒါက နှစ်ဦးနှစ်ဖက်လုံးအတွက် Win-Win Situation လို့မြင်တယ်။

သတင်းနှင့် မီဒီယာကွန်ရက် - အခုနက ဆရာပြောသွားတဲ့အထဲမှာ ဖက်ဒရယ်နဲ့ပတ်သက်ပြီး အတွေးအခေါ် အမှားတွေကို ထည့်ပေးလိုက်တာ ရှိတယ်ဆိုတဲ့ စကားလေးကို ထည့်သုံးသွားတာ တွေ့ရတယ်။ အဲဒါက ဘာကို ဆိုလိုချင် တာလဲ။

ဦးမော်ထွန်းအောင် - အတွေးအခေါ်မှာဆိုတာကတော့ ကျနော်တို့ အများကြီးရှိတတ်ပါတယ်။ ဥပမာဆိုလို့ရှိ ရင် ကျနော်တို့ သမိုင်း မှာ သင်လာခဲ့တဲ့ဟာတွေလည်း ဖြစ်မှာပေါ့။ ဥပမာ ဖက်ဒရယ်ဆိုရင် ကျနော်တို့က သမိုင်းမှာ အမြဲတမ်း တောက်လျှောက်က အနုတ်လက္ခဏာနဲ့ သင်တဲ့အခါကျတော့ ပြည်မမှာရှိတဲ့ သူ  တော်တော်များများက ဖက်ဒရယ်လို့ပြောလိုက်ရင် သူတို့က ဒါကိုကြောက်တယ်။ တိုင်းပြည်ကြီးကတော့ ပျက်ဆီး တော့မှာပဲပေါ့။ ပြိုကွဲတော့မှာပဲပေါ့နော။ ပြီးရင် ဥပမာ ကချင်လိုမျိုးကို ကြည့်ပြီးတော့ သယံဇာတ ကြွယ်ဝတဲ့ အတွက်ကြောင့်မို့လို့ ကချင်တစ်ခုပဲ တိုးတက်တော့မှာလားပေါ့ မဟုတ်ဘူး တကယ်တမ်းကျတော့ အဲလို မျိုးပြောရင်က ကျနော်က ဖက်ဒရယ် ဖြစ်လာတဲ့ အခါမျိုးမှာ တကယ်အကျိုး ရှိမှာ ရန်ကုန်တို့  နေပြည်တော်တို့ မန္တလေးတို့က နံပါတ်တစ် သူတို့က အရမ်းတိုးတက်မှု မြန်လာလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုရင် သူတို့ resource ကို သူတို့က စီမံခန့်ခွဲမှုရှိတယ်လေ သယံဇာတဆိုတာ ထုတ်ရင် ကုန်သွားမှာပဲ ၅ နှစ် ၁၀ နှစ်ပေါ့ ဒါပေမယ့် တကယ်တမ်း အဲဒီအချိန်မှာ ခုနပြောသလို ပညာရေးဆိုင်ရာ အဲဒီအချိန်မှာ ဒီပြည်နယ်တွေက ဘာလုပ်ရမလဲဆိုရင် သယံဇာတကနေပြီးတော့ သူတို့က ခုန ကျနော်တို့ တိုင်းဒေသတွေမှာ ရှိပြီးသား ဖြစ်တဲ့ ဘဏ္ဍာရေး အရင်းအမြစ် တွေလိုမျိုး သူတို့က ဖြည့်ပေးရမယ်။ ဒီသယံဇာတကို အသုံးပြုပြီး သူတို့က အဲဒါကို ပြောင်းရမယ်။ အဲဒါ အဲဒီအတွက်ကြောင့်မို့လို့ သူတို့က ဒီသယံဇာတကိုလိုတာ တိုင်းဒေသကြီးတွေမှာ မလိုဘူး။ ဆိုတာက သူတို့မှာက ခုနပြောသလို ဒီ Education Institution တွေရှိပြီးသား လမ်း ပန်းဆက်သွယ်ရေးတွေ အကုန် ကောင်းပြီးသား ပြောမယ်ဆိုရင် မလိုဘူးပေါ့နော resource တွေက အဲလောက်မလိုဘူး။ သူတို့ resource ကို သူတို့ စီမံခန့်ခွဲလိုက်တာနဲ့ သူတို့က ထောင်တက်သွားမှာ အခုက သူတို့က ဥပမာ ရန်ကုန်တိုင်းကိုပဲ ပြောမယ် ရန်ကုန်တိုင်းဆိုရင် ကျနော်တို့က အခွန်ဘဏ္ဍာအရဆိုရင် စီးပွားဖြစ်နေတဲ့ ကုမ္ပဏီပေါင်း ၇၀ ရာခိုင်နှုန်း လောက်က ရန်ကုန်တိုင်းမှာ အခြေစိုက်တယ် ဒါပေမယ့် အဲဒီ ဟာ အကျိုးအမြတ်ကို ရန်ကုန်တိုင်းက လူတွေ က အပြည့်အ၀ မခံစားရဘူး ဘာဖြစ်လို့လဲဆိုရင် သူတို့က ပြည်ထောင်စုကို ဘတ်ဂျက်ထည့် တာမလား အဲဒီဘတ်ဂျက်ကို ပြည်ထောင်စုက နေပြီးတော့ လိုတဲ့နေရာကို ပြန်ခွဲဝေပေးရတာကိုး အဲဒီအခါကျတော့ ဥပမာ ရန်ကုန်နဲ့ မန္တလေးကိုပဲ ကြည့်လိုက် မန္တလေးက ရန်ကုန် ထက်လူဦးရေ ငါးဆ နည်းတယ်။ ရန်ကုန်က ၅ ဆများတယ်။ ဒါပေမယ့် သူတို့ ၂ ယောက်ရဲ့ စည်ပင် ဘတ်ဂျက်ကို ကြည့်လိုက် တစ်ဆလောက်ပဲကွာတယ် မတိမ်းမယိမ်း ဆိုလိုတဲ့သဘောက လူဦးရေ ၅ ဆ လောက် ကွာတယ်။ ရန်ကုန်ရဲ့ စည်ပင် ဘတ်ဂျတ်က မန္တ လေးတိုင်းရဲ့ ၅ ဆ ဖြစ်သင့်တာပေါ့ ဟုတ်တယ်မလား ဒါပေမယ့် မဖြစ်ဘူး ဘာဖြစ်လို့ မဖြစ်သလဲ ဖက်ဒရယ် မဟုတ်လို့ အကယ်၍သာ ဖက်ဒရယ် ဖြစ်တယ်ဆိုရင် ရန်ကုန်က စည်ပင်ဘတ်ဂျတ်က မန္တလေးရဲ့ ၅ ဆ ဆိုရင် ရန်ကုန်က အခုက ဒီထက်ပိုပြီးတော့ တိုးတက်နေပျော်တဲ့ မြို့တော်ကြီး ဖြစ်နေပြီးပေါ့နော အခုဘာလို့မဖြစ်သလဲဆိုတော့ ဖက်ဒရယ် မဖြစ်လို့။

မေး - ဖက်ဒရယ်ဆိုတဲ့ အဓိပ္ပာယ်ကို စာဖတ်ပရိတ်သတ်တွေ နားလည်အောင် ဆရာအနေနဲ့ အတိုချုံးလေး ရှင်းပြပေးပါလား။

ဦးမော်ထွန်းအောင် - ဖက်ဒရယ်ဆိုတာကတော့ ကျနော်တို့က တစ်ဦးနှင့်တစ်ဦး အနိုင်မကျင့်ဘူးပေါ့နော။ ဥပမာ ငွေရှိတဲ့သူက ငွေမရှိတဲ့လူကို အနိုင်ကျင့်လို့မရဘူး။ ကျနော်တို့ လွတ်လပ်ရေး ရတဲ့အခါမှာ နိုင်ငံတော် သီချင်းမှာ ရှိတယ်လေ ခြေဆင်းပေါ့နော အဲဒီအထဲမှာ ခွင့်တူညီမျှ တရားမျှတမှုဆိုတာ အဲဒါပဲ ဖက်ဒရယ် ဆိုတာက ကျနော်တို့ တရားမျှတခြင်းကို ကျနော်တို့က ပြောတာ တစ်ယောက်နဲ့တစ်ယောက် အနိုင်မကျင့် ဘူး။ ဘယ်အပေါ်မှာ အနိုင်မကျင့်ဘူးဆိုလည်းဆိုတော့ လူနည်းစု လူများစု ဖြစ်တဲ့အပေါ်မှာ အနိုင်မကျင့်ဘူး။ ပိုက်ဆံရှိ ပိုက်ဆံ မရှိတဲ့အပေါ်မှာ အနိုင်မကျင့်ဘူး။ သယံဇာတ ရှိခြင်း မရှိအပေါ်မှာ အနိုင်မကျင့်ဘူး။ ဆိုတော့ အဲဒါတွေက ရှင်းရှင်းပြောရင် အဲဒါဖက်ဒရယ်ကို ပြောတာ တရားမျှတခြင်းနဲ့ လွတ်လပ်ရေး ကျနော် တို့ရတဲ့ သီချင်းပေါ့နော နိုင်ငံတော် သီချင်းထဲမှာ ပါတဲ့ဟာ အဲဒီအနှစ်သာရက ဖက်ဒရယ် ကျနော်က အဲလိုပဲ ဒါကတော့ နိုင်ငံရေးပုံစံနဲ့ ပြောတာ မဟုတ်ဘူးပေါ့နော ကျနော်ရဲ့ နားလည် သလို ကျနော်ပြောပြတာ။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...