ရှမ်းနီပါတီ အွန်လိုင်းမှ မဲဆွယ်မည်

ရှမ်းနီပါတီ အွန်လိုင်းမှ မဲဆွယ်မည်

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) သည် COVID-19 ကာလအတွင်း လူငယ်များ ဦးဆောင်ပြီး အွန်လိုင်းမှ မဲဆွယ်စည်းရုံးသွားမည်ဟု ပြောသည်။

ပါတီအနေဖြင့် ၂၀၂၀ ပြည်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ကချင် ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့အတွင်း ရွေးကောက်ပွဲဝင်သွားမည်ဟု လည်း သိရသည်။

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ဥက္ကဋ္ဌ စိုင်းဌေးအောင် က “COVID-19 က  တော့ မဲဆွယ်စည်းရုံးရေးက လူစုလူဝေးမလုပ်ရတို့ ဘာတို့ဖြစ်လာမှာပေါ့ဗျာ။ ဒါနဲ့ပတ်သက်ပြီး ကော်မရှင်နဲ့  တွေ့တော့ ပါတီတွေ တော်တော်များများက တင်ပြကြပါတယ်။ ကော်မရှင်ကတော့ ညွန်ကြားစာတွေ ထွက်ပေး မယ်ပေါ့ဗျာ။ ဥပမာ လူ ၃၀ ထက် မစုရ၊ ၅၀ ထက်မစုရဆိုရင် တော်တော်လေး မဲဆွယ်စည်းရုံးရေးက ခက်လာ မှာပေါ့နော်။ အဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် ကျနော်တို့ ပြင်ထားပါတယ်။ အွန်လိုင်းမီဒီယာကနေ မဲဆွယ် စည်းရုံးဖို့ရှိပါတယ်။ ကျနော်တို့ ထိုင်းနိုင်ငံရဲ့ လူငယ်ပါတီကို အတုယူပြီးတော့မှပေါ့ အွန်လိုင်းကနေ သွားဖို့  ပြင် ဆင်ထားပါတယ်” ဟု ပြောသည်။

ပါတီအနေဖြင့် အွန်လိုင်းအသုံးပြု၍ မဲဆွယ်စည်းရုံးမည့်ကိစ္စ အသေးစိတ်ကိုတော့ စည်းရုံးမဲဆွယ်ရေး ကာလ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်များအပေါ် မူတည်၍ အသေးစိတ်ထုတ်ပြန်သွားမည် ဟု ပြောသည်။

“နောက်တစ်ခု ကျနော်တို့ ဒေသထဲမှာ ဘာတွေရှိလဲဆိုောတ့ ရွာလည်တဲ့စနစ်ရှိတယ်။ ရေနွေးကြမ်းလေးနဲ့ စကားပြောတယ်။ ကောက်စိုက် စပါးရိတ်ရင်းပြောတယ်။ အဲ့မှာ လက်ကမ်းစာစောင်တွေ များများရောက်အောင် ထည့်ပေးဖို့ စီစဉ်ထားတယ်။ ဒါကတော့ ရောက်တဲ့အချိန်မှာ မဲဆွယ်စည်းရုံးမှုပုံစံကိုတော့ ပြောင်းလဲရတာပေါ့ ဗျာ။ ကိုယ့်ပါတီနိုင်ချင်တာကိုး။ ဘယ်လိုလုပ်ရမလဲဆိုတာ ပြင်ဆင်ရတာပေါ့ဗျာ။ နည်းလမ်းရှာထားရတာ ပေါ့ ဗျာ။”

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံံ့ ဖြိုးတိုးတက်ရေးပါတီ (TNDP)သည် ကချုင်ပြည်နယ်နှင့် စစ်ကိုင်း တိုင်း ဒေသကြီးတို့အတွင်းရှိ မြို့နယ်ပေါင်း ၁၅ မြို့နယ်အတွင်း ရွေးကောက်ပွဲ ဝင်သွားမည်ဟု စိုင်းဌေးအောင် က ဆက်ပြောသည်။

“ကျနော်တို့က ၁၅ မြို့နယ်မှာ ယှဉ်ပြိုင်သွားမယ်။ ကချင်ပြည်နယ်မှာ ၉ မြို့နယ်ဆိုတာကတော့ မိုးညှင်းခရိုင်မှာတော့ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်ပေါ့၊ မြစ်ကြီးနားခရိုင်မှာတော့ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်ခရိုင် မှာ က  တော့ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွေကူ အဲ့ ၉ မြို့နယ်မှာ ပြိုင်မယ်။ စစ်ကိုင်းတိုင်းမှာတော့ ၆ မြို့နယ် ပြိုင်မယ်။ အင်းတော်၊ ဗန်းမောက်၊ ပင်လယ်ဘူး၊ ဟုမ္မလင်း၊ ခန္တီး၊ တမူးပေါ့ အဲ့ ၆ မြို့နယ်မှာ ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထား တာပေါ့နော်။”

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)အတွင်း ယခုနှစ် ၂၀၁၅ ရွေးကောက် ပွဲပြီး  နောက်မှစတင်၍ လူငယ်များပါဝင်လာမှုအပေါ် အားရကျေနပ်မှုရှိသော်လည်း၊ အမျိုးသမီးများပါဝင်မှုမှာ အလွန် နည်းပါးနေသည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံဖြိုးတိုးတက်ရေးပါတီ (TNDP)အနေဖြင့် လက်ရှိငြိမ်းချမ်းရေး အခြေအနေများ အရ နယ်မြေကန့်သတ်ပြီး ၎င်းတို့ပါတီအနေဖြင့် ရွေးကောက်ပွဲဝင်မည့် မြို့နယ်အချို့တွင်  ကျင်းပခွင့်မရမှာကို စိုးရိမ် မှုရှိနေသည့်အပြင် COVID-19 ကြောင့် ပါတီစည်းရုံးရေး ကိစ္စ၊ နယ်မြေ လုံခြုံရေး၊ လွတ်လပ်စွာ စည်းရုံးဟောပြောပိုင်ခွင့်၊ လွတ်လပ်ပြီးတရားမျှတမှုရှိသည့် ရွေးကောက်ပွဲ ဖြစ်လာရေးတို့အတွက် စိုးရိမ်မှုရှိသည်ဟု  ပြောသည်။

ထို့ကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအား အစိုးရ၊ တပ်မတော်နှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ အနေဖြင့် မှန်မှန်ကန်ကန်နှင့် လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲကို လုပ်ပေးစေချင်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) က ပြောသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...