ရခိုင်မြောက်ပိုင်းမှာ မြေမြုပ်မိုင်းကို စိုးရိမ်၍ မိုးစပါးမစိုက်နိုင်သည့် လယ်ဧက ၂သိန်းခန့်ရှိ

ရခိုင်မြောက်ပိုင်းမှာ မြေမြုပ်မိုင်းကို စိုးရိမ်၍ မိုးစပါးမစိုက်နိုင်သည့် လယ်ဧက ၂သိန်းခန့်ရှိ

လက်ရှိတိုက်ပွဲ အများဆုံးဖြစ်ပွားနေသည့် ရခိုင်မြောက်ပိုင်းကျေးရွာများက ဒေသခံအများစုသည် လယ်ကွင်းပြင်ထဲတွင် မြေမြုပ်မိုင်းထောင်ထားမှာ စိုးရိမ်၍ ယခုနှစ်မိုးစပါးမစိုက်နိုင်သော လယ်ဧက ၂ သိန်းကျော်ရှိနိုင်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ် သမားသမဂ္ဂက ခန့်မှန်းထားသည်။

ဒေသခံအများစုသည် နေရပ်စွန့်ခွာပြီး စစ်ရှောင်စခန်းများတွင် ခိုလှုံနေရသလို လယ်ကွင်းပြင်မှာ မြေမြုပ်မှိုင်းပေါက်ကွဲမှု မကြာခဏဖြစ်နေမှုကြောင့်  လယ်ကွင်းပြင်ကို မသွားရဲသည့်အတွက် ယခုနှစ်တွင် မိုးစပါးမစိုက်ပျိုးဖြစ်တော့ကြောင်း ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာ ဒေသခံတစ်ဦးက “လုပ်လို့မရဘူး။ မြေထဲမှာ မိုင်းတွေထောင် ထားတယ်။ တောင်ပေါ်က ပစ်ကြတယ်။ ကျနော်တို့ရွာမှာ နွေရာသီကလည်း မိုင်းပေါက်ကွဲလို့ ကျွဲ၊ နွား အားလုံး သေကြတယ်။ လူတွေလဲ တစ်ယောက်၊ နှစ်ယောက်လောက် သေတယ်။ ဒါကြောင့် လယ်ယာမလုပ်ရဲဘူး။ ” ဟု ပြောသည်။

ရခိုင်မြောက်ပိုင်းက ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် မြောက်ဦးနယ်တွေမှာ လယ်ယာစိုက်ပျိုးမှု လုံးဝရပ်ဆိုင်းထားရပြီး  ကျန်သည့် ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြားနှင့် မြေပုံမြို့နယ်က ကျေးရွာတချို့မှာတော့ သုံးပုံတစ်ပုံလောက်မှာ လယ်ယာလုပ်ငန်း စိုက်ပျိုးနေကြကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ (နာယက) ဒေါ်ညိုအေးက ပြောသည်။

၎င်းက“ရသေ့တောင်မြို့နယ် ၊ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ် သံုး မြို့နယ်လောက်မှာ လယ်ယာမြေတွေ ဘာမှစိုက်ပျိုးလို့ မရနိုင်သေးဘူး။ ကျောက်တော်မြို့နယ်က သုံးပုံတစ်ပုံလောက်မှာတော့ စိုက်ပျိုးထားတာတွေကို လမ်းသွားရင်းနဲ့ တွေ့ရတယ်။ ဒါပေမယ့် အရင်တုန်းကလို အင်အားနဲ့ အများအပြားစိုက်ပျိုးထားတာတော့ မဟုတ်ဘူးပေါ့လေ။”  ဟု ပြောသည်။

မိုးစပါး စိုက်ပျိုးမှုကို မိုးများသောကာလဖြစ်သည့် မေလနှောင်းပိုင်းနှင့် ဇွန်လဆန်းပိုင်းများတွင် စတင်စိုက်ပျိုးရခြင်းလည်း ဖြစ်သည်။

ရခိုင်ပြည်နယ်က ဒေသခံတွေအများစုမှာ လယ်ယာလုပ်ငန်းနှင့် ရေလုပ်ငန်းကိုပဲ အဓိကလုပ်ကိုင်နေကြခြင်းဖြစ်ပြီး ယခုလိုလယ်ယာလုပ်ငန်း မလုပ်ကိုင်ရသည့်အတွက် စားဝတ်နေရေး အခက်အခဲ ရှိနေကြောင်း တောင်သူများက ပြောသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...