“ဝ” ဒေသထဲက မြို့နယ်နှစ်ခုမှာပဲ ရွေးကောက်ပွဲပြုလုပ်နိုင်မည်

“ဝ” ဒေသထဲက မြို့နယ်နှစ်ခုမှာပဲ ရွေးကောက်ပွဲပြုလုပ်နိုင်မည်

လာမည့်အထွေထွေရွေးကောက်ပွဲတွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့နယ်ခြောက်ခုထဲကမှ မြို့နယ်နှစ်ခုတွင်သာ ရွေးကောက်ပွဲပြုလုပ်နိုင်မည်ဟု“ဝ” အမျိုးသားပါတီ (WNP) ဉက္ကဋ္ဌထံမှသိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲပြုလုပ်ရန်ထုတ်ပြန်ခဲ့သည့် မဲဆန္ဒနယ်များထဲတွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲမှ မြို့နယ်ခြောက်ခုလည်းပါဝင်သည်။

သို့သော် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ယခင်ရွေးကောက်ပွဲများကဲ့သို့ “ဝ” ဒေသထဲမှ ဟိုပန်နှင့် မက်မန်းမြို့နယ် တို့တွင် ရွေးကောက်ပွဲကျင်းပမှာဖြစ်သော်လည်းကျန် လေးမြို့နယ်ဖြစ်သည့် မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း နှင့် ပန်ဆန်းမြို့နယ် တို့တွင် ရွေးကောက်ပွဲပြုလုပ်ဖြစ်ဦးမှာမဟုတ်‌ကြောင်းသိရသည်။

 “ဝ” အမျိုးသားပါတီ (WNP) ဉက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ် က “ ကျန်တဲ့ လေးမြို့နယ်ကတော့ လုံခြုံရေးသဘောအရရော အခြေအနေတွေကြောင့်ကိုပဲ ရွေးချယ်တင်မြောက်ပွဲ အထမမြောက်သေးဘူး လို့တော့ ကျွန်တော်တို့သိရတဲ့အတွက် နှစ် မြို့နယ်ပဲလောလောဆယ်အများပြောနေတာ” ဟုပြောသည်။

“ဝ” အမျိုးသားပါတီ (WNP) ကို “ဝ” အမျိုးသားစည်းလုံးညီညွှတ်ရေးပါတီ၊ “ဝ”  ဒီမိုကရက်တစ်ပါတီ၊ “ဝ”  လစ်ဘရယ်ဒီမိုကရက်တစ်ဖွံ့ဖြိုး တိုးတက်ရေးပါတီ စုစုပေါင်း သုံးပါတီဖြင့်  ဖွဲ့စည်းထားခြင်းဖြစ်သည်။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲမှ မြို့နယ် ခြောက်ခုထဲတွင် ဟိုပန်နှင့် မက်မန်းမြို့နယ်တို့သာ အစိုးရထိန်းချုပ်မှုအောက်တွင်ရှိပြီး ကျန်မြို့နယ် လေးခုကတော့ UWSA ကထိန်းချုပ်ထားခြင်းဖြစ်သည်။

UWSA လာရှိုးမြို့ဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက “ ကျွန်တော်တို့ ဌာနချုပ်ကပူးပေါင်းပါဝင်ပါ့မယ်ဆိုတဲ့ မှတ်ချက်ပေးခဲ့တဲ့အတိုင်းထိပဲကျွန်တော်သိတယ်။ ဆက်လက်ပြီးဆွေးနွေးဖို့ သဘောတူညီမှုတွေကမရှိတဲ့ အခါကျတော့နောက်ထပ်က “ဝ” ပြည်နယ်အတွင်းမှာလည်း ရွေးကောက်ပွဲလောလောလတ်လတ် လုပ်နိုင်ဖို့ဆိုတာ ကျွန်တော်ကတော့ လွယ်မယ်လို့တော့မထင်သေးဘူး။ အဆင်သင့်မဖြစ်တဲ့အချက် အလက်တွေကရှိနေသေးတယ်”  ဟုပြောသည်။

ရွေးကောက်ပွဲကော်မရှင်မှ စစ်မက်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းအပါအဝင် ယခင် ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ်တုန်းက ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သော မဲဆန္ဒနယ်တွင်ပါ ရွေးကောက်ပွဲပြုလုပ်ရန်လျာထားခြင်းလည်းဖြစ်သည်။

“ဝ” ဒေသတွင်ရွေးကောက်ပွဲကျင်းပရန်အတွက် အဓိက အခက်အခဲများမှာ မှတ်ပုံတင်မရှိခြင်း၊ သန်းခေါင်းစာရင်းမရှိခြင်းစသည့် ကိစ္စရပ်များဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသည် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ တည်ရှိပြီး စတုရန်း ကီလိုမီတာ ၃၂,၀၀၀ ကျော်   ကျယ်ဝန်းကာ လူဦးရေ  (၆)သိန်းကျော်နေထိုင်သည်။

မြို့တော်အဖြစ် ပန်ဆန်းကို သတ်မှတ်ထားပြီး “ဝ” ၊ အာခါ၊ ရှမ်း၊ ဗမာ၊ လားဟူ၊ အပါအဝင် တိုင်းရင်းသား လူမျိုးပေါင်း ၁၇ မျိုး နေထိုင်ပြီး UWSA က ထိန်းချုပ်ကာ အုပ်ချုပ်နေတဲ့ဒေသလည်းဖြစ်သည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...