ရန်သူမှာ အမျိုးသား၊ အမျိုးသမီးခွဲခြားထားတာမရှိ' ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးပြော

ရန်သူမှာ အမျိုးသား၊ အမျိုးသမီးခွဲခြားထားတာမရှိ' ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးပြော

ရန်သူမှာ အမျိုးသား၊ အမျိုးသမီးခွဲခြားထားတာမရှိ၊ ကျူးလွန်တဲ့အကြမ်းဖက်မှုအရ တရားဥပဒေအတိုင်း ဆောင်ရွက်မည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

“ရန်သူမှာတော့ အမျိုးသမီး၊ အမျိုးသားခွဲခြားထားတာမရှိပါဘူး။ သူတို့ရဲ့ကျူးလွန်တဲ့ပြစ်မှုနဲ့ သူတို့ရဲ့ကျူးလွန် တဲ့ အကြမ်းဖက်မှုအရတော့ တရားဥပဒေအတိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

 အကြမ်းဖက်မှု ဥပဒေဖြင့် တရားစွဲဆိုခံရသူများတွင် အမျိုးသမီးများပါဝင်လာသည့်အပေါ် ဝေဖန်မှုများရှိနေရာ ဇူလိုင်လ ၂၅ နေ့က တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီသတင်းစာရှင်းလင်းပွဲတွင် တပ်မတော်၏ သဘောထားကို မေးမြန်းရာ၌ ထိုသို့တုံ့ပြန်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ရေနံဒွိန်ကျေးရွာမှ အမျိုးသမီးသုံးဦးအား ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့က တပ်မတော်က အကြမ်းဖက်မှုဥပဒေဖြင့် ဖမ်းဆီးတရားစွဲထားသည်။

ကျောက်ဖြူမြို့နယ်၊ ရေနံဒွိန်ကျေးရွာမွ အသက် ၅၃ အရွယ် ဒေါ်ဗြားမ၊ အသက် ၄ဝ အရွယ် ဒေါ်လှသန်းခင်နှင့် ရတနာအောင်ဇာတ်အဖွဲ့မှ ဇာတ်ဆရာမဖြစ်သူတို့ကို ရခိုင်တပ်(AA)အား ဆန်ရိက္ခာထောက်ပံ့ခဲ့ကြောင်း  စွပ်စွဲချက်ဖြင့် ယခုကဲ့သို့ တပ်မတော်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရသည်။ သို့သော် လက်ရှိအချိန်အထိ စွဲဆိုခံရသည့် ပုဒ်မနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းမရှိသေးပါ။ အချို့သော သတင်းအရင်းအမြစ်များက ပုဒ်မ ၅၀(က)နှင့် ၅၀ (ည) စသည့်ပုဒ်မနှစ်ခုဖြင့် စွဲဆိုထားသည်ဟု ဆိုသည်။

 “ရွာက အမျိုးသမီးရယ်၊ အမျိုးသားရယ် ခြောက်ယောက်ဖမ်းသွားတယ်။ အမျိုးသမီးသုံးယောက်ကို တရားစွဲဖို့ ယမန်ယူတယ်။ သုံးယောက်ဖမ်းသွားလို့ သုံးယောက် ယမန် ယူတယ်ပြောတာ။ နှစ်ယောက်လည်း ဖြစ်နိုင် တယ်။ ယမန်ယူတာကတော့ သေချာတယ်။ အမျိုးသမီးတွေ။ ယောကျာ်းတွေပါတယ်ဆိုတဲ့ သတင်းမရဘူး။ ရွာသားတွေဆီက တစ်ဆင့်ခံရတဲ့သတင်းပါ” ဟု ကျောက်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ လက်ရှိအချိန်အထိ အကြမ်းဖက်မှုဥပဒေဖြင့် တရားစွဲဖမ်းဆီးခံရသူပေါင်း ၅၇ဝ ကျော်ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး( REC )၏ စာရင်းအချက်အလက်များအရ သိရသည်။

 “ရခိုင့်တပ်တော်ကိုလည်း အကြမ်းဖက်အဖွဲ့အစည်းဆိုပြီး တရားဝင်သတ်မှတ်ထားတယ်။ ပက်သတ်စပ်နွယ်တယ်ဆိုပြီး သံသယရှိသူတွေကိုလည်း ဖမ်းဆီးတဲ့အခါကျ ဒါက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကိုလည်း အထောက်အကူမပြုဘူး။ ပိုပြီးတော့မှ ကင်းကွာစေတယ်လို့ပဲ ပြောချင်ပါတယ်။ ပြစ်မှုတွေက ခိုင်လုံချင်မှ ခိုင်လုံမှာပေါ့ဗျာ။ အဲ့လိုမခိုင်လုံလို့လည်း တော်တော်များများပြန်လွတ်လာတာရှိတယ်။ ဒါပေမယ့် ကြားထဲမှာ စီစစ်ရေးကာလမှာတော့ အချုပ်ထဲမှာ နေရတာပေါ့။ အမျိုးသမီးတွေဆိုရင်တော့ ပိုပြီးတော့ ဒါမဖြစ်သင့်တဲ့ ကိစ္စတွေလို့ မြင်ပါတယ်” ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး( REC ) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...