ဇူလိုင်နောက်ဆုံးအပတ်တွင် NLD ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်မည်

ဇူလိုင်နောက်ဆုံးအပတ်တွင် NLD ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်မည်

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေပြီး ၂၀၂၀ ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းကို လာမယ့် ဇူလိုင်လနောက်ဆုံးပတ်မှာ ထုတ်ပြန်သွားဖို့ရှိတယ်လို့ NLD ဘက်ကပြော ပါတယ်။

တချို့နေရာတွေမှာ မဲဆန္ဒနယ်တစ်ခုတည်းကိုပဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အဆိုပြုသူ လေး ၊ငါး ယောက်အထိရှိနေတာကြောင့် အုပ်စုဖွဲ့မှုတွေမရှိစေရေး  စိစစ်ရေးကော်မတီက တံခါးပိတ် စိစစ်မှုတွေပြုလုပ်နေတယ်လို့လဲ ဆိုပါ တယ်။

“ရက် ၂၀ ပတ်ဝန်းကျင်ဆိုရင်တော့ ထွက်လိမ့်မယ်ထင်ပါတယ်။ နေပြည်တော်မှာရှိတဲ့ ယာယီရုံးချုပ် လုပ်ထားတဲ့နေရာမှာ စိစစ်ရေးအဖွဲ့ဝင် ခြောက်ယောက်ကနေပြီးတော့ စီစစ်နေတာ” လို့ NLD ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်က ပြောပါတယ်။

လာမယ့် နိုဝင်ဘာလ (၈) ရက်နေ့မှာ ပြုလုပ်မယ့် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် NLD ပါတီကနေ တစ်နိုင်ငံလုံးက မဲဆန္ဒနယ်တွေမှာ ကိုယ်စားလှယ်လောင်း ၂၀၀၀ ကျော်နဲ့ဝင်ရောက်ယှဉ် ပြိုင်သွားမှာလို့လဲ သိရပါတယ်။

နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့လည်း ဒီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီဘက်က အတည်ပြုပေမယ့် သူတို့ရဲ့မဲဆန္ဒနယ်တွေကိုတော့ တရားဝင်ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

“သမ္မတကတော့ လောလောဆယ် ကျွန်တော်သိသလောက်က တာမွေမြို့နယ်လို့သိတယ်။ ဘာကြောင့်လဲဆို တာမွေမြို့နယ်ကော်မတီကပဲ ဒါကိုကြေငြာသွားတာပဲ။ အတိုင်ပင်ခံကတော့ ဘယ်မှာဆိုတာ ကျွန်တော်မသိ သေးပါဘူး” လို့ မုံရွာအောင်ရှင်ကဆက်ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက သမ္မတဦးဝင်မြင့်ဟာ တာမွေမဲဆန္ဒနယ်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ကော့မှူးမဲဆန္ဒနယ်က ဝင်ပြိုင်ပြီး အနိုင်ရခဲ့ကြတာပါ။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...