အင်တာနက်ပြန်ရရှိရေးလှုပ်ရှားမှုပြုလုပ်၍ တရားစွဲခံရသည့် ရမ်းဗြဲမြို့မှလူငယ်ကို မြို့နယ်တရားရုံးက ကျပ်နှစ်သောင်းဒဏ်တပ်

အင်တာနက်ပြန်ရရှိရေးလှုပ်ရှားမှုပြုလုပ်၍ တရားစွဲခံရသည့် ရမ်းဗြဲမြို့မှလူငယ်ကို မြို့နယ်တရားရုံးက ကျပ်နှစ်သောင်းဒဏ်တပ်

သျှင်မင်းဇံ — အင်တာနက်ပိတ်ဆို့မှု တစ်နှစ်ပြည့်နေ့တွင် အင်တာနက်ပြန်ဖွင့်ပေးရန် တီရှပ်အင်္ကျီများဝတ်၍ လူပ်ရှားမှု ပြုလုပ်ခဲ့သဖြင့် အမှုဖွင့် တရားစွဲဆိုခံရသူ ရမ်းဗြဲမြို့မှ လူငယ်ကို မြို့နယ် တရားရုံးက ဇွန်လ ၂၅ ရက်နေ့တွင် ကျပ်ငွေနှစ်သောင်း ဒဏ်ဆောင်ရန် အမိန့်ချမှတ်ခဲ့သည်ဟု သတင်းရရှိသည်။

၎င်းဒဏ်တပ်ခံရသူ လူငယ်မှာ ရမ်းဗြဲမြို့၊ အမှတ် (၆) ရပ်ကွက်မှ ကိုမျိုးမင်းထွန်း (၂၇ နှစ်)ဖြစ်သည်။

သူ့အား ဇွန်လ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် ရမ်းဗြဲ မြို့နယ်တရားရုံးက ဒဏ်ငွေ ကျပ်နှစ်သောင်း ပေးဆောင်ရန် အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း ကိုမျိုးမင်းထွန်းက ပြောသည်။

"လူစုလူဝေးလုပ်တယ်ဆိုပြီး ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲဆိုခံခဲ့ရတဲ့ ကျွန်တော်တို့ မြို့နယ် တရားရုံးက ဒဏ်ငွေကျပ် ၂ဝဝဝဝ ဆောင်ခိုင်းတယ်။ အဲဒါနဲ့ ပြီးသွားတယ်ဗျာ"ဟု ဆိုသည်။

ကိုမျိုးမင်းထွန်းသည် အင်တာနက်ပိတ်ဆို့မှုနှင့် ပတ်သက်ပြီး ဇွန်လ ၂၁ ရက်နေ့တွင် လူငယ် ၈ ဦး စုကာ ဆိုင်းဘုတ်များကိုင်၍ ရမ်းဗြဲမြို့ဝင် ဆိုင်းဘုတ်ရှေ့၌ ဓာတ်ပုံရိုက် ဖေစ့်ဘုတ်ပေါ်တွင် တင်ခဲ့ပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့က  ငြိမ်းစုစီဥပဒေပုဒ်မဖြင့် အမှုဖွင့်ခဲ့သည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၇ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက် ပိတ်ထားခဲ့သည်မှာ ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့က တစ်နှစ်တင်းတင်း ပြည့်မြောက် သွားခဲ့ပြီဖြစ်သည်။

အင်တာနက်ပိတ်ထားခံရမှုအား ပြန်ဖွင့်ပေးရန် အပိတ်ခံထားရသည့်တစ်နှစ်ပြည့်နေ့တွင် မြန်မာနိုင်ငံ အတွင်းရှိ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် သတင်းသမားများက ငြိမ်းချမ်းစွာ စုဝေးတောင်းဆိုခဲ့ကြသည်။

လက်ရှိ အချိန်ထိ အင်တာနက်ရရှိရေး လှုပ်ရှားမှုပြုသူ  ရန်ကုန်တွင် ၅ ဦး၊ ကျောက်ဖြူတွင် နှစ်ဦးတို့ကို ရဲတပ်ဖွဲ့ ငြိမ်းစုစီဖြင့် အမှုဖွင့် တရားစွဲဆိုခံထားဆဲဟု သိရသည်။

ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...
ဓာတ်ပုံ - (RFA / ပုံဟောင်း)
August 26, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကို...
ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...