ရခိုင်တွင် ယခုနှစ် ၆ လအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် သေဆုံးသူ ၇၁ ဦးရှိ

ရခိုင်တွင် ယခုနှစ် ၆ လအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် သေဆုံးသူ ၇၁ ဦးရှိ

ထွန်းခိုင် — ရခိုင်ပြည်နယ်အတွင်း ယခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၂၂ ရက်နေ့အထိ ၆ လတာ ကာလအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် သေဆုံးသူ ၇၁ ဦးထိရှိကြောင်း စစ်တွေမြို့၊ အမှတ် ၂ဝ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး၏ စာရင်းပြုစုချက်အရ သိရှိရသည်။

ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ်အတွင်းသေဆုံးသူဦးရေမှာ ဇန်နဝါရီလတွင် ၁၈ ယောက်၊ ဖေဖော်ဝါရီလတွင် ၉ ယောက်၊ မတ်လတွင် ၁၅ ယောက်၊ ဧပြီလတွင် ၈ ယောက်၊ မေလတွင် ၁၅ ယောက်နှင့် ဇွန်လ ၂၂ နေ့အထိ ၆ ဦးရှိပြီး ယခုနှစ် ၆ လအတွင်း ယာဉ်မတော်တဆ ဖြစ်ပွားခဲ့သော အမှုပေါင်း ၁၂၁ မှုရှိကြောင်းလည်း သိရှိရသည်။

ယမန်နှစ်က ပထမ ၆ လအတွင်း ယာဉ်မတော်တဆဖြစ်ပွားခဲ့သော အမှုပေါင်း ၁၉၃ မှုရှိပြီး သေဆုံးသူ ၈ဝ ဦးရေထိ ရှိကြောင်း သိရှိရသည်။

စစ်တွေမြို့၊ အမှတ် (၂ဝ) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုရဲမှူး နေလင်းက “ ယာဉ်တိုက်မှုရဲ့ သဘော သဘာဝကတော့ လူရယ်၊ ယာဉ်ရယ်၊ လမ်းရယ်၊ ရာသီဥတုရယ် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ကြတာပေါ့။ အဲတာကို ပြန်ပြီးသုံးသပ်ကြည့်တဲ့ အခါမှာတော့ လမ်းကြောင့်လည်း အဲလောက်မဖြစ်ပါဘူး။ ရာသီ ဥတု ကြောင့်လည်း အဲလောက်မဖြစ်ပါဘူး။ စက်ချွတ်ယွင်းမှုကြောင့်လည်း အဲ့လောက်မဖြစ်ပါဘူး။ အဖြစ် နည်းတယ်။ ကားသမားတွေဆိုရင်လည်း သူ့ကားက စက်ချွတ်ယွင်းနေပြီဆိုရင် မမောင်းရဲတော့ဘူး။့် ယာဉ်မတော်တဆမှု အားလုံးဟာ လူကြောင့် ဖြစ်တာပါဘဲ။ လူကြောင့် ဖြစ်တယ်ဆိုပေမယ့် ဒီအမှုတွေဖြစ်ပွားမှု အားလုံးဟာ ယာဉ်မောင်းသူတွေကြောင့် သက်သက် ဖြစ်တာ မဟုတ်ဘူး။ လမ်းကူးသူ၊ စက်ဘီး စီးသူတွေကလည်း နမော်နမဲ့နဲ့ လမ်းဖြတ်ကူးတာမျိုးတို့ကြောင့်လည်း ဖြစ်တတ်တယ်” ဟု ပြောသည်။

ယာဉ်တိုက်မှုမှာ ကားသမား၊ ဆိုင်ကယ်သမားများကြောင့်သက်သက်ဖြစ်ခြင်း မဟုတ်ဘဲ လမ်းသွားလမ်းလာ သူများ၏ စည်းကမ်းမလိုက်နာခြင်းကြောင့်လည်း ဖြစ်တတ်သဖြင့် ယာဉ်မောင်းသူရော ခရီးသွားပြည်သူများပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာဖို့လိုကြောင်း ၎င်းက ဆက်ပြောသည်။

ယခုနှစ် ယာဉ်မတော်တဆဖြစ်ပွားမှုမှာ ၂ဝ၁၉ ခုနှစ် ပထမ ၆ လအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုထက် လျော့နည်းနေသော်လည်း သေဆုံးသူဦးရေမှာ ယမန်နှစ်က နီးပါးရှိသည်။

၂ဝ၁၉ တစ်နှစ်လုံးတွင်ဆိုလျှင် ယာဉ်မတော်တဆဖြစ်ပွားခဲ့သောအမှုပေါင်း ၃၃၇ မှုနှင့် သေဆုံးသူ ၁၄၄ ဦး အထိ ရှိခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း သံတွဲမြို့နှင့် တောင်ကုတ်မြို့တို့တွင် ယာဉ်မတော်တဆဖြစ်မှု အများဆုံးဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...