စစ်တွေ-မြေပုံအကြား လူစီးသီးသန့် အမြန်ရေယာဉ် ပြေးဆွဲမည်

စစ်တွေ-မြေပုံအကြား လူစီးသီးသန့် အမြန်ရေယာဉ် ပြေးဆွဲမည်

ဆောင်းဇာခြည် — ရခိုင်ပြည်နယ် စစ်တွေမြိုနှင့်မြေပုံမြို့အကြား လူစီးသီးသန့် အမြန်ရေယာဉ်လိုင်းတစ်ခု ရက်ချင်းပြန် စတင်ပြေးဆွဲတော့မည် ဖြစ်ကြောင်း သိရသည်။

၎င်းအမြန်ရေယာဉ်လိုင်းတွင် ဖိုင်ဘာစပိဘုတ်အမြန်ရေယာဉ်များကို အသုံးပြုသွားမည် ဖြစ်ပြီး လာမည့် ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက် (၁) ရှိ ဆိပ်ကမ်းမှ စတင်ထွက်ခွာမည် ဖြစ်ကြောင်း ရေယာဉ် တာဝန်ခံ ဦးရွှေမြင့်က ပြောသည်။

“နေ့ချင်းပြန်လေး စီစဉ်ထားပါတယ်။ လူအကန့်သတ်နဲ့ပေါ့နော်။ ကြားခုံတွေဘာတွေလည်း မပါဘူး။ လက်မှတ်တစ်စောင်ကို တစ်သောင်းရှစ်ထောင်ကျပ် သတ်မှတ်ထားတယ်။ လက်မှတ်တွေကို စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက်၊ အမှတ် (၅၉) ဦးဥတ္တမလမ်း၌ ဝယ်ယူနိုင်ပါတယ်” ဟု ဦးရွှေမြင့်က ပြောသည်။

၎င်းအမြန်ရေယာဉ်လိုင်းကို တစ်ပတ်တွင် ၄ ရက်ပြေးဆွဲမည်ဖြစ်ပြီး စစ်တွေမြို့မှ မြေပုံမြို့သို့ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့တို့တွင် ပြေးဆွဲမည် ဖြစ်ပြီး မြေပုံမှ စစ်တွေသို့ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ နေ့များတွင် ပြေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။

“အသက်ကယ်အင်္ကျီတွေလည်းပါမယ်။ ယာဉ်သွားနှုန်းကလည်း တော်တော်လည်း မြန်ပါတယ်။ လုံခြုံမှုပိုင်း ကိုလည်း အဓိက ဦးစားပေးထားတဲ့အတွက် စိတ်ချလို့ရပါတယ်။ ခရီးသွားအာမခံတွေ ပါမယ်။ ကိုဗစ်ကာလ အတွင်းမို့လို့ Mask တပ်ပြီးမှ လာရမယ်ပေါ့နော်။ Mask မပါခဲ့ရင်လည်း ကျွန်တော်တို့က စီစဉ် ပေးသွားမယ်ပေါ့” ဟု ဦးရွှေမြင့်က ပြောသည်။

အဆိုပါရေယာဉ်သည် ရွှေပြည်တန်ရေယာဉ်၊ မလိခရေယာဉ်တို့နှင့်မတူဘဲ ယင်းယာဉ်တွင် လူ ၂ဝ ဦးသာ တင်ဆောင်မည်ဖြစ်ပြီး လူတစ်ဦး လက်ဆွဲအိတ်တစ်လုံးသာလက်ခံမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...
ဓာတ်ပုံ - (RFA / ပုံဟောင်း)
August 26, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကို...
ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...