မောင်တောတောင်ပိုင်း အင်းဒင်နှင့်ကိုးတန်ကောက်အကြား ထိတွေ့တိုက်ပွဲတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သားကားဒရိုင်ဘာတစ်ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရဟု တပ်မတော်သတင်းထုတ်ပြန်

မောင်တောတောင်ပိုင်း အင်းဒင်နှင့်ကိုးတန်ကောက်အကြား ထိတွေ့တိုက်ပွဲတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သားကားဒရိုင်ဘာတစ်ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရဟု တပ်မတော်သတင်းထုတ်ပြန်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ် အစပ် အငူမော်-မောင်တောကားလမ်းပေါ်တွင် ဇွန်လ ၂၂ ရက် ညနေ ၅ နာရီ ၂ဝ မိနစ်က ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးပြီး အရပ်သား ကားဒရိုင်ဘာတစ်ဦးသေဆုံးကာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၄ ဦးဒဏ်ရာရဟု တပ်မတော်မှ သတင်းထုတ်ပြန်သည်။

၎င်းတိုက်ပွဲမှာ မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ရဲကင်းစခန်းမှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာခဲ့သော နယ်ခြားစောင့်တပ်ဖွဲ့အား ကိုးတန်ကောက်ကျေးရွာအနီးအရောက်တွင် ညနေ ၅ နာရီ ၂ဝ မိနစ်ခန့်၌ AA အဖွဲ့မှ ချောင်းမြောင်း တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

၎င်းဖြစ်စဉ်အတွင်း နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းအပြင် မော်တော်ယာဉ် လိုက်ပါမောင်နှင်း ပို့ဆောင်သည့် အရပ်သား ယာဉ်မောင်း ၁ ဦး သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆက်လက် ဖော်ပြထားသည်။

တိုက်ပွဲမှာ ကိုးတန်ကောက်ကျေးရွာနှင့် အင်းဒင်ကျေးရွာ အကြား ဆားငန်ချောင်းအနီးတွင် ဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်တပ်ဖွဲ့မှ ကားတစ်စီး လက်နက်ကြီးကျည်ထိမှန်ကာ လမ်းဘေးသို့ ထိုးကျသွားသည်ဟု ကြားသိရကြောင်း ကိုးတန်ကောက်ဒေသခံများ အပြောအရ သိရသည်။

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က တိုက်ပွဲဖြစ်ပွားရာ အနီးတွင် ကျေးရွာများ မရှိကြောင်း၊ နယ်ခြားစောင့် ကားနှစ်စီး အထိအခိုက်ရှိသည်ဟု ကြားသိရကြောင်း ပြောကြားထားသည်။

၎င်းတိုက်ပွဲမှ သေနတ်ပစ်ခတ်သံများကို ညအချိန်ထိ ကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...
ဓာတ်ပုံ - (RFA / ပုံဟောင်း)
August 26, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကို...
ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...