မင်းပြားမြို့ရှိ အများသုံး ရေကန်တစ်ခု၌ ငါးများ သေဆုံးမှုဖြစ်

မင်းပြားမြို့ရှိ အများသုံး ရေကန်တစ်ခု၌ ငါးများ သေဆုံးမှုဖြစ်

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ဈေးဟောင်းပိုင်းရပ်ကွက်မှအများသုံးသည့် ရေကန်တစ်ခုတွင် ငါးများသေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

ဈေးဟောင်းပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းက “ အဲဒီကန်က သောက်ရေကန်တော့ မဟုတ်ဘူး ပေါ့နော်။ လျှော်ဖွတ်ဖို့အတွက် သုံးတာပါ။ လူတွေက အဲဒီကန်က ငါးတွေကို လာမျှားကြတာတွေ ရှိတယ်။ သူတို့က ဆေးခတ်သွားတာဖြစ်နိုင်တယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်ပါတယ်။ ငါးတွေက ပုပ်ပွပြီး အနံ့တွေက အရမ်းထွက်တယ်” ဟု နိရဉ္စရာသို့ ပြောသည်။

အဆိုပါငါးများသေဆုံးနေသည်ကို ဇွန်လ ၂၁ ရက်ည ၈ နာရီခန့်ကမှ သိရှိရကြောင်း၊ မည်သည့်အကြောင်းကြောင့် သေဆုံးနေသည်ကို သိလို၍ မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူထံ တင်ပြထားကြောင်းလည်း ဦးကျော်မင်းက ပြောသည်။

“ထွေအုပ်ကို တင်ပြတော့ အဲဒီက ဓါတ်ခွဲခန်းထဲမှာ စမ်းသပ်ဖို့အတွက် ရေတစ်လီတာ ယူခဲ့ဆိုလို့ ကျွန်တော် ဒီနေ့မနက်က သွားပေးခဲ့ပါတယ်။ ငါးက တစ်ကန်လုံးငါး သေတာပါ။ အကြီး၊ အလတ်၊ အငယ် အများကြီးပါ။ ငါးကကတိုက်၊ ငါးပြေ အဲဒီငါးတွေအပြင်နောက်ထပ် အများကြီး ပါပါသေးတယ်” ဟု ၎င်းက ပြောသည်။

ရေကန်ထဲမှ ငါးများအား ဇွန် ၂၂ ရက် နံနက် ၇ နာရီခန့်က မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက လာရောက် ရှင်းလင်းခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသို့ နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ ၎င်းတို့အနေဖြင့် ထိုရေကန်အား စစ်ဆေးမှုပြုလုပ်ရန် ပြင်ဆင်နေကြောင်း၊ မည်သည့်အကြောင်းဖြင့် ထိုငါးများ သေဆုံးမှု ဖြစ်သည်ကို လောလောဆယ် မသိရှိရသေးကြောင်း ပြောသည်။

April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...