ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ အနီးပစ်ခတ်မှုဖြစ်၊ နှစ်ဦးဒဏ်ရာရ

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ အနီးပစ်ခတ်မှုဖြစ်၊ နှစ်ဦးဒဏ်ရာရ

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီးတွင် ဇွန်လ ၂၁ ရက် နံနက် ၈ နာရီခန့်က ပစ်ခတ်မှု ဖြစ်ပွား၍ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

အပေါက်ဝကျေးရွာ၊ ရန်တား (ရင်းဒါး)ရပ်ကွက်အနီး ရထားလမ်းတွင် နံနက် ၇ နာရီ ၅ဝ ခန့်က တပ်မတော်စစ်ကြောင်းတစ်ခု ဖြတ်သွားချိန်၌ မိုင်းပေါက်ကွဲသံတစ်ချက်ထွက်ပေါ်ပြီးနောက် ၎င်းပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဒဏ်ရာရသူများမှာ ရင်းဒါးရပ်ကွက်မှ အသက်(၅ဝ)ကျော် အရွယ်များကြသည့် မမေဦး၏ မိခင်ဖြစ်သူ ဒေါ်ဦးကြိုင်နှင့် ဦးအေးကျော်တို့ ဖြစ်ကြာင်း၊ ဒေါ်ဦးကြိုင်တွင် ပေါင်တွင်လည်ကောင်း၊ ဦးအေးကျော်တွင် လက်တွင်လည်းကောင်း ဒဏ်ရာရရှိသွားခဲ့သည်ဟု အမည်မဖော်လိုသူ အပေါက်ဝကျေးရွာသားတစ်ဦးက ပြောသည်။

“စစ်သား တစ်ရာကျော်လောက် ရထားလမ်းကနေဖြတ်သွားတဲ့အချိန် မိုင်းတစ်လုံးပေါက်သံကြားပြီး စစ်သားတွေ သေနတ်တွေနဲ့ ပစ်တာ။ အမျိုးသမီးတစ်ဦး အပါအဝင် နှစ်ဦး ဒဏ်ရာ ရထားတယ်လို့ သိရတယ်။ ကျွန်တော်တို့လည်း အိမ်အောက်တွေမှာ ဝပ်နေရတယ်” ဟုပြောသည်။

၎င်းပစ်ခတ်မှုမှာ တစ်နာရီနီးပါး ဖြစ်ခဲ့ပြီး ကျေးရွာသားများမှာ ကြောက်လန့်၍ နေအိမ်အောက်များတွင် ပုန်းခို နေကြဆဲ ဖြစ်ကြောင်း နံနက် ၉ နာရီက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “ ကျောက်တော်ပေါ်မြို့ကနေ လက်နက်ကြီးအသံတွေကြားရတယ်။ ရွာသားတွေက ကြောက်ပြီးပုန်းနေကြတယ်။ ဖုန်းဆက်မေးတဲ့အချိန်မှာ။ ဆေးရုံတင်သွားတယ်လို့ သိရတယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နိရဉ္စရာသတင်းဌာနမှ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့အား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိသေးပါ။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...