ကချင်လူထုက ဘယ်လို လွှတ်တော်ကိုယ်စားလှယ်လောင်းကို ရွေးချယ်ကြမလဲ

ကချင်လူထုက ဘယ်လို လွှတ်တော်ကိုယ်စားလှယ်လောင်းကို ရွေးချယ်ကြမလဲ

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကျရင် ကချင်လူထုအနေနဲ့ ဘယ်လို ကိုယ်စားလှယ်လောင်းကို ရွေးချယ်သင့်သလဲဆိုတဲ့အကြောင်းကို နိုင်ငံရေးသုတေသီတွေရဲ့ အသံကို တင်ပြထားပါတယ်။

ဆရာအင်ခွမ်လဆန်အောင်

သုတေသနပြုစုသူ

“၂၀၁၀ တုန်းက ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ၂၀၁၅ တုန်းကတော့ NLD ရဲ့ ပေါ်လစီအတိုင်း ပါတီကိုပဲ ကြည့်ပြီး ရွေးချယ်ခဲ့ကြတော့ ၂၀၁၅ ကနေ ၂၀၂၀ အတွင်း မြန်မာပြည်အစိုးရရဲ့ လုပ်ပုံကိုင်ပုံကို တွေ့မြင်ခဲ့ရကြပြီ။ ဆိုတော့ အခု ၂၀၂၀ ရွေးကောက်ပွဲမှာ ပညာရှိရှိ ရွေးရတော့မယ်။ ဘယ်လိုရွေးမလဲဆိုတော့ မြန်မာပြည်က ဖက်ဒရယ်လိုအပ်တဲ့အတွက် ဘယ်အဖွဲ့က၊ ဘယ်ပါတီက ဖက်ဒရယ်ဝါဒကို ခိုင်ခိုင်ရပ်တည်နေသလဲဆိုတာကို ကြည့်ရမယ်။ ဖက်ဒရယ်အောက်မှာ ဗဟိုအစိုးရဲ့ ဖွံ့ဖြိုးမှုတစ်ခုတည်းမဟုတ်ဘဲ ပြည်နယ်အစိုးရကိုရွေးတာဖြစ်တဲ့အတွက် ပြည်နယ်ရဲ့ နိုင်ငံရေး၊ စီးပွားရေး ပေါ်လစီကောင်းကောင်းရှိတာ ဘယ်ပါတီလဲဆိုတာသိဖို့ လိုအပ်ပါတယ်။”

ဒေါ်ခေါန်ဂျာ

ကချင်ငြိမ်းချမ်းရေးကွန်ရက်

“လူထုရွေးချယ်သင့်တာက ကိုယ့်ဒေသကို မူဝါဒအားဖြင့် ကောင်းကောင်းနားလည်ပြီး၊ ဒီပေါလစီကိုပြောင်းလဲပေးနိုင်တဲ့ ဥပဒေပြုနိုင်ဖို့ပေါ့။ ဥပဒေသမားဖြစ်စရာမလိုဘူး။ Art of Legislation ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသိသင့်တဲ့ ပညာကိုသိထားပြီး ကောင်းကောင်းအစွမ်းပြနိုင်တဲ့သူတွေကို ရွေးမယ်ဆိုရင်ကောင်းပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက် သူတို့က ကျမတို့ လူထုတွေအတွက် မျှတတဲ့တရားဥပဒေကို အတည်ပြုပေးဖို့၊ အနည်းဆုံးတော့ ဒီဖြစ်စဉ်ကိုနားလည်ရပါတယ်။ ဒုတိယကတော့ မူဝါဒပိုင်းကို နားလည်ပြီးလုပ်နိုင်ရမယ်။ တတိယကတော့ လူထုအကျိုးစီးပွားကို နားလည်ပြီး လူထုကိုယ်စားပြုရမယ်။ လွှတ်တော်ရောက်ရင် လူထုအကျိုးမပြုဘဲ သူဌေး၊ အရာရှိ ပုံစံဖြစ်သွားတာက အရမ်းခက်နေတယ်။”

ဦးနော်ထွယ်

ဒါရိုက်တာ Humanity Institute

“၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းဝင်ပြိုင်မယ့် ဘယ်ပါတီမဆိုက အခုလက်ရှိဖြစ်ပျက်နေတဲ့အရာတွေကို ပြောဆိုဆွေးနွေးနိုင်ရမယ်။ လက်ရှိအဖြစ်အပျက်တွေကို ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတဲ့ ကိုယ့်ရဲ့အစီစဉ်ကို လူထုထံ ချပြရမယ်။ ဒီပြင်ဆင်မှုကို အချိန်ဇယားနဲ့ ပထမနှစ် ဒုတိယနှစ်မှာ ဘာလုပ်မလဲဆိုတဲ့အကြောင်းအရာတွေကို ချပြပြီး ကိုယ့်ကို မဲပေးမယ့်သူတွေကို ပြောပြသင့်တယ်။ ဖက်ဒရယ်ကတော့ လုပ်ကိုလုပ်ရမယ်။ ဒါကတော့ မဖြစ်မနေလုပ်ရမယ့် နိုင်ငံရေးတာဝန်ဖြစ်တယ်။ ဒါကိုအမြဲနောက်ခံထားပြီး လုပ်ဆောင်သွားရမှာဖြစ်တယ်။”

ဦးဆိုင်းခွမ်

နိုင်ငံရေးသုတေသီ

“စဉ်းစားသင့်တာက ကိုယ့်ပြိုင်ဘက်ကို သိသင့်တယ်။ ၂၀၁၅ အတွေ့အကြုံယူပြီးတော့ တကယ်ကိုယ့်လူထုကို ကိုယ်စားပြုမယ့် လွတ်တော်အမတ်တွေကို ပိုရွေးချယ်စေချင်တယ်။ တက်သစ်စ လူငယ်တွေအဖွဲ့တွေကိုလည်း စတင်ပြီး လုပ်ရှားခိုင်းသင့်ပြီလို့မြင်တယ်။ ဘာလို့ဆိုတော့ ခေတ်အခြေအနေအရ လူငယ်တွေရဲ့အခန်းကဏ္ဍကိုလည်း ပေးသင့်ပါတယ်။”

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...