မိုးကြီး၍ ရေတက်လာသဖြင့် မြေပုံမြို့နယ်ရက်ချောင်းစစ်ဘေးရှောင်စခန်း သက်ကြီးရွယ်အိုနှင့်ကလေးငယ်များကို ဘေးလွတ်ရာသို့ရွှေ့ပြောင်း

မိုးကြီး၍ ရေတက်လာသဖြင့် မြေပုံမြို့နယ်ရက်ချောင်းစစ်ဘေးရှောင်စခန်း သက်ကြီးရွယ်အိုနှင့်ကလေးငယ်များကို ဘေးလွတ်ရာသို့ရွှေ့ပြောင်း

အိမ်စိုးဖြူ — လူဦးရေ ၄ဝဝ ကျော်ခိုလှုံနေသည့် မြေပုံမြို့နယ် ၊ ရက်ချောင်းစစ်ဘေးရှောင် စခန်းတွင် ဇွန် ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်ကစ၍ ဇွန်လ ၁၇ ရက် နေ့လယ်ပိုင်းအထိ မိုးသည်းထန်စွာရွာပြီး မြစ်ရေနှင့် တောင်ကျ ချောင်းရေ လျှံတက်လာသဖြင့် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ထားရသည်ဟု သတင်း ရရှိသည်။

၎င်းစစ်ဘေးရှောင်စခန်း၏ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့် မြတန်ဆောင်း ဆရာတော်က “ ရက်ချောင်းစစ်ဘေးရှောင်စခန်းမှာ ရေကြီးနေတော့ ဦးဇင်း တို့က သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို လေးတောင်ကျေးရွာ ဘုန်းကြီးကျောင်းကို မနက်ပိုင်းကပို့ထားလိုက်ကြတယ်။ ကျန်တဲ့ လူတွေကတော့ တဲအိမ်အပေါ်ထပ်တွေမှာ နေကြတယ်။ ချက်ပြုတ်စားသောက်ဖို့လည်း ခက်ခဲနေတယ်။” ဟုမိန့်သည်။

၎င်းစစ်ဘေးရှောင်စခန်းမှာ ရက်ချောင်း ချောင်းကမ်းစပ်အနီးတွင် ဆောက်လုပ်ထားခြင်းဖြစ်သဖြင့် မိုးရွာပြီး ချောင်းရေတက်လာပြီး တောင်ကျရေလည်းများလာသဖြင့် ရေများမှာ ကမ်းပေါ်ထိ တက်လာကာ စခန်းတစ်ခုလုံး အောက်ခြေကွင်းပြင်များကို ရေဖုံးလွမ်းနေသည်ဟု သိရသည်။

“ချောင်းရေကြီးလာတဲ့အပြင် တောင်ကျရေတွေလည်း ဒလဟောစီးဆင်းလာပြီး စခန်းထဲထိ ရေပြည့်လာတယ်။ ဘယ်လိုပြောမလဲ ခုလို အခြေအနေဆိုတော့ စိတ်မကောင်းဖြစ်နေကြတာပေါ့။ စုပြုံပြီးနေနေကြရတာ။ အခုလို ရေပြည့်လာတော့ စားစရာလည်းမရှိတဲ့အပြင် နေစရာလည်း အခက်ခဲဖြစ်နေကြတာပေါ့” ဟုဆက်မိန့်သည်။

၎င်းစစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၄၁၇ ဦးနေထိုင်ရန် နေအိမ်တဲ ၇ဝ ကျော်သာ ဆောက်လုပ်နိုင်သည့် အတွက် တဲအိမ်လုံလောက်မှုမရှိသဖြင့် လူများစုပြုံပြီးနေထိုင်နေရသဖြင့် ယခုကဲသို့ ရေကြီး၊ ရေလျှံဖြစ်လာသည့် အခါ နေထိုင်ရန် များစွာအခက်အခဲဖြစ်နေရသည်ဟု ဆရာတော်က ဆက်မိန့်သည်။

လက်ရှိတွင် ရက်ချောင်းစစ်ဘေးရှောင်စခန်း၌ ရေမှာ ၄ ပေနီးပါးအထိတက်နေကြောင်း သိရသည်။

လက်ရှိ၌ ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ ၁၅၆၄၅၆ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (REC) က ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ထားသည်။

၎င်းစစ်ဘေးရှောင်များမှာ စစ်ဘေးရှောင်စခန်းများ အပါအဝင် နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများတွင်တွင် ခိုလှုံနေကြရသဖြင့် ယခုကဲ့သို့ မိုးရာသီတွင် နေထိုင်ရေး အခက်အခဲဖြစ်နေကြကြောင်း သိရသည်။

ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...