တိုက်ပွဲများကြားကပြည်သူများ၏ဘဝအခြေအနေကိုပုံဖော်သည့် ဇာတ်လမ်းတိုရုပ်သံ ပြိုင်ပွဲ ပြုလုပ်မည်

တိုက်ပွဲများကြားကပြည်သူများ၏ဘဝအခြေအနေကိုပုံဖော်သည့် ဇာတ်လမ်းတိုရုပ်သံ ပြိုင်ပွဲ ပြုလုပ်မည်

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများအကြား ကြုံတွေ့ခံစားနေကြရသည့် ပြည်သူများ၏ အခြေနေကို ပုံဖော်သည့် ဇာတ်လမ်းတို ရုပ်သံ ပြိုင်ပွဲတစ်ခု ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။

၎င်းပြိုင်ပွဲကို Rakhine Lives Matter ဇာတ်လမ်းတို ပြိုင်ပွဲကျင်းပရေးဦးဆောင်ကော်မတီက ကျင်းပမည် ဖြစ်ပြီး ဇွန်လ ၂၂ ရက်နေ့ ည ၁၂ နာရီအထိ ရုပ်သံ ဇာတ်လမ်းတိုကို ပေးပို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ပြိုင်ပွဲကျင်းပရေးဦးဆောင်ကော်မတီဝင် ကိုသန်းလှ (ခ) ကိုမင်းဘာချေ က ပြောသည်။

“ ဒီအစီစဉ်ကို Rakhine Lives Matter ဇာတ်လမ်းတို ပြိုင်ပွဲကျင်းပရေး ဦးဆောင်ကော်မတီက ဦးဆောင်ပြီး လာမယ့် ဇွန်လ ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုပပျောက်ရေးနေ့ကို ရည်ရွယ်ကာ အစီစဉ်ကို ပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ပြိုင်ပွဲအား ၎င်းတို့ဖော်ပြထားသည့် စည်းကမ်းချက် (၈) ချက်နှင့်အညီ ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်းလည်း သိရသည်။

ယင်း စည်းကမ်းချက် (၈) ချက်မှာ ပြိုင်ပွဲဝင်ရိုက်ကွက်သည် အနည်းဆုံး (၄) မိနစ်ခွဲ ရှိရမည်ဖြစ်ပြီး (၅) မိနစ်ထက် မကျော်စေရ၊ ပြိုင်ပွဲဝင်ရိုက်ကွက်အား ဖုန်းဖြင့်ဖြစ်စေ၊ ကင်မရာဖြင့်ဖြစ်စေ ရိုက်ကူး ပေးပို့နိုင်သည်ဟု ဆိုသည်။

ဇာတ်ဆောင်များ၏ စကားပြောအား ရခိုင်ဘာသာစကား၊ ရခိုင်ပြည်နယ်ရှိ နေထိုင်သော တိုင်းရင်းသား ဘာသာစကားများဖြင့် ရိုက်ကူးပေးပို့နိုင်ကြောင်း စည်းကမ်းချက်တွင် ဖော်ပြထားသည်။

ဦးသန်းလှက “တစ်ယောက်ချင်းစီဖြစ်၊ သူငယ်ချင်းအုပ်စုလိုက်စီဖြစ်၊ အဖွဲ့အစည်းလိုက်စီဖြစ် ရိုက်ကူးပြီး ပါဝင်ယှဉ်ပြိုင်လို့ ရပါတယ်။ အဓိက လက်ရှိတိုက်ပွဲကြားတွေမှာ ဖြစ်ပျက်နေကြတဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေ သေဆုံးတာတွေ၊ တခြားတိုက်ပွဲကြားမှာ ဒုက္ခဆင်းရဲခံစားရပုံတွေနဲ့ပတ်သက်ပြီး ပုံဖော်ပြနိုင်တဲ့ ဗီဒီယို ဇာတ်လမ်းတိုလေး ဖြစ်ရမယ်ပေါ့” ဟု နိရဉ္စရာသို့ ပြောသည်။

ပထမဆုအား ငွေငါးသိန်းကျပ်၊ ဒုတိယဆုအား ငွေသုံးသိန်းကျပ်နှင့် တတိယဆုအား ငွေနှစ်သိန်းကျပ်တို့ကို အသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ပြီး၊ ပြိုင်ပွဲ၏ ရလဒ်များအား ဇွန်လ ၂၆ ရက်နေ့တွင် ကြော်ငြာသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

“လူ့အခွင့်ရေး ချိုးဖောက်တာ၊ တိုက်ပွဲကြားထဲက မိသားစုတွေရဲ့ဘဝတွေ ပျက်စီးနေကြတာတွေ၊ တချို့ကလေးတွေ သူတို့အမေရဲ့ ဗိုက်ထဲမှာကတည်းက သေသွားတာတွေ၊ အမျိုးသမီးငယ်၊ အမျိုးသားငယ်တွေ ပညာသင်မယ့် အချိန်မှာ၊ နို့စိုတဲ့အရွယ်မှာတောင်မှ လုံလုံခြုံခြုံမရှိဘဲ ဗုံးသံတွေ၊ သေနတ်သံတွေ ကြားထဲမှာ အကြောက်တရားတွေနဲ့ ရုန်းကန်နေရတဲ့ ပုံစံတွေကို ကျွန်တော်တို့က အနုပညာ ရှုထောင့်ကနေပြီး တစ်ဖက်မှာ တခြားနိုင်ငံတွေက သိနိုင်အောင်ဆိုပြီး ဒါလေးကို စီစဉ်လိုက်တာပေါ့။” ဟု ကိုသန်းလှ (ခ) ကိုမင်းဘာချေက ပြောဆိုသွားသည်။

ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...
ဓာတ်ပုံ - (RFA / ပုံဟောင်း)
August 26, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကို...
ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...