ကုလသမဂ္ဂ၏ MIMU ကတင်ပြသည့် မြေပုံများတွင် ရိုဟင်ဂျာ ရွာများကိုပယ်ဖျက်ခါ မြန်မာအစိုးရ၏ ထွေအုပ်အ ကြိုက်လုပ်နေသည်ဟု – ARNO က ဆို

ကုလသမဂ္ဂ၏ MIMU ကတင်ပြသည့် မြေပုံများတွင် ရိုဟင်ဂျာ ရွာများကိုပယ်ဖျက်ခါ မြန်မာအစိုးရ၏ ထွေအုပ်အ ကြိုက်လုပ်နေသည်ဟု – ARNO က ဆို
စက်ဝိုင်းနီဖြင့် ဝိုင်းထားသော ကျေးရွာ – မင်းကြီး(ကုလား)-ဟု ဖော်ပြထားသည့် မောင်တောမြို့နယ်‌မြေပုံတွင် ၂၀၂၀ ဇွန်လ ၁၂ ရက်နေ့တွင် တွေ့ရသည်။
စက်ဝိုင်းနီဖြင့် ဝိုင်းထားသော ကျေးရွာ – မင်းကြီး(ကုလား)-ဟု ဖော်ပြထားသည့် မောင်တောမြို့နယ်‌မြေပုံတွင် ၂၀၂၀ ဇွန်လ ၁၂ ရက်နေ့တွင် တွေ့ရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မြေပုံပေါ်မှာ ကုလသမဂ္ဂ၏ မြန်မာသတင်း အချက်အလက်စီမံခန့်ခွဲမှု ယူနစ် (MIMU)က ရိုဟင်ဂျာရွာတချို့ကို ဖျောက်ဖျက်ခြင်း၊ “ကုလား” ရွာများဟု ချိုးနှိမ်ခေါ်ဆိုခြင်းသည် မြန်မာအစိုးရအကြိုက်လုပ်နေသည်ဟု ရခိုင်ရိုဟင်ဂျာ အမျိုးသားအစည်းအရုံး (ARNO)က MIMU ကို အပြစ်တင်လိုက်သည်။

ARNO ၏ ၂၈/၅/၂၀၂၀ နေ့ထုတ်ပြန်ချက်တွင် MIMU ၏ မောင်တော မြေပုံသစ်၌ ၂၀၁၇ ခုနှစ်က မီးရှို့ဖျက်ဆီးခံရသော ရိုဟင်ဂျာရွာ ၂၀ ကျော်မှာ ဖျောက်ဖျက်ထားပြီး မြန်မာအစိုးရ၏ ၂၀၂၀ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ပြဌါန်းချက် အတိုင်းသာထည့်သွင်းထားသည် ဟု ဖေါ်ပြထားသည်။

ARNO က လွန်ခဲ့သော တနှစ်တွင် မြန်မာပြည်ဆိုင်ရာ လူသားချင်းစာနာမှု ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် Knut Osby ထံ အိတ်ဖွင့် ပေးစာ တစောင်ရေးခါ ကုလသမဂ္ဂအနေနှင့် လူမျိုးရေးချိုးနှိမ်သည့် စကားလုံးများ မသုံးရန် တောင်းဆိုခဲ့သော်လည်း MIMU၏ ရခိုင်ပြည်နယ် မြောက်ပိုင်းမြေပုံတွင် ရိုဟင်ဂျာရွာတချို့ကို “ကုလား” ရွာများအဖြစ်ဖေါ်ပြမြဲဖေါ်ပြထားသည်။

မောင်တောတောင်ပိုင်းရှိ မြင်းလွှတ် ဝန်းကျင်ရှိ ရိုဟင်ဂျာရွာများကို ဖျောက်ဖျက်ခါ "ကုလား” ဆိုသောစကားလုံးဖြင့်မြေပုံတွင်ဖေါ် ပြထားသည်ကို ARNO က မိတ္တူ ကူးတင်ပြထားပါသည်။

၂၀၂၀ ခုနှစ်၊ မေလလယ်တွင် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အခြားအရာရှိများသည် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ဒေသတွင်း ပြန်လည်နေရာချထားရန် မောင်တောမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများမှ ကျန်ရှိနေ သေးသော ရိုဟင်ဂျာများအား ဆွဲဆောင်စည်းရုံးရန် မြင်းလွတ် ကျေးရွာနှင့် အလယ်သံကျော် ကျေးရွာ အနီးအနား ကျေးရွာများမှ ရိုဟင်ဂျာများနှင့် အလယ်သံကျော် ကျေးရွာသို့ လာရောက်ခဲ့သော်လည်း ရွာသား များက မူငြင်းဆန်ခဲ့သည်။

“ အစိုးရက ကျွန်တော့်တို့ ရွာကို မောင်တောမြောက်ပိုင်းသို့ ပြန်လည် နေရာချထားမယ်ဆိုရင် ကျွန်တော် ပြန်လာမှာမဟုတ်ဘူး” ဟု ဘင်ဂါလား‌ဒေရှ် ရှိ ဒုက္ခသည်စခန်းမှ လူမျိုးစု ခေါင်ဆောင် ရာမတ်အုလ္လာ က ပြောသည်။ “အစိုးရက မောင်တောမြို့နယ် တောင်ပိုင်းသည့် အမြတ်အစွန်းရှိတဲ့ စီးပွားရေးနယ်ပယ် ဖြစ်တဲ့ အတွက် ရိုဟင်ဂျာ မဟုတ်သူတွေကို မောင်တောတောင်ပိုင်းတွင် ပြန်လည် နေရာချထားဖို့ စီစဉ်နေပါတယ်။”

၎င်းဒေသမှ ဒုက္ခသည် လူငယ်အလီက“ မောင်တောတောင်ပိုင်းမှာ လယ်ယာ‌မြေ နှင့် ငါးလုပ်ငန်းကြွယ်ဝတယ်၊ ဒါကြောင့်အစိုးရကသိမ်းပိုက်ချင်တယ်။ ကျွန်တို့မိသားစုဟာ အဲဒီမှာ ရာစုနှစ်များစွာ နေထိုင်ခဲ့ကြပြီး ကျွန်တို့ရဲ့ မူလရွာကိုသာ ပြန်မည်ဖြစ်ကြောင်း အခိုင်အမာပြောခဲ့တယ်။ ”

မြန်မာအစိုးရ၏ ရည်ရွယ်ချက်ရှိရှိ ရိုဟင်ဂျာရွားများဖျောက်ဖျက်ခြင်း၊ ထိုမှတဆင့် လူမျိုးတုန်းသတ်ဖြတ်မှုကို ဖြစ်စေမည့် အပြင် ICJ ၏ ကြားဖြတ်စီရင်ချက် ကညွှန်ကြားထားသည့် လူမျိုးတုန်းသတ်ဖြတ်မှု အထောက်အထားများ ထိန်းသိမ်းရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်ရာရောက်နေသဖြင့် ကုလသမဂ္ဂက အားပေးအားမြှောက်လုပ်ခြင်းကို ARNO က အပြစ်တင်ပါသည်။



မောင်တောမြို့နယ် တောင်ပိုင်း ပင်လယ်ကမ်းစပ်ရှိ မြင်းလွတ်ကျေးရွာအနီးရှိ ကျေးရွာများ၏ အမည်များကို ဖယ်ပျက်သည့် မောင်တောမြို့နယ် မြေပုံတွင် ၂၀၂၀ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် တွေ့ရစဉ်။

ARNO က MIMU ၏ အလှူရှင်များဖြစ်သော ဗြိတိန်၊ ကနေဒါနိုင်ငံအပါအဝင်နိုင်ငံတို့ကို ထိုကိစ္စအတွက် စုံစမ်းခါ MIMU အနေနှင့် လူမျိုးစုပြည်နယ်များတွင် မြန်မာအစိုးရ၏ ကြီးစိုးမှုကို အထောက်အကူ မဖြစ်စေရေးနှင့် ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်မှု မကျူးလွန်ရန် အပြည့်အဝ အာမခံသည့် တိုင် အလှူငွေကို ဆိုင်းငံ့ထားရန် တိုက်တွန်းလိုက်ပါသည်။

Most read this week

August 28, 2023
မြန်မာနိုင်ငံ၏ အာဏာရှင် ခေတ်အဆက်ဆက်တွင် ပုံစံမျိုးစုံနှင့် လူမျိုးတုန်းသတ်ဖြတ်‌မှုကို ခံခဲ့ရပြီး...
July 5, 2023
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ၃၇ ယောက်ကို ထောင်ရွှေ့...
June 28, 2023
ဇွန်လ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ အိဒွလ်အသွဟာ (Eid ul Adha) နေ့အတွက် အစ္စလာမ်ဘာသာဝင်တွေက...
June 28, 2023
မကွေးတိုင်း၊ အောင်လံမြို့နယ်ထဲက သက်တမ်းလွန် ကျော်စွာ ဓာတ်မြေဩဇာ စက်ရုံကို လက်နက်ထုပ်လုပ်ရန်...