စစ်တပ်က တောင်သူတချို့ကိုသာရွေးပြီး မြေယာပြန်ပေးတဲ့အတွက် တောင်သူတွေလက်မခံ

စစ်တပ်က တောင်သူတချို့ကိုသာရွေးပြီး မြေယာပြန်ပေးတဲ့အတွက် တောင်သူတွေလက်မခံ

အမြောက်တပ် (၃၆၀)ကနေ သိမ်းဆည်းထားတဲ့ မြေယာထဲက တောင်သူတချို့ကိုသာ ရွေးပြီး ပြန်ပေးတဲ့အတွက် တောင်သူတွေက လက်မခံခဲ့ဘူးလို့ ကရင်နီပြည်တောင်သူလယ်သားမားသမဂ္ဂမှ ကိုတူရယ်က ပြောပါတယ်။

“ ဒီပြန်ပေးတဲ့ဟာကိုလဲသူတို့မယူရဲဘူး လိပ်ပြာမသန့်ဘူးလဲဖြစ်တယ်။ ပြီးတော့ ဒါကယူတယ်ဆိုတာ ကျတော်တို့ကိုအချင်းချင်းရန်တိုက်ပေးတယ်ဆိုတဲ့သဘောမျိုးသက်ရောက်တယ်ဆိုတော့ ဒီပြန်ပေးတဲ့ဟာကိုတော့ သူတို့မယူရဲဘူးပေါ့။ အကယ်လို့ပြန်ပေးချင်ရင်တောင် အကုန်လုံးပြန်ပေးပါ တောင်းဆိုထားတဲ့လူတွေအားလုံးကိုပြန်ပေးပါ ပြီးတော့ မျှမျှတတဘဲလုပ်ပေးဖို့ပေါ့ သို့မဟုတ်ရင် ကျိုကြားကွက်ကြားမျိုးပေးတာ ရန်တိုက်ပေးသလိုဖြစ်တယ်ဆိုပြီးတော့ သူတို့မယူတာ။” လို့ ဦးတူရယ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာက တောင်သူ(၅) ဦးကို ဒေါဆိုရှေ့ရွာဟောင်း သင်္ချုင်းကုန်းတောင်ခြေနားက မြေတွေကို ပြန်ပေးမယ်ဆိုပြီး ဒေါဆိုရှေ့တောင်သူ ၅ဦးကို မြေယူမည်ဆိုပါက လက်မှတ်ထိုးပြီးတော့ ယူလို့ရကြောင်း ၊ မယူဘူးဆိုရင်လဲ မယူနိုင်တဲ့အကြောင်းလက်မှတ်ထိုးဖို့အတွက်ပြောခဲ့ပေမဲ့ တောင်သူတွေက မယူနိုင်တဲ့အကြောင်းလက်မှတ်မထိုးနိုင်ဘူးဆိုပြီး ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။

မြေပြန်ပေးမယ်လို့ပြောတဲ့ အထဲမှာ ကယန်းကြတ်ခူက တောင်သူ(၉)ဦးနဲ့ ဒေါဆိုရှေ့ကတောင်သူ ၅ဦး တို့ပါတယ်လို့သိရပါတယ်။

စစ်တပ်က ပိုင်နက်ကျူးကျော်မှုနဲ့ တရားစွဲထားတဲ့ ဒေါဆိုရှေ့တောင်သူတွေကို ဒီးမော့ဆိုမြို့နယ် တရားရုံးကနေ မတ်လ ၁၃ ရက်နေ့က ထောင်ဒဏ်နဲ့ငွေဒဏ် အမိန့်ချမှတ်ခဲ့ပြီး တောင်သူတွေ ပြန်လွှတ်မြောက်လာခဲ့ပြီးဖြစ်ပေမယ့် အခုချိန်ထိ သူတို့ရဲ့ တောင်ယာမြေကို စစ်တပ်ကနေ ပြန်မပေးကြသေးပါဘူး။

ဒေါဆိုရှေ့တောင်သူတွေအပြင် လက်ရှိမှာ နိုင်ငံတစ်ဝှမ်း တစ်ချို့သောဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ မြေယာပြသနာတွေဖြစ်ပေါ်လာရခြင်းက ၂၀၁၈ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ မြေလွတ်မြေလပ်မြေရိုင်း ဥပဒေနဲ့ပတ်သတ်ပြီးတော့ အခုလက်ရှိမှာ မြေယာသိမ်းဆည်းတဲ့ပြသနာတွေဖြစ်ပေါ်နေတဲ့အတွက်ကြောင့် မြေလွတ်မြေလပ်မြေရိုင်းဥပေဒေက တိုင်းရင်းသားဒေသတွေအတွက် မကိုက်ညီဘူးလို့ဖရူဆိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ် ဦးသဲရယ်က ပြောပါတယ်။

“ ဒီဥပဒေကိုမှီခိုပြီးတော့မှ အမှီပြုပြီးတော့မှကျတော်တို့ ဒေသအတွင်းမှာမြေယာလိုက်ပြီးတော့မှသိမ်းဆည်းတဲ့ ပြသနာတွေတော့ အများကြီးရှိလာပြီပေါ့နော် ဆိုတော့ ဆိုးကျိုးနဲ့ကောင်းကျိုးကအစိုးရကနေပြီးတော့မှ ချင့်ချိန်ပြီးတော့မှ ဒါဆက်လက်အကောင်အထည်ဖော်သင့်တာပေါ့နော် တကယ်လို့ဒီဥပဒေက ပြည်မမှာ ဒါတွေကကျတော်တို့အတွက်ကိုက်ညီပါတယ် ဒါတွေက မဖြစ်မနေကျတော်တို့ကျင့်သုံးဖို့လိုတယ်ဆိုလို့ရှိရင်လဲ ပြည်မ မှာဘဲကျင့်သုံးပေါ့ ကျတော်တို့တိုင်းရင်းသားဒေသမှာကတော့ ဒီဟာတွေက လုံး၀ ကျတော်တို့အတွက်သဟဇာတမဖြစ်ဘူးဆိုတာကတော့ အစိုးရအနေနဲ့နားလည်ဖို့လိုတယ်လို့ကျတော်တစ်ယောက်အနေနဲ့ပြောချင်ပါတယ်။”လို့ ပြောပါတယ်။

တချို့တောင်သူတွေလုပ်ကိုင်နေတဲ့ နေရာတွေက တပ်သိမ်းမြေထဲမပါတဲ့ တောင်ယာတွေရှိပေမဲ့လဲ အဲ့ဒီတောင်ယာတွေကိုသွားဖို့အတွက် တပ်သိမ်းမြေထဲက ဖြတ်သွားလို့မရတဲ့အတွက် အရမ်းအခက်အခဲဖြစ်နေတယ်လို့ တောင်သူတွေထံကနေ သိရပါတယ်။

“သူတို့မှာတပ်သိမ်းမြေထဲမှာ မပါတဲ့တောင်ယာ တစ်ချို့ကျန်သေးတယ် တစ်ချို့လူတွေ ကလေ အဲ့ဒီတောင်ယာသွားဖို့ဆိုပြီးတော့ သူတို့စစ်တပ် အရင်နှစ်က ဖြစ်ပျက်နေတဲ့ အငြင်းပွားနေတဲ့ မြေယာအပေါ်မဖြတ်သွားရဘူးဆို စစ်တပ်က သူတို့ကိုချိန်းခြောက်တယ် ဆိုတော့သူတို့ကလဲမသွားရဲတော့ဘူး။ ဒီလမ်းကို အသုံးမပြုရဲတော့ဘူး အသုံးမပြုရဲတာ တစ်ကွေ့တစ်ပိုက်ကြီးကိုသွားနေရမှာ ဆိုတော့ သူတို့ဒီတောင်ယာသွားဖို့တောင်မှသူက အများကြီးသူတို့ အခက်အခဲဖြစ်သွားတယ်။” လို့ ကိုတူရယ်က ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် စိုက်ပျိုးရာသီမှာ တပ်သိမ်းဆည်းထားတဲ့မြေယာပေါ် တောင်သူတွေက စိုက်ပျိုးနေကြအတိုင်း စိုက်စားနေကြချိန်အတွင်း တောင်သူတွေနဲ့ စစ်တပ် ပဋိပက္ခဖြစ်ခဲ့ကြရာမှ စစ်တပ်ကနေ တောင်သူတွေကို ပိုင်နက်ကျူးကျော်မှုနဲ့ တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။

ဒေါဆိုရှေ့တောင်သူတွေရဲ့မြေယာပြသနာကို ဖြေရှင်းပေးဖို့ ပြည်ထောင်စုအဆင့်ကနေ ညွှန်ကြားချက်ကျလာတဲ့အတွက် မြေယာအစားထိုရန် ဒေါဖု၊ ဒေါပဲ့ ကျေးရွာဘက်မှာရှိတဲ့ မြေ ၄၅ဧက ကိုပြန်ပေးဖို့ စီစဉ်နေတယ်လို့လည်း ကြားသိရပါတယ်။

ဒေါဖုအုပ်စုဘက် တောင်ယာအစားထိုးပေးမယ်ဆိုရင်လည်း အရမ်းဝေးတဲ့အတွက် ဒေါဆိုရှေ့တောင်သူတွေက မယူခဲ့ဘူးလို့ သိရပါတယ်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...