NLDအစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လူငယ်များ ပါဝင်ခွင့်မရဟု ဆို

NLDအစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လူငယ်များ ပါဝင်ခွင့်မရဟု ဆို
ကရင်နီမျိုးနွယ်စု လူငယ်များ နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြစဉ်။
ကရင်နီမျိုးနွယ်စု လူငယ်များ နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြစဉ်။

မော်ဦးမြာ — NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေမှာ လူငယ်တွေအနေနဲ့ ပါဝင်ခွင့် မရဘူးလို့ ကယား(ကရင်နီ) ပြည်နယ်မှ လူငယ်အဖွဲ့အစည်းတစ်ရပ်ဖြစ်တဲ့ ကယန်းမျိုးဆက်သစ်လူငယ်(KNGY)မှ အတွင်းရေးမှူး မူကက်သရင်းက ပြောပါတယ်။

“ပါဝင်ခွင့် လုံးဝကို မရတဲ့ အနေအထားမှာ ရှိတယ်ပေါ့နော။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတို့၊ ငြိမ်းချမ်းရေးကိစ္စရပ်တွေကို အစိုးရဖက်ကနေ တရားဝင် လုပ်တဲ့ဟာမျိုးဆိုရင် မရှိသလို နောက်တစ်ခုက လူငယ်ရေးရာ မူဝါဒတွေကိုလည်း အရေးတယူလုပ်တာတွေ မရှိဘူး” လို့ မူကက်သရင်းက ပြောပါတယ်။

လူငယ်တွေဟာ နိုင်ငံတစ်နိုင်ငံ၊ တိုင်းပြည်တစ်ခုအတွက် အနာဂတ်ကို ဦးဆောင်နိုင်သူတွေ ဖြစ်တဲ့အတွက် လူငယ်တွေရဲ့ လုပ်ဆောင်ချက်တွေကို အစိုးရတွေအနေနဲ့ အသိအမှတ်ပြုဖို့ လိုအပ်သလို ငြိမ်းချမ်းရေးလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ နေရာတွေမှာ လူငယ်တွေကို နေရာပေးခြင်းအားဖြင့် များစွာ အထောက်အကူပြုနိုင်မှာဖြစ်တယ်လို့ မူကက်သရင်းက ဆက်ပြောပါတယ်။

 ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထုတ်ဝေခဲ့တဲ့  KNGY ရဲ့ စစ်တမ်း “ငြိမ်းချမ်းရေးအတွက် လူထုအသံ” စာအုပ်မှာ လူငယ်နှင့် ငြိမ်းချမ်းရေးကဏ္ဍဆိုတဲ့ ခေါင်းစဉ် ဖော်ပြပါရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသအဆင့်သော်လည်းကောင်း၊ ပြည်နယ်အဆင့်သော်လည်းကောင်း၊ နိုင်ငံအဆင့်သော်လည်းကောင်း စည်းရုံးလှုံ့ဆော်သည့် လုပ်ငန်းစဉ်တွင် လူငယ်များ ပါဝင်မှု မြှင့်တင်ပေးရန်အပါအဝင် အချက်(၁၀) ချက် တောင်းဆိုထားပါတယ်။

NLD အစိုးရဟာ လူငယ်တွေရဲ့ အသံကို နားမထောင်တဲ့အပြင် လူငယ်တွေရဲ့ လုပ်ဆောင်မှုကို ပိတ်ပင်တားဆီးနေတဲ့အတွက် ငြိမ်းချမ်းရေးရဖို့ အလှမ်းဝေးနေသေးတယ်လို့ ယင်းတလဲလူငယ်မှ ကိုရွှေမိုးကလည်း ပြောပါတယ်။

“ငြိမ်းချမ်းရေးရဖို့ဆိုရင် ကျွန်တော်တို့တွေရဲ့ မှန်ကန်တဲ့ လုပ်ရပ်တွေကို အစိုးရက အသိအမှတ်ပြုဖို့ လိုပါလိမ့်မယ်။ အကယ်၍သာ ကျွန်တော်တို့တွေ ဆောင်ရွက်နေတဲ့ဟာကို အစိုးရဖက်က အသိအမှတ်ပြုပေးမယ်ဆိုရင် ငြိမ်းချမ်းရေးက အလျင်အမြန် ရမယ်ပေါ့နော။ ကျွန်တော်တို့တွေလုပ်နေတာက ဖြစ်စေချင်တာတွေပါ။ မမှန်မကန် မလုပ်ပါဘူး။ အစိုးရတွေရဲ့ ကန့်သတ်ချက်တွေကြောင့် ကျွန်တော်တို့က ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေတုန်းပါ”လို့ ကိုရွှေမိုးက ပြောပါတယ်။

NLD အစိုးရလက်ထက်မှာ ကယားပြည်နယ်အတွင်း လူငယ်တွေကို ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုမှု ပြုလုပ်တာ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...