ကမ္ဘာ့ကပ်ရောဂါကြီး မြန်မာပြည်ဝင်တဲ့နေ့

ကမ္ဘာ့ကပ်ရောဂါကြီး မြန်မာပြည်ဝင်တဲ့နေ့

ညသန်းခေါင်ယံဟာ တိတ်ဆိတ်လွန်းလှသည်။ မည်သည့်အသံမျှပင်မကြားရပေ။ သို့ပေမယ့်လည်း အင်တာနက်လူမှုကွန်ရက်စာမျက်နှာထက်မှာတော့ ဆူညံသံတွေ ထိတ်လန့်သံတွေနှင့် အံ့ဩမှုများ စွာဖြစ်နေကြသည်။  လူမှုကွန်ရက်ထက်မှာ စိုးရိမ်မှုများကလွှမ်းမိုးနေသည်။ စိုးရိမ်သည်ကလည်းစိုးရိမ် စရာတစ်ရပ်ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင်ဖြစ်ပွားနေသည့် ကပ်ရောဂါမြန်မာပြည်ထဲတွင် စတင်တွေ့ရှိခြင်းဖြစ်သည်။ မတ်လ ၂၃ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးထုတ်ပြန်ချက်တစ် စောင်ထုတ်ခဲ့သည်။ မြန်မာနိုင်ငံအတွင်းတွင် Covid-19 ရောဂါပိုးတွေ့ရှိသူနှစ်ဦးတွေ့ရှိပြီဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရောဂါပိုးတွေ့ရှိသူသည် နိုင်ငံခြားမှ ပြန်ရောက်လာသူများ ဖြစ်ကြသည်။ ထိုကြေညာချက်ထုတ်ပြန်ပြီး မိနစ်အနည်းငယ်အကြာတွင် ရန်ကုန်မြို့နေလူတချို့စား သောက်စရာများကို အလုအယက်ဝယ်ယူခဲ့ကြသည်။ ဈေးဝယ်စင်တာမှာရှိတဲ့ အသင့်စားအစားအစာ များကုန်သလောက်ရှိသွားသည်။ တချို့လည်း ထိုသတင်းဖတ်ရပြီး ညအိပ်မပျော်ခဲ့သူများ၊ စိုးရိမ်ပူပန်မှု များဖြစ်ပွားခဲ့ကြသည်။ ထိုနေ့ညနေပိုင်းထိ မြန်မာပြည်သူအများစုက ကမ္ဘာ့ကပ်ရောဂါမဖြစ်ပွားသေးဟု ဂုဏ်ယူပြောဆိုနေကြသည်။မတ်လ ၂၄ ရက်နေ့နံနက်ပိုင်းတွင်လည်း တက္ကသိုလ်များအားလုံးစာ မေးပွဲဖြေဆိုမှုကို ကျောင်းအာဏာပိုင်များက ရပ်နားလိုက်ကြသည်။ မြို့နယ်အသီးသီးတွင်လည်း လူများ၏ စိုးရိမ်စိတ်များကို သိသိသာသာမြင်သာထင်သာရှိလာကြသည်။ ကျန်းမာရေးဝန်ကြီးကလည်း ရောဂါပိုးကူးစက်မှုမှကာကွယ်ရန်အတွက် ဆောင်ရန် ရှောရန်နှင့်ပညာပေးများကိုအမျိုးမျိုးထုတ်ပြန် လာခဲ့သည်။ ထိုနေ့ရက်မတိုင်ခင်ထိ ကမ္ဘာတွင်ဖြစ်ပွားနေမှုကို လျော့တွက်ခဲ့ကြခြင်းဖြစ်သည်။

Covid-19 အစ

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကတည်းက တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်ဖြစ်ပွားခဲ့သည့်ကူးစက်ရော ဂါတစ်မျိုးဖြစ်သည်။ အသက်ရှူလမ်းကြောင်းမှဝင်ရောက်သည့် ကူးစက်မှုပြင်းထန်သည့်ရောဂါတစ်မျိုး လည်းဖြစ်သည်။ လက်ရှိအချိန်ထိ ကုသနိုင်မည့်ဆေးလည်း တိတိကျကျမရှိနိုင်သေးသလို ကာကွယ် ဆေးလည်းမရှိသေးပေ။ ထို့အတွက် ကာကွယ်ဆေးရရှိနိုင်ရန်အတွက် ကမ္ဘာ့သိပ္ပံပညာရှင်များကလည်း ကြိုးစားနေကြဆဲဖြစ်သည်။ စတင်ဖြစ်ပွားချိန်က တရုတ်နိုင်ငံနှင့် အာရှနှင့် ဥရောပနိုင်ငံတချို့တွင်ထိကူးစက်ခဲ့ သည်။ ကူးစက်မှုလည်းအလွန်မြန်ဆန်သည်ဟုဆိုနိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထုတ်ပြန်ချက်အရ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကူးစက်ခံရသူ ၂၈၂ ဦီးသာရှိသော်လည်း မတ်လ ၂၉ ရက်နေ့ တွင် ကမ္ဘာပေါ်တွင် ကူးစက်ခံရသူ ၆၃၄၈၃၅ ဦးထိရှိလာခဲ့ပြီဖြစ်သည်။ သေဆုံးသူ ၃ သောင်းကျော်နှင့် ပြန်လည်သက်သာလာသူ တစ်သိန်းလေးသောင်းကျော်ရှိခဲ့သည်။ တရုတ်နိုင်ငံမှ အခြေတည်ကူး စက်ခဲ့သည့် ရောဂါပိုးသည် ယနေ့တွင် ကမ္ဘာ့နိုင်ငံပေါင်း နှစ်ရာနီးပါးတွင်ပျံ့နှံ့ခဲ့ပြီဖြစ်သည်။ ကမ္ဘာ့ကျန်း မာရေးအဖွဲ့ကလည်း ရောဂါကူးစက်မှုအလွန်မြင့်မားနေသည်ဟု ထုတ်ပြန်ကြေညာထားသည်။ ရောဂါပိုးသည် လေထဲမှ ကူးစက်ခြင်းမဟုတ်ပေ။ သို့သော်လည်း ရော ဂါပိုးသည်အလွန်သေးငယ်သောကြောင့် ရောဂါပိုးရှိသူမှ ချောင်းဆိုးခြင်းမှထွက်လာသည့် ရေမှုန်များမှ အရာဝတ္ထုများပေါ်တွင်ကျပြီး ထိုနေရာကိုထိတွေ့ကိုင်တွယ်မိရာမှ ကူးစက်ခြင်းဖြစ်သည်။ထို့ကြောင့် လက်များများဆေးပါ ၊ ဆပ်ပြာနှင့် မကြာခဏဆေးပါဟုတိုက်တွန်းပြောဆိုထားသည်။

မြန်မာနိုင်ငံ Covid -19  ဘယ်လိုထိန်းချုပ်နေလဲ

တစ်ပတ်အတွင်းမြန်မာနိုင်ငံတွင် ရောဂါပိုးကူးစက်သူ ၁၀ ဦးထိရှိလာခဲ့ပြီဖြစ်သည်။ထိုကူးစက် ခံရသူများထဲမှ (၈)ဦးသည်နိုင်ငံခြားမှ ပြန်လည်ရောက်ရှိလာသူများဖြစ်သည်။ ထိုကြောင့် မြန်မာနိုင်ငံ ဝင်ပေါက်များဖြစ်သည့်  လေဆိပ်များနှင့် နယ်စပ်ဂိတ်များကို ထိန်းချုပ်ရန်အတွက်ကြိုးစားနေကြသည်။ စတင်တွေ့ရှိသူများသည် မြန်မာနိုင်ငံသို့ လေကြောင်းမှဝင်ရောက်လာသူများဖြစ်သည်။ထို့ကြောင့် မြန်မာနိုင်ငံသို့ပြန်ရောက်လာသူများကို Quaratine (၁၄)ရက် စောင့်ကြပ်ကြည့်ရှုရန်အ တွက် တရားဓမ္မရိပ်သာများ ၊ ကျောင်းများ ၊ အားကစားခန်းမများတွင် ကြည့်ရှုခဲ့သည်။ သို့သော်လည်း တချို့ထို Quaratine မလုပ်ခင်အချိန်တွင်ဝင်လာသူများတွင်လည်း ပိုးတွေ့ရှိသောကြောင့် စိုးရိမ်စရာဖြစ်လာခဲ့သည်။ တချို့သောပြည်တော်ပြန်များက Quaratine မလုပ်ခံချင်သောကြောင့် လ၀ကဖောင် များကို မမှန်မကန်ဖြည့်သွင်းခဲ့သည်။ထိုသို့လုပ်ဆောင်မှုများကြောင့် မြန်မာနိုင်ငံရောဂါမပျံ့ပွားရေးအ တွက်ထိန်းချုပ်မှုတွင် မေးခွန်းဖြစ်လာခဲ့သည်။ ထို့ပြင် မတ်လ (၂၈) ည ကျန်းမာရေးနှင့် အားကစားဝန် ကြီးထုတ်ပြန်ချက်တွင် ရောဂါပိုးတွေ့ရှိသူသည် နယ်စပ်ဂိတ်မှ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ထို့ ကြောင့်နယ်စပ်ဂိတ်မှဝင်ရောက်လာသူများတွင် ပထမဆုံးတွေ့ရှိခြင်းဖြစ်သည်။ မြန်မာနိုင်ငံသို့နယ်စပ် မြ၀တီ-မဲဆောက် မှ ဝင်ရောက်လာသူ မတ်လ ၁၉ ရက်မှ ၂၈ ရက်နေ့အထိ ၂၃၀၀၀ ရှိနေသည်။ ထိုသူ များကို အစိုးရက အသွားအလာကန့်သတ်စောင့်ကြည့်မှုများ နှင့် နေထိုင်ရာများကို ပြုစုထိန်းသိမ်းထားရန်အတွက် အရေးကြီးလုပ်ဆောင်ရန်အတွက် ဆော်ဩထားသည်။ မလိုအပ်ပဲ ခရီးသွားခြင်းများ၊ အိမ် ပြင်ထွက်ခြင်းများမပြုလုပ်ရန်အတွက် တစ်နိုင်ငံလုံးကို အုပ်ချုပ်ရေးအာဏာပိုင်များအပြင်ကျန်းမာရေး ဝန်ကြီးဌာနကလည်း ပြောဆိုထားသည်။ ပြည်တော်ပြန်များကိုလည်း နေအိမ်တွင် (၁၄)ရက် အပြင်မထွက်ပဲ နေထိုင်ရန်အတွက် ပြောဆိုထားသည်။ သို့သော်လည်း ထိုသူများကဈေးထဲသို့သွားခြင်း၊ လက်ဖက်ရည်ဆိုင်နှင့် ဘီယာဆိုင်များ နှင့် မြို့တွင်းသွားလာလည်ပတ်မှုများကို လုပ်ဆောင်နေကြဆဲ ြဖြစ်သည်။ ထိုသူများကို သွားရောက်ပြောဆိုသည့် ကျန်းမာရေးဝန်ထမ်းနှင့် အုပ်ချုပ်ရေးအာဏာပိုင်များကိုပင် မထီမဲ့မြင်ပြုမှုများလည်း မြင်တွေ့နေရသည်။ တချို့ဒေသတွင် ဈေးများကိုလည်း ငါးရက်တစ်ကြိမ်သာပြု ဖွင့်လှစ်ရန်အတွက်ညွှန်ကြားထားသည်။ တချို့သောနေရာများတွင် လုံးဝပိတ်သိမ်းသွားသည်။လက်ဖက်ရည်ဆိုင်များ ၊ စားသောက်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာရောင်းချနေမှုများလည်းရှိသည်။ တချို့ဒေသတွင်လည်း မူလအတိုင်းသာ ဂရုမပြုရှိနေကြသည်။ လူများစုရုံးမှုများမပြုလုပ်နိုင်ရန်အတွက်ဒေ သန္တရအမိန့်များမည်သို့ပင် တားဆီးနေစေကာမူ မမှုသူများလည်းရှိနေသေးပေသည်။ တချို့ဒေသတွင် အလှူမင်္ဂလာ ပွဲများအတွက်လည်းပြုလုပ်နေကြဆဲဖြစ်သည်။ လာမည့်လတွင် နှစ်သစ်ကူးရုံးပိတ်ရက် ရှည်အချိန်ကာလဖြစ်သည်။ ထို့အတွက်လည်း မြန်မာနိုင်ငံကခရီးသွားလာမှုအများဆုံးကာလတစ်ခု လည်းဖြစ်ပေသည်။ ထိုကာလကို ထိထိရောက်ရောက်ထိန်းချုပ်နိုင်မှသာ မြန်မာတစ်နိုင်ငံလုံးသို့ကူးစက်မှုလျော့နည်းမည်ဖြစ်သည်။ ထိုအချိန်တွင် ဒေသတစ်ခုမှတစ်ခုသို့ကူးလူးသွားလာနေကြမြဲဖြစ် သည်။ ထိုကြောင့် လက်ရှိအချိန်တွင် အကောင်း ဆုံးသော ကာကွယ်ခြင်းမှာပွဲလမ်းသဘင်များကိုရှောင်ရှားရန်၊ မလိုအပ်ပဲလျောက်သွားလာနေမှုများကို မပြုလျှင်အကောင်းဆုံးပင်ဖြစ်သည်။ တချို့သောသူများကလည်းထိုအချိန်တွင် မြို့များကို Lock down အသွားအလာကန့်သတ်စေချင်သူများလည်းရှိသည်။ထိုသို့လုပ်လျှင်အစိုးရ၏ ကြိုတင်ပြင်ဆင်မှုများကို မေးခွန်းထုတ်စရာရှိနေ သည်။ မည်သည့်မြို့မှ ပြင်ဆင်ထားသည်ကိုမမြင်ရပေ။

ရှမ်းနီဒေသနှင့် Covid 19

ရှမ်းနီတိုင်းရင်းသားများနေထိုင်ရာဒေသတွင် ရောဂါပိုးတွေ့ရှိသူ တစ်ဦးမျှမရှိသေးပေ။ သို့သော် လည်းမိုးကောင်းမြို့တွင် သံသယလူနာတစ်ဦးနှင့် မြစ်ကြီးနားတွင် သံသယလူနာများရှိသည်။ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ ပြန်ရောက်လာမည့်သူ များစွာလည်းရှိနေသည်။ ဟုမ္မလင်း မြို့တွင် တရုတ်နိုင်ငံမှလာခဲ့သည့် တရုတ်နိုင်ငံသားများ ၊ ထိုင်းနိုင်ငံမှပြန်လာသူများကို စောင့်ကြည့် လူနာအဖြစ်ထားရှိထားသည်။ စောင့်ကြည့်လူနာများအတွက် ဆေးရုံအသီးသီးကပြင်ဆင်ထားမှုများ လည်းရှိနေသည်။ စောင့်ကြည့်လူနာများထားမည့်နေရာများ ၊ သံသယလူနားများကိုထားရှိမည့်နေရာများ နှင့် ကုသမှုပေးနိုင်မည့်နေရာများကို ပြင်ဆင်ထားကြသည်။ သို့သော်လည်း ကုသမှုတွင်လိုအပ်နိုင် မည့် ပစ္စည်းကိရိယာများ မရှိမှုကအားနည်းနေသည်။ ဖြစ်ပွားလာပါက ကုသနိုင်ရန်အတွက်တော့စိုးရိမ် မှုများရှိနေကြသည်။ ဆေးရုံများတွင် Masks များ ၊PPE ဝတ်စုံများ ပြည့်စုံနိုင်အောင်ပြည်သူများထံ တွင်အလှူခံနေရဆဲဖြစ်သည်။  ထို့ပြင် အပူချိန်တိုင်းကိရိယာများပင် ဝယ်ယူရခက်နေသည်ဟု ကျေးရွာအများစုက ဆိုကြသည်။ မပြည့်မစုံဖြစ်နေသည့် နေရာကများစွာရှိနေသည်။ အစိုးရကလည်း အားစိုက်နေမှုများရှိ သလိုပေါ့လျော့နေမှုများလည်းရှိနေသည်။ ထို့ကြောင့်လည်း ကျေးရွာအများစုကတော့ ကြောက်နေကြ သည်။ သို့သော်လည်း မည်သည့်အရာကိုကြောက်နေသည်တော့ မပြောတတ်ကြပေ။

အင်းတော်ကြီးဒေသတွင် တခြားသော နယ်ဝေးများမှ ဘုရားဖူးလာရောက်သူများလည်းရှိနေဆဲဖြစ်သည်။ ထိန်းချုပ်ကန့်သတ်ရန်အတွက် ဒေသခံများကပြောဆိုနေကြသည်။ အစိုးရအနေဖြင့် လည်း ယခုထက်ပိုအားစိုက်ပြီး ပညာပေးမှုများလုပ်ရန်လိုအပ်ပေသည်။ ကာကွယ်ထိန်းချုပ်နိုင်ရန်အ တွက် အစိုးရတစ်ခုတည်းမဟုတ်ဘဲ ပြည်သူများလည်း ပူးပေါင်းပါဝင်ပြီး လုပ်ဆောင်ရမည်ဖြစ်သည်။

(ShanNi Voice Journal Vol.6-No.4 Special Report)

Most read this week

May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...
May 15, 2024
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် မေလ ၁၄ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်း...
May 7, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီနှင့်...
May 2, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအားလုံးနီးပါးတွင်...