စစ်ဆေးရေးဂိတ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် ကျန်းမာရေးအဖွဲ့တွေ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်

စစ်ဆေးရေးဂိတ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် ကျန်းမာရေးအဖွဲ့တွေ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်

စိုးထိုက်အောင်  — ကယားပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်တဲ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ စုပေါင်းဖွဲ့ထားတဲ့ ကျန်းမာရေးဌာနက  ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးဂိတ်တွေ ထားရှိဆောင်ရွက်နေတယ်လို့ CHDN အဖွဲ့ရဲ့ Deputy Director (ပရိုဂရမ်) ဦးစိုးမိုးအောင်က ပြောပါတယ်။



“ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးတော့ အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ကျွန်တော်တို့ ဆွေးနွေးထားတာတွေ ရှိတယ်”လို့ ဦးစိုးမိုးအောင်က ပြောပါတယ်။



ကရင်နီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့က ဖွဲ့စည်းထားတဲ့ လူထုကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးကွန်ယက် ( Civil Health and Development Network – CHDN) အဖွဲ့ အနေနဲ့COVID-19 နဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေး၊ စောင့်ကြည့်ရေး၊ သံသယရှိသူတွေကို တွေ့ခဲ့ရင် ဘယ်လို လွှဲပြောင်းမှု လုပ်မှာလဲ ဆိုတဲ့ အချက်(၃)ချက်ကို အဓိကလုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။



ကျန်းမာရေးစစ်ဆေးရေး ဂိတ်(၂၉)ဂိတ်မှာ တွေ့ရှိတဲ့သံသယရှိသူတွေကို လွှဲပြောင်းရေးစနစ်နဲ့ပတ်သက်ပြီးတော့ အောက်ခြေအဆင့်မှ မြို့နယ်အဆင့်ထိ သက်ဆိုင်ရာ အဆင့်ဆင့်ကို အစိုးရဌာနဆိုင်ရာအထိ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။



“သက်ဆိုင်ရာ ဆေးခန်းတွေ အလိုက်ပေါ့နော်၊  သူ့ဧရိယာမှာရှိတဲ့ သံသယဖြစ်တဲ့ လူနာတွေကို ရှာဖွေပြီးတော့ ဖော်ထုတ်တဲ့ဟာတွေလည်း ကျွန်တော်တို့ ဒီဆေးခန်းတွေမှာတော့ လုပ်ဖို့ ညွှန်ကြားထားတယ်ပေါ့” လို့ ဦးစိုးမိုးအောင်က ဆက်ပြောပါတယ်။



ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဖို့အတွက် CHDN ကျန်းမာရေးဌာနက ကယားပြည်နယ်အတွင်း KNPP အောက်မှာရှိတဲ့ ကျန်းမာရေးဌာနမှ (၂၃) ဂိတ်၊ ကယန်းပြည်သစ်အောက်မှာ (၆)ဂိတ် စုစုပေါင်း (၂၉) ဂိတ်မှ အဝင်အထွက်တွေကို စစ်ဆေးပြီးတော့လည်း အသိပညာပေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။



CHDN အဖွဲ့က ကရင်နီပြည်နယ်ရှိ ကယန်းပြည်သစ်ပါတီ (KNLP)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့အစည်း(KNSO)၊ ကယန်းပြည်သစ်တပ်(KNG)၊ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP) အဖွဲ့တွေကနေပြီး စုပေါင်းဖွဲ့ထားတဲ့ ကျန်းမာရေးအဖွဲ့ဖြစ်ပါတယ်။



ကယားပြည်နယ် COVID19 စောင့်ကြည့် စစ်ဆေးမှု အခြေအနေ မှာ ဧပြီလ ၁၃ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအထိ  သံသယလူနာ ၄ ဦး တိုးလာသော်လည်း ရောဂါပိုး မတွေ့ရှိသေးကြောင်း သိရပါတယ်။



လွိုင်ကော်မြို့နယ် ဆေးရုံတွင် သံသယလူနာ (၃) ဦး၊ ဒီးမော့ဆိုမြို့နယ် ဆေးရုံတွင် သံသယလူနာ (၁) ဦးတို့ ထပ်မံ တက်ရောက် စစ်ဆေးစောင့်ကြည့်ခံလျက်ရှိတယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့် သိရပါတယ်။

Most read this week

December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...
December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...