COVID-19ရောဂါပိုး ရှိ မရှိ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ဘယ်လို စစ်ဆေးဆောင်ရွက်နေလဲ

COVID-19ရောဂါပိုး ရှိ မရှိ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ဘယ်လို စစ်ဆေးဆောင်ရွက်နေလဲ

လာဘ်ရတနာဗိုလ် — မြန်မာနိုင်ငံမှာ COVID-19ရောဂါပိုး ရှိ မရှိ စစ်ဆေးနိုင်တဲ့ဌာနက အခု လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနပဲ ရှိပါတယ်။

ဒီဌာနမှာ ဗိုင်းရပ်စ်စစ်ဆေးနိုင်တဲ့ စက် ခြောက်လုံးရှိပြီး တစ်နေ့ကို လူအယောက် ၃၀၀လောက် စစ်ဆေးနိုင်တယ်လို့ ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာဆွေတင်က မဇ္ဈိမကို ပြောပါတယ်။

 ဒေါက်တာဥမ္မာဆွေတင်က "အစ်မတို့ဘက်မှာတော့ အနည်းဆုံး တစ်နေ့ကို ၃၀၀လောက်အထိ လက်ခံစစ်ဆေးပေးနိုင်ပါတယ်။ အခုလက်ရှိကတော့ ၆၆ယောက်၊ ၄၄ယောက်၊ ၅၅ယောက် အဲလိုမျိုးလေးပေါ့ ။ အစ်မတို့ဆီကို လာသလောက်ကတော့ အဲဒါအကုန်ပဲ" လို့ ပြောပါတယ်။

"အစ်မတို့ဆီကို sample ရောက်ရင်တော့ ညကတည်းက ရောက်တယ် ဒါမှမဟုတ် မနက်မှ ရောက်တယ်ဆိုရင် အစ်မတို့ကပုံမှန် ၁၁နာရီအထိစောင့်တယ်။ ၁၁နာရီကနေစပြီးလုပ်တယ်။ ညနေ ၄နာရီခွဲလောက်ဆို အဖြေထွက်တယ်"လို့ ဆိုပါတယ်။

ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှာ တစ်နေ့ကို COVID-19 တို့ဖတ်နမူနာ ၇၀နီးပါးကို စစ်ဆေးရပေမယ့်လည်း ဝန်ထမ်းအင်အားရော စက်အင်အားပါ အခက်အခဲမရှိဘူးလို့သိရပါတယ်။

တို့ဖတ်နမူနာစစ်ဆေးဖို့အတွက်မန္တလေးတွင်  ဓာတ်ခွဲဌာနတစ်ခု ပြုလုပ်ဖို့စီစဉ်နေကြောင်း ဒေါက်တာဥမ္မာဆွေတင်က ပြောပါတယ်။

"အစ်မတို့အခု လိုအပ်တဲ့ပစ္စည်းတွေက ရောက်ဖို့က စောင့်ရဦးမယ်။ စောင့်ရဦးမယ်ဆိုတာက  WHOကပေးတဲ့ဟာတွေက လမ်းမှာကြာဦးမှာနဲ့ဘာနဲ့ဆိုတော့ မေလကုန် ဇွန်လဆန်းလောက်မှပဲ စဖြစ်မလားမသိဘူး။ သူတို့လမ်းမှာဘယ်လောက်ကြာမလဲဆိုတာတော့ သေချာမသိဘူး သူတို့ဘက်က စီစဉ်တာဆိုတော့လေ" လို့ ၎င်းက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ COVID-19ကုသမှာပိုင်းမှာ ကူညီဖို့အတွက် တရုတ်ဆေးအဖွဲ့ဟာ ဧပြီ ၈ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။အဲဒီအဖွဲ့ထဲမှာ ကူးစက်ရောဂါကာကွယ်ရေးပညာရှင်တွေ၊ ကုသရေးပညာရှင်တွေ၊ တိုင်းရင်းဆေးပညာရှင်တွေ၊ ဓာတ်ခွဲပညာရှင်တွေ ပါဝင်တယ်လို့သိရပါတယ်။

ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကိုတော့ ဓာတ်ခွဲပညာရှင် နှစ်ဦး ရောက်ရှိနေကြောင်း သိရပါတယ်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များအား တွေ့ရစဉ် / MOI)
September 1, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာရှိ စစ်အုပ်စုတပ် စစ်ကြောင်း ခြေကုပ်ယူထားသည့် စခန်းကို...
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများကို လှည်းဖြင့်သယ်ထုတ်နေစဥ် / ဗိဿနိုး ပြည်သူ့ ကာကွယ်ရေးတပ်မတော်
September 1, 2026
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၂၀ ခန့် ပါဝင်သည့် စစ်အုပ်စုတပ်စစ်ကြောင်းကို...
ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...