လောပိတတွင် ကိုဗစ် ၁၉ ကြိုတင်ကာကွယ်ရေး လိုအပ်ချက်များ ရှိနေသေး

လောပိတတွင် ကိုဗစ် ၁၉ ကြိုတင်ကာကွယ်ရေး လိုအပ်ချက်များ ရှိနေသေး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန COVID-19 ပညာပေးလက်ကမ်း စာစောင်တွေကို လောပိတဖောင်ဒေးရှင်းမှာ ဖြန့်ဝေပေးနေစဉ်။ ဓါတ်ပုံ – Kayah Lay Loikaw Facebook
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန COVID-19 ပညာပေးလက်ကမ်း စာစောင်တွေကို လောပိတဖောင်ဒေးရှင်းမှာ ဖြန့်ဝေပေးနေစဉ်။ ဓါတ်ပုံ – Kayah Lay Loikaw Facebook

မီမြာ၊ ဦးမြာ - လွိုင်ကော်မြို့နယ် လောပိတဒေသမှာ ကမ္ဘာတစ်ဝန်း လတ်တလော ကူးစက်ပြန့်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ပတ်သက်ပြီး လောပိတဖောင်ဒေးရှင်းအဖွဲ့နဲ့  ကျေးရွာဒေသခံများက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာမှာ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ သိရပါတယ်။

Mask တွေ၊ PPE ဝတ်စုံတွေ လိုအပ်နေသေးကြောင်း ကိုယ်တိုင်ပါဝင်ကူညီပေးနေသူ လောပိတဒေသခံ ဦးမြင့်မောင်မောင်က ပြောပါတယ်။

"ကာကွယ်ရေးပစ္စည်းတွေ ဘာမှ မရှိသေးဘူး။ ဆေးရုံမှာရော၊ ကူညီနေတဲ့ လူမှုအသင်းအဖွဲ့တွေမှာရော။ အခုက ပရဟိတအဖွဲ့တွေနဲ့ ပေါင်းပြီး လုပ်နေတာ"လို့ သူက ဆိုပါတယ်။

လက်ရှိ လောပိတမှာ PPE ဝတ်စုံ နှစ်စုံရှိပြီဖြစ်ပြီး ငါးစုံခန့်ရှိရင် လုံလောက်နိုင်တယ်လို့လည်း သူက ပြောပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆေးနှင့် ဆေးပစ္စည်းဖြန့်ဖြူးမှု တွေ ပြုလုပ်နေပြီး  ကယားပြည်နယ်ကို PPE ဝတ်စုံ ၃၀၀ ဧပြီ ၁ ရက်က ပေးလိုက်တယ်လို့ သိရပါတယ်။

ကြိုတင်ကာကွယ်ရေးလုပ်ငန်းအနေနဲ့ လောပိတမှာ အသိမျှဝေ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ ပညာပေးဗီနိုင်းများ လိုက်လံချိတ်ဆွဲခြင်း၊ ညပိုင်းမှာ ကားနဲ့ လိုက်လံဟောပြောခြင်းများ ပြုလုပ်တာ ဧပြီလဆန်းရက်မှာ ခုနစ်ရက်ရှိပြီ ဖြစ်ပါတယ်။

ကယားပြည်နယ်တွင်း ပြည်ပမှ ဝင်ရောက်လာတဲ့ သူတွေကို Facility Quarantine ဆောင်ရွက်ထားပြီး မတ်လ လကုန်ရက်မှာ ၅၈၄ ဦး ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဧပြီ ၂ ရက် နံနက် ၉ နာရီခွဲထိ အခြေအနေဟာ စောင့်ကြည့်လူနာ ၅၉၅ ဦး၊ ပိုးတွေ့ရှိသူ ၁၆ ဦး၊ သေဆုံးသူ ၁ ဦး ရှိပါတယ်။

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...