ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘုရားသုံးဆူမြို့ ဒေသခံ တွေ့ဆုံပွဲ ဖျက်သိမ်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘုရားသုံးဆူမြို့ ဒေသခံ တွေ့ဆုံပွဲ ဖျက်သိမ်း

စောမြတ်ဦးသာ — ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ဒေသခံများနှင့် နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဦးဆုံးအကြိမ် ပြုလုပ်မည့် လူထုတွေ့ဆုံပွဲအခမ်းအနား ဖျက်သိမ်းလိုက်ပြီဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံနှင့် ကြာအင်းဆိပ်ကြီးမြို့ဒေသခံတို့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့စဉ် ဒေသခံတစ်ဦး၏ ဖိတ်ကြားချက်အပေါ် ဘုရားသုံးဆူမြို့သို့ မတ်လ ၁၈ ရက်နေ့တွင် လာရောက် မည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်တားဆီးမှု အခြေအနေကြောင့် တွေ့ ဆုံပွဲကို ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်ဟု မြို့နယ်တာဝန်ရှိသူများထံမှ သိရသည်။

“မလာဖြစ်ပါဘူးခင်ဗျာ။ ခုလက်ရှိ သိတဲ့အတိုင်းပဲ/ ကိုရိုနာဗိုင်းရပ်စ်က အရေးကြီးနေတော့ အဲဒီ အရေးကြီးတဲ့ အလုပ်တွေ လုပ်နေလို့ ဖြစ်မှာပေါ့ဗျာ။ ပြန်လာစေချင်ပါတယ်။ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ကြာအင်း ဆိပ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးဦးကျော်စိုးဦးက ကေအိုင်စီသို့ ပြောသည်။

COVID-19 ရောဂါတားဆီးရန် လူစုလူဝေးဖြင့် ကျင်းပသည့် အခမ်းအနား ပွဲလမ်းသဘင်များနှင့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်အပါအဝင် မပြုလုပ်ရန် ညွှန်ကြားချက်ထုတ်ထားသည်ဟု မတ်လ ၁၆ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူများထံ အစီရင်ခံ တင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့သည်။

June 15, 2026
တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အောက်ပိုင်းရှိ ကျေးရွာအချို့တွင်...
June 13, 2026
မောင်ကျော်စွာ — (အိမ်နီးချင်း – ဒေသတွင်း – အခြားနိုင်ငံများနှင့်) ဆက်ဆံရေး၊ ပြည်တွင်းစီးပွားရေး...
Photo: KIC
June 12, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ဘက်ခြမ်း၊ သောင်ရင်းမြစ်ဘေးတစ်လျှောက် ခိုလှုံနေရသည့်...
June 12, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ဘက်ခြမ်း၊ သောင်ရင်းမြစ်ဘေးတစ်လျှောက် ခိုလှုံနေရသည့်...