မွန်ပြည်နယ်က အသုံးချခြင်းမရှိသော မြေယာများ ပြန်လည်စီစစ်မည်

မွန်ပြည်နယ်က အသုံးချခြင်းမရှိသော မြေယာများ ပြန်လည်စီစစ်မည်

နွန်နွန် — မွန်ပြည်နယ်တွင် ခေတ်အဆက်ဆက်ကတည်းက လျှောက်ထား ရယူထားသော မြေလွတ် မြေလပ် မြေရိုင်းများ လက်တွေ့မှာ အသုံးချခြင်းမရှိသည့် မြေယာများကို ပြန်လည် စိစစ်သွားမည်ဟု  မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

“ဒါနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာမြေလွတ်မြေလပ်မြေရိုင်းစီမံခန့်ခွဲမှုကော်မတီအနေနဲ့ကလည်း ယခင်အဆက်ဆက်ကယူထားပြီးတော့ အမှန်တကယ်လည်းအသုံးချခြင်းမရှိတဲ့မြေတွေကို ဧကဘယ်လောက်ရှိလည်းဆိုတာကို စာရင်းအချက်အလက် သေချာတိကျစွာကောက်ယူထားပြီးလည်းဖြစ်ပါတယ်။ အဲထဲကအမှန်တကယ်မလုပ်တော့တဲ့မြေလွတ်မြေလပ်မြေရိုင်းတွေကို ပြန်လည်သိမ်းဆည်းခဲ့တာတွေလည်းရှိပါတယ်။ ဒါကြောင့် မြေလွတ်မြေ လပ်မြေရိုင်းတွေကို လျှောက်ထားရယူထားပြီးဘယ်လိုမှ အသုံးချခြင်းမရှိတဲ့ မြေတွေကိုပြန်လည်စိစစ်တဲ့ မည်သည့်အစီအစဉ်မျိုး နဲ့မဆိုပါဝင်ပေါင်း စပ်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမှာပါ"ဟုဦးထွန်းဌေးကပြောသည်။  

ဖေဖေါ်ဝါရီလ ၁၉ ရက်ကကျင်းပသည့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (နဝမနေ့)တွင် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦး၏ မွန်ပြည်နယ်အတွင်းရှိ မြေလွတ်မြေလပ်နှင့်မြေရိုင်းများအားလုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိရေးအတွက် မည်ကဲ့သို့ ခွင့်ပြုဆောင်ရွက်ထားသည်ကိုသိရှိလို ကြောင်းဆက်စပ်မေးခွန်းမေးမြန်းရာမှာ ဝန်ကြီးကဖြေ ကြားခဲ့ခြင်းဖြစ်သည်။

ဒေသခံပြည်သူများကမြေလွတ်မြေလပ်မြေရိုင်းများတွင် လုပ်ကိုင်ဆောင်ရွက်နေပေမယ့်လည်းကိုယ်ပိုင်စိုက်ပျိုးထုတ်လုပ်ခွင့်ရရှိရေးတင်ပြလျှောက်ထား  ရမည့်အခြေခံအကြောင်းအရင်း သိရှိခြင်းမရှိကြောင်း၊ တာဝန်ရှိသူများ အနေဖြင့် ဥပဒေအကြောင်းနာလည်တဲ့သူတွေတင်ပြလျှောက်ထားမှုကိုခွင့်ပြုပေးခြင်းဟာဒေသခံတွေနဲ့ ပြဿနာတွေဖြစ်ပေါ်စေခဲ့တယ်လို့ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဒေါက် တာအောင်နိုင်ဦးကဆိုသည်။

ကိုယ်စားလှယ်၏ပြောဆိုမှုနှင့်ပတ်သက်ပြီးဝန်ကြီးဦးထွန်းဌေးက " မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မြေလွတ်မြေလပ်မြေရိုင်းတွေလုပ်ကိုင်ခွင့်တင်ပြလျှောက်ထားရာမှာမည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းများကိုမျှ ဦးစားပေး ခွင့်ပြုပေးခဲ့ခြင်းမျိုးမဟုတ်ဘဲဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ရေးနဲ့ အများအကျိုးထိခိုက်မှုမရှိစေဘဲကျေးရွာအဆင့် ရင်းနှီးမြှပ်နှံမှုရေရှည်တည်တံ့ရေးကိုရည်ရွယ်ပြီးလုပ် ကိုင်ခွင့်ပြုပေးတာဖြစ် တယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။

ယင်းအပြင် အချို့ဒေသများတွင် မြစ်ရေကြီးမှုကို နှစ်စဉ် ကြုံတွေ့နေရသည့်အတွက် လုပ်ငန်းလုပ်ကိုင်ရာ၌ အခက်အခဲမျိုးစုံ ကြုံတွေ့နိုင်သောကြောင့် ငွေကြေးတတ်နိုင်သောသူများနှင့် နည်းပညာပိုင်းကျွမ်းကျင်သူများသာ မြေလွတ် မြေလပ် မြေရိုင်းများတွင် လာရောက်လျှောက်ထားလုပ်ကိုင်စေလိုကြောင်း ဝန်ကြီးကဆက်လက်ပြောသည်။

မွန်ပြည်နယ်တွင် မြေလွတ်မြေလပ်မြေရိုင်းစုစုပေါင်းဧက ၂၄၀၀၀ ဧကကျော်အားလုပ်ကိုင်ခွင့်ပြုထားပြီးအမှန်တကယ်လုပ်ကိုင်ခြင်းမရှိသည့်  မြေလွတ်မြေလပ်မြေရိုင်းဧက ၃၉၀၀ ဧကကျော်အား ၂၀၁၈ ခုနှစ်အတွင်းမှာ အစိုးရအဖွဲ့မှ ပြန်လည်သိမ်းဆည်းခဲ့ကြောင်းသိရသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...