ဝူဟန်ပြန်ကျောင်းသားများ၏ မမှန်သတင်း ဖြန့်သူများကို အရေးယူမည်

ဝူဟန်ပြန်ကျောင်းသားများ၏ မမှန်သတင်း ဖြန့်သူများကို အရေးယူမည်

အောင်ကိုဦး—မန္တလေးမြို့ ၆၂လမ်း ရှိ ကန်တော်နဒီဆေးရုံတွင် ထားရှိသည့် ဝူဟန်ပြန် ကျောင်းသား ကျောင်းသူများနှင့် ပတ်သက်၍ ပြည်သူ လူထု ထိတ်လန့်အောင် လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားဖြန့်ဝေနေသူများကို ဖော်ထုတ် အရေးယူသွားမည်ဟု ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်က မဇ္ဈိမကို ပြောသည်။

"ဘယ်သူတွေ ရေးတယ်ဆိုတာ စုံစမ်းနေပါတယ်။ပြည်သူတွေ ထိတ်လန့်အောင် လုပ်တဲ့အတွက် အရေးယူပါမယ်"ဟု ဒေါက်တာ ရဲလွင်က ပြောသည်။

ဝူဟန်ပြန် ကျောင်းသားများနှင့်ပတ်သက်၍ ပုံစံအမျိုးမျိုးဖြင့် လူမှုကွန်ရက်တွင် သတင်းအမှားများ ဖြန့်ဝေနေခြင်းကြောင့် ပြည်သူများ ထိတ်လန့်မှု ဖြစ်နိုင်သဖြင့် ယခုကဲ့သို့ အရေးယူနိုင်ရန်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဝူပြန် ကျောင်းသား ကျောင်းသူ ၅၉ ဦးသည် မန္တလေးမြို့သို့ ဖေဖော်ဝါရီ ၂ ရက်နေ့က ရောက်ရှိခဲ့ပြီး ကန်တော် နဒီဆေးရုံတွင် ထားရှိပြီး စောင့်ကြည့်လျှက်ရှိရာ ယနေ့ အချိန်ထိ ကျန်းမာရေး ကောင်းမွန်ပြီး ဆက်လက် စောင့်ကြည့်နေသည်။

May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...
May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...
May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...