အားလုံးအဆင်ပြေစေရန် အခြေခံပညာစာမေးပွဲများကို ပြောင်းလဲသတ်မှတ်ခြင်းဖြစ်ဟု ဆို

အားလုံးအဆင်ပြေစေရန် အခြေခံပညာစာမေးပွဲများကို ပြောင်းလဲသတ်မှတ်ခြင်းဖြစ်ဟု ဆို
Photo - AFP
Photo - AFP

ချမ်းငြိမ်း — အားလုံးအဆင်ပြေစေရန်အတွက် အခြေခံပညာစာမေးပွဲများကို ပြောင်းလဲသတ်မှတ်ခြင်းဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်း ကပြောသည်။

အခြေခံပညာအားလုံး၏ စာမေးပွဲများကို တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးမှသာ ဖြေဆိုရန် ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါထုတ်ပြန်မှုနှင့် ပတ်သက်ပြီး ဆရာ/ဆရာမများ၊ ကျောင်းသား သမဂ္ဂများက ဝေဖန်မှုများ၊ ဖဲကြိုးစိမ်းလှုပ်ရှားမှုကဲ့သို့ လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။

ပညာရေးဝန်ကြီးဌာနနှင့် အမျိုးသားလွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီမှ တာဝန်ရှိသူများ နေပြည် တော်တွင် ဖေဖေါ်ဝါရီလ ၃ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီး ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်ဝင်တန်းစာ မေးပွဲမပြီး ခင် အတန်းငယ်အားလုံး၏ စာမေးပွဲများကို စစ်ဆေးရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းက" အမျိုးသားလွှတ်တော် ပညာရေးမြှင့် တင်မှုကော်မတီကနေပြီးတော့ ခေါ်ပြီးညှိနှိုင်းတယ်။ ညှိနှိုင်းတဲ့အခါမှာ ခက်ခက်ခဲခဲတော့ ဘာမှမရှိပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ထုတ်ပြန်ကြေညာထား ပြီးဖြစ်တယ်။ ထုတ်ပြန်ကြေညာ ထားတဲ့ဟာကို ပြောမယ်ဆိုရင် အသက်သွင်းလိုက်တာပါပဲ။ အဲဒီဟာက အသက်ဝင်သွားတဲ့အတွက် အခုလို အကုန်လုံး အတွက် အဆင်ပြေမယ့် ဆုံးဖြတ်ချက်တွေ အတည်ပြုသွားတာ" ဟု မဇ္ဈိမသို့ပြောသည်။

အစိုးရစစ်စာမေးပွဲများဖြစ်သည့် လေး တန်းနှင့် ရှစ်တန်းစာမေးပွဲကို ဖေဖေါ်ဝါရီလ ၂၄ရက်မှ မတ်လ ၃ရက်အထိ သတ်မှတ်ထားပြီး ကျန်အတန်းများဖြစ်သည့်ကျောင်းတွင်းစစ်စာမေးပွဲများကို မတ်လ ၄ရက်မှ ၁၀ရက်အထိ ဖြေဆိုရန် ပြင်ဆင်သတ်မှတ်ထားသည်။

လေးတန်းနှင့် ရှစ်တန်းစာမေးပွဲဖြေဆိုစဉ်ကာလအတွင်း ကျောင်းအခြေအနေ၊ ဆရာ/ဆရာမအခြေအနေအပေါ် မူတည်ပြီး ကျောင်းများကို ဖွင့်လှစ်ခြင်း၊ မဖွင့်လှစ်ခြင်းစသည့်တို့ကို ကျောင်းအုပ်တွေကို ဆုံးဖြတ်ခွင့်ပေးထား ကြောင်းလည်း ပညာရေး ဝန်ကြီးဌာနကသိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာများအဖွဲ့ချုပ်(MTF) မှ အမှုဆောင် ဦးမြတ်သီဟထွန်း က"  ကလေးတွေကတော့စောစောနားခွင့်ရမယ်။ ကျွန်တော်တို့ကတော့ ကလေးတွေကို စောပြီးနားစေချင်တာ။

ဆရာ/ဆရာမတွေကတော့ ဆယ်တန်းစာမေးပွဲဆက်စစ်ရမယ်။ အခန်းစောင့်ရမယ်။ စာစစ်သွားရမယ့်သူတွေ သွားရမယ်။ သင်ရိုးသစ်သင်တန်းတွေတက်ရမယ်။ သင်္ကြန်လောက်ပဲနားပြီးတော့ မေလ ၂၅ရက်မှာ ကျောင်းအပ် လက်ခံတာတွေပြန်လုပ်ရမှာ။ ကျွန်တော်တို့အတွက်ကတော့ သိပ်မထူးပါဘူး။ ကျောင်းပိတ်ခြင်း ဖွင့်ခြင်းက" ဟုပြောသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ ၁၁ရက်မှ ၂၀ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။မြန်မာတစ်နိုင်ငံလုံးတွင် အခြေခံပညာကျောင်းပေါင်း ၄၇၀၀၀ကျော်ရှိပြီး ဆရာ/ဆရာမ ၄သိန်းကျော်ရှိကြောင်း အခြေခံပညာဦး စီးဌာနက သိရသည်။

May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...
May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...
May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...