ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်အပေါ် မကျေနပ်သဖြင့် အလုပ်သမား ၁၅၀၀၀ကျော် ဆန္ဒပြ

ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်အပေါ် မကျေနပ်သဖြင့် အလုပ်သမား ၁၅၀၀၀ကျော် ဆန္ဒပြ

ဆုမြတ်မေဇော် — လှိုင်သာယာမြို့နယ်ရှိ သုန်ထိုင်း အထည်ချုပ်စက်ရုံ အလုပ်သမားသပိတ်တွင် ပါဝင်ခဲ့သော အလုပ်သမား ၂၆၀ဦး အလုပ်ပြန်လည်ရရှိရေးအတွက် ဆုံးဖြတ်သည့်အမှုတွင် ခုံသမာ ဓိကောင်စီ၏ ဆုံးဖြတ်ချက်အပေါ် မကျေနပ်သဖြင့် အလုပ်သမားသမဂ္ဂများနှင့် စက်ရုံ ၂၀၀က အလုပ်သမား ၁၅၀၀၀ကျော်ဟာ လှိုင်သာယာမြို့နယ်အတွင်း စီတန်းလှည့်လည်ကာ ဆန္ဒပြ ခဲ့ကြ သည်။

ခုံသမာဓိကောင်စီအနေဖြင့် အငြင်းပွားမှုများ ဆုံးဖြတ်ရာတွင် ဥပဒေပါ အလုပ်သမားအခွင့်အရေးများကို လိုက်နာပေးရေး တို့အရေး၊ အလုပ်ရှင်ဘက်မှ တင်ပြသော စာရင်းဇယားများသာမက အချက်အ လက် ပြည့်စုံစွာ စစ်ဆေးပေးရေး တို့အရေး စသဖြင့် အလုပ်သမားတွေက ကြွေးကြော်ခဲ့ကြသည်။

ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်အရ သပိတ်ပြီးနောက် အထည်ချုပ်စက်ရုံ အလုပ်သမား၂၆၀ဦးအနက် အလုပ်သမား ၁၀၀ခန့်သာ စက်ရုံတွင် ပြန်လည်အလုပ်လုပ်ကိုင်ခွင့်ရရှိခဲ့သည်ဟု သုန်ထိုင်း အထည် ချုပ်စက် ရုံမှ အလုပ်သမားဟောင်း ကိုကျော်လွင်ဦးက ဆိုသည်။

ပြန်ခန့်ထားသည့် အလုပ်သမား အယောက် ၁၀၀ကိုပင် ကြားကာလ နစ်နာကြေး ပေးရန်မလိုကြောင်း ခုံသမာဓိမှ ဆုံးဖြတ်ချက်ချခဲ့သည်ဟု အလုပ်သမားအချို့က ပြောသည်။

သုန်ထိုင်း အထည်ချုပ်စက်ရုံမှ အလုပ်သမားဟောင်း ကိုကျော်လွင်ဦးက “အယောက် ၁၀၀ကတော့ လွတ်လွတ်ကျွတ်ကျွတ် ပြန်ဝင်လို့ရတယ် ၆၁ယောက်ကတော့ အလုပ်ရှင်ကို ပြန်တောင်းပန်ရင် အလုပ်ဝင်ခွင့်ပေးမယ် ကျန် ၉၉ယောက်ကတော့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်ဆိုပြီး ဝင်ခွင့်မပေးဘူး အလုပ်ရှင်ဘက်က တင်တဲ့ဟာကိုပဲ ကြည့်ပြီး ဆုံးဖြတ်ချက်ချတယ် အဲ့ဆုံးဖြတ်ချက်ကြောင့် အလုပ်သမားတွေလည်း အခက်ကြုံနေရတယ် ဘေးစက်ရုံတွေ အလုပ်လျှောက်တာတောင် မခေါ်တော့ဘူး”ဟု ၎ကဆိုသည်။

အဆိုပါအမှုကို ခုံသမာဓိကောင်စီ၏ လုပ်ထုံး၊ လုပ်နည်း ဥပဒေအတိုင်း အလုပ်ရှင်ဘက်က ကိုယ်စားလှယ်တစ်ဦး၊ အလုပ်သမားဘက်က ကိုယ်စားလှယ်တစ်ဦး၊ အစိုးရဘက်က ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း သုံးဦးဖြင့် ခုံအဖွဲ့ဖွဲ့စည်းကာ နှစ်ဖက်ထွက်ဆိုချက်များကို စစ်ဆေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု  ခုံသမာဓိကောင်စီဝင် အလုပ်သမားကိုယ်စားလှယ် ကိုရဲကျော်သူက ပြောသည်။

“တိုင်းအဆင့် ခုံသမာဓိအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ရင်တော့ အလုပ်သမားတွေအနေနဲ့ သပိတ်မှောက်ခွင့်၊ ဆန္ဒပြခွင့်ရှိပါတယ် ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ သပိတ်မှောက်၊ ဆန္ဒပြခွင့် ဥပဒေမှာတော့ မပေးထားဘူး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကိုတော့ အယူခံလျှောက်ထားလို့ ရပါတယ်”ဟု အလုပ်သမားကိုယ်စားလှယ် ကိုရဲကျော်သူက ပြောသည်။

သုန်ထိုင်း အထည်ချုပ်စက်ရုံ အလုပ်သမား ၂၆၀ဦးသည် သုံးလပြည့် ဝန်ထမ်းများကို ဥပဒေအတိုင်း အမြဲတမ်း ခန့်အပ်ပေးရေး၊ လူမှုဖူလုံရေးကဒ် ပြုလုပ်ပေးရေး၊ အချိန်ပို ခေါ်ရာတွင် ဥပဒေနှင့်အညီ ခေါ်ယူရေး အပါအဝင် အချက် ၂၃ချက်ကို ၂၀၁၉ခုနှစ် အောက်တိုဘာလ ၂၅ရက်နေ့က သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ပြီး နိုဝင်ဘာလ ၈ရက်နေ့မှာ သပိတ်စခန်းကို ပိတ်သိမ်းခဲ့သည်။

Most read this week

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...