နမ့်ဆန်မြို့နယ် အတွင်း လက်နက်ကြီးကျ နေအိမ်တစ်လုံး မီးလောင်

နမ့်ဆန်မြို့နယ် အတွင်း လက်နက်ကြီးကျ နေအိမ်တစ်လုံး မီးလောင်
Photo by လွယ်ပျက်ကျေးရွာ ဒေသခံတစ်ဦး
Photo by လွယ်ပျက်ကျေးရွာ ဒေသခံတစ်ဦး

သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ် လွယ်ပျက်ကျေးရွာ ၌ ဒီဇင်ဘာ ၁၇ ရက်တွင် လက်နက်ကြီးကျသဖြင့် နေအိမ် တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၇  ညနေ ၅နာရီ ဝန်းကျင်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့ တပ်မတော်တို့သည် တိုက်ပွဲဖြစ်ပွားပြီး လွယ်ပျက်ကျေးရွာ အတွင်းရှိ နေအိမ်တလုံးပေါ် လက်နက်ကြီးကျ ခဲ့ကြောင်း လွယ်ပျက် ကျေးရွာ ဘုန်ကြီးကျောင်း ဆရာတော် ဦးစာရိတ္တ က သျှမ်းသံတော်ဆင့် သို့ မိန့်သည်။

“ ညနေ က တိုက်ပွဲ မိနစ် ၂၀လောက်ဖြစ်တယ်။ အဲ့မှာ လက်နက်ကြီးက မဆွေယဉ်တို့ နေအိမ်ပေါ်ကျပြီး မီးလောင်သွားတာ။ လူထိခိုက်မှု မရှိဘူး။အခုတော့ မီးငြိမ်းပြီ” ဟု ဆရာတော် ဦးစာရိတ္တ က မိန့်ကြားသည်။

နေအိမ် လက်နက်ကြီးကျ မီးလောင်စဉ်တွင် အိမ်ထဲတွင် မည်သူမှ မရှိသဖြင့် လူထိခိုက်မှု မရှိကြောင်း၊ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် လွယ်ပျက်ကျေးရွာ ဒေသခံများ အနီးပတ်ဝန်းကျင်သို့ ခေတ္တထွက်ပြေးတိမ်းရှောင်ရကြောင်း ဆရာတော်က ထပ်လောင်း မိန့်သည်။

နမ့်ဆန်မြို့နယ် လွယ်ပျက်ကျေးရွာ အနီးပတ်ဝန်းကျင်တွင် TNLA နှင့် မြန်မာ့တပ်မတော် ထိတွေ့မှု မကြာခဏ ရှိပြီး ထိုနေရာ တွင် မြေမြှုပ်မိုင်းများစွာရှိကာ ဒီဇင်ဘာ ၁၂ရက်နေ့တွင် လွယ်ပျက်ကျေးရွာ သားတဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်းသိရသည်။

TNLA နှင့် မြန်မာ့တပ်မတော်သည် နမ္မတူမြို့နယ် နှင့် မိုင်းငေါ့မြို့နယ်ခွဲ တွင်  တိုက်ပွဲဖြစ်ပွားမှု ၂ နေရာဖြစ်ပွားခဲ့ကြောင်း TNLA ထုတ်ပြန်ချက် အရသိရသည်။

ဒီဇင်ဘာ လအတွင်း မြန်မာ့တပ်မတော် သည် TNLA ရှိသည့်နေရာကိုထိုစစ်ဆင်မှု ပိုမိုပြင်းထန်လာကြောင်း၊ ယခု ဒီဇင်ဘာအတွင်း မြန်မာ့တပ်မတော် နှင့် TNLA သည် တိုက်ပွဲ ၁၃ကြိမ်အထိရှိကြောင်း TNLA ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Most read this week

December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...