Published
Sunday, November 17, 2019
မြေပုံနဲ့ပုဏ္ဏားကျွန်းမြို့နယ် တိုက်ပွဲဖြစ်မှာစိုးရိမ်လို့ဒေသခံထောင်ချီထွက်ပြေး
မြေပုံမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ တိုက်ပွဲဖြစ်မှာစိုးရိမ်တဲ့အတွက် ဒေသခံထောင်နဲ့ချီပြီးတော့ ထွက်ပြေးနေကြရပါတယ်။
ဖမ်းဆီးခံထားရသူ(သုံ့ပန်းချင်း)လဲလှယ်ဖို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ကမ်းလှမ်းချက်ကို တပ်မတော်ဘက်က ငြင်းပယ်လိုက်ပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာ စပါးရိတ်သိမ်းဖို့အခက်အခဲရှိတဲ့ လယ်သမားတွေအနေနဲ့ ရခိုင်ပြည်နယ်အစိုးရဆီမှာ အကူအညီတောင်းနိုင်တယ်လို့ ဆိုပါတယ်။






