ရပ်စောက်မြို့နယ်တွင် ဒေသခံအမျိုးသမီးတဦးအား သေနတ်သမားတဦးဝင်ရောက်ပစ်ခတ်

ရပ်စောက်မြို့နယ်တွင် ဒေသခံအမျိုးသမီးတဦးအား သေနတ်သမားတဦးဝင်ရောက်ပစ်ခတ်

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်တွင် အမျိုးသမီးတဦးအား သေနတ်သမားတဦးက နေအိမ်အထိ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

နိုဝင်ဘာလ ၁၀ ရက်  ညနေပိုင်းက ရပ်စောက်မြို့နယ် နောင်ဝိုးရွာနေ နန်းခမ်းစိန် အသက် ၄၃ နှစ်သည်လယ်တောမှ နေအိမ်ပြန်အရောက်တွက် အသက် ၂၅ နှစ်ခန့်အရွယ်ရှိအမျိုးသားတဦးက ဆိုင်ကယ်ဖြစ်အိမ်ဝင်းအတွင်းဝင်ရောက်ကာ ပစ်ခတ်ခဲ့သဖြင့် ကျည် ၄ ချက်ထိမှန်ပြီးနေရာတွင်ပင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။

“သူ့ရဲ့ ရင်ဘတ်မှာတချက်၊ ညာဘက်လက်မှာတချက်၊ ပေါင်မှာတချက်နဲ့ ဗိုက်မှာတချက် ကျည်ဆံဝင်သွားတယ်။ နေအိမ်မှာဘဲ ပွဲချင်းပြီးသေသွားတယ်။ သူ့ရဲ့အလောင်းကိုတော့ ရပ်စောက်ဆေးရုံမှာဘဲရင်ခွဲစစ်ဆေးပြီးတော့ မနေ့က ညနေ ၄ နာရီလောက်မှာ သဂြိုဟ်လိုက်ပါတယ်။ဘာကြောင့်လဲဆိုတာတော့ကျနော်တို့မသိပါဘူး။ အမျိုးတွေကြားမှာ ထင်မြင်ချက်ပေးနေတာတခုကတော့ ငွေရေးကြေးရေးကိစ္စဘဲရှိမယ်ထင်တယ်လို့ပြောပါတယ်။ ” – ဟု ဆွေမျိုးတော်စပ်သူ စိုင်းနောင့်ကပြောသည်။

ပစ်ခတ်ခံရသည့်ကျည်ခွံအား ရဲများစစ်ဆေးရာတွင် မြန်မာအစိုးရ၏ ကာကွယ်ရေးဌာနမှ ထုတ်ပေးသောကျည်မဟုတ်ကြောင်း၊ နယ်စပ်မှ ရောင်းဝယ်သည့်ကျည်ခွံဖြစ်ကြောင်း ၊ ပစ်ခတ်မှု တရားခံကိုလည်း ရှာဖွေနေကြောင်း ပြောဆိုနေကြသည်။

“သေနတ်သမားတွေက ခုတလော လူထုပါပစ်ခတ်လာတယ်၊ သံဃာတော်တွေပါမကျန် ပစ်ခတ် လာတယ် ဆိုတော့ စိုးရိမ်ရတဲ့အနေအခြေအနေပေါ့။ မလုံခြုံဘူးလို့ခံစားရတယ် ” – ဟု ရပ်စောက် ဒေသခံ စိုင်းသန်း ကလည်းပြောသည်။

နန်းခမ်းစိန်သည် ရပ်စောက်မြို့နေ လုံးဆန်နုတ်၊ ပါလိတ် တို့၏သမီးဖြစ်ပြီးမွေးချင်းညီအကိုမောင်နှမ ၄ ဦးရှိကြောင်းသိရသည်။ လက်ရှိတွင်ခင်ပွန်းဖြစ်သူ စိုင်းဘသိန်းနှင့်သားသမီး ၃ ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

Most read this week

December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...