တိုင်းရင်းသား ဘာသာစာပေ ကျောင်းသုံးသင်ထောက်ကူ ထောက်ပံ့ပေးနိုင်ခြင်း မရှိသေး

တိုင်းရင်းသား ဘာသာစာပေ ကျောင်းသုံးသင်ထောက်ကူ ထောက်ပံ့ပေးနိုင်ခြင်း မရှိသေး

တိုင်းရင်းသား ဘာသာ၊ စာပေ ကျောင်းသုံး သင်ထောက်ကူ ပစ္စည်းများကို ထောက်ပံ့ပေးနိုင်ခြင်း မရှိေသေးကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပြောကြားခဲ့သည်။

အဆိုပါ ပြောကြားချက်သည် နိုဝင်ဘာ ၅ ရက်နေ့ ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၄)ကြိမ် မြောက် ပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် မိုင်းရယ် မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော် က မြန်မာနိုင်ငံ တဝှမ်းရှိ အစိုးရ အခြေခံ ပညာကျောင်းများတွင် တိုင်းရင်းသား လူမျိုးများ အလိုက် တိုင်းရင်းသား ဘာသာစာပေ ကျောင်းသုံးသင်ရိုး ပုံနှိပ်စာအုပ်များ ရိုက်နှိပ် ထုတ်ဝေပေးရန်နှင့် သက်ထောက်ကူ ပစ္စည်းများ လိုအပ်လာပါက မည်ကဲ့သို့ဆောင်ရွက်ပေးမည် ဆိုသည့် မေးမြန်းချက်ကို ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

တိုင်းဒေသကြီး၊ ပြည်နယ်များ အလိုက် လိုအပ်ချက် များ တင်ပြတောင်းခံလာပါက အခြေခံပညာဦးစီးဌာန အနေဖြင့် အဆင့်ဆင့် စိစစ်ပြီး ပုံနှိပ်၍ အခမဲ့ဖြန့်ဝေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် သင်ထောက်ကူ ပစ္စည်းများကို ထောက်ပံ့ပေးနိုင်ခြင်း မရှိသေးကြောင်း ဒေါက်တာ မျိုးသိမ်းကြီး က ဖြေကြားခဲ့သည်။

မိုင်းရယ်မြို့နယ် အတွင်း ကျေးရွာ အုပ်စု (၅) အုပ်စုတွင် အစိုးရ အခြေခံ ပညာကျောင်း ၌ သျှမ်းတိုင်းရင်းသား ဘာသာ စာပေနှင့်အချိန်ပိုင်း သင်ကြားလျက်ရှိသည့် ကျောင်းသားပေါင်း ၁၃၅၀ ဦးရှိသည်။

ထို့ကြောင့် သျှမ်းတိုင်းရင်းသား ဘာသာ သင်ရိုး ပုံနှိပ် စာအုပ်များ၊သင်ထောက်ကူ ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း၊ တမြို့နယ်လုံး အနေဖြင့် လည်း လိုအပ်ချက် ရှိကြောင်း မိုင်းရယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းသီဟကျော် ၏ တင်ပြချက် အရ သိရသည်။

သျှမ်းတိုင်းရင်းသား ဘာသာ စာပေ ကျောင်းသုံး သင်ရိုး ညွှန်းတမ်း ပုံနှိပ် စာအုပ်များသည် ဘာသာအလိုက် ၊ အတန်းအလိုက် သက်ဆိုင်ရာ သျှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ များနှင့် သျှမ်းစာပေ ပညာရှင်များ က စုပေါင်း ပြုစုထားသည့်သင်ရိုး ပုံနှိပ်စာအုပ်ရှိသည်။

သို့သော် အစိုးရ အခြေခံ ပညာကျောင်းတွင် သင်ကြားသင်ယူလျက် ရှိသည့် ကျောင်းသားများနှင့် ဆရာများအတွက် နိုင်ငံတော်မှ ပုံနှိပ် ထုတ်ဝေဖြန့်ဖြူး ပေးနိုင်သေးခြင်းမရှိပေ။

၂၀၁၉ -၂၀၂၀ ပညာသင်နှစ် တွင် တိုင်းဒေသကြီး နှင့် ပြည်နယ် များရှိ အခြေခံ ကျောင်းပေါင်း ၁၂၄၈၈ ကျောင်းရှိ ပထမတန်း၊ ဒုတိယတန်းနှင့် တတိယတန်း ကျောင်းသား ၇၆၆၇၃၁ ဦး ကို တိုင်းရင်းသား ဘာသာ စကားသင် ဆရာ စုစုပေါင်း ၂၀၁၉ ၉ ဦး သင်ကြား အထောက်အကူပြု (Teaching Assistant)၊ နေ့စား လပေး Teaching Assistant တွင် တိုင်းရင်းသား သာသာစကား ကို သင်ကြားပို့ချရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ နိုင်ငံ တဝန်းရှိ အစိုးရ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားလူမျိုးများ အတွက် တိုင်းရင်းသား ဘာသာ စာပေ နှင့် ဘာသာစကားများကို အချိန်ပိုင်း သင်ကြားပေးရန် ပူးပေါင်းစီစဉ်ဆောင်ရွက် ရှိကြောင်း သိရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...