ကျောက်မဲမြို့ မိုင်းတင်း ရပ်ကျေး ဥက္ကဌ နှင့် အမျိုးသား ၂ဦး သေနတ်ပစ်သတ်ခံရ

ကျောက်မဲမြို့ မိုင်းတင်း ရပ်ကျေး ဥက္ကဌ နှင့် အမျိုးသား ၂ဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ နမ့်ခုံး စားသောက်ဆိုင် တွင် မိုင်းတင်း ရပ်ကျေး ဥက္ကဌ နှင့် အမျိုးသား ၂ဦး ယနေ့ နေ့လည် ၁နာရီခွဲတွင် သေနတ်ပစ် ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ကျောက်မဲမြိုု့ နမ့်ခုံးစားသောက်ဆိုင်ထဲတွင် ကျောက်မဲမြို့နယ် မိုင်းတင်း ရပ်ကျေး ဥက္ကဌ ဦးထွန်းရင် နှင့် အတူ လိုက်ပါလာသည့် အမျိုးသား ၂ဦးကို အမည်မသိ လက်နက်ကိုင် အဖွဲ့ မှ သေနတ်ပစ်သွားကာ သေဆုံးခဲ့ကြောင်း ကျောက်မဲ ဇီဝိတ လူမှုကူညီရေး အသင်း ဥက္ကဌ ဦးတင်မောင်သိန်း က ပြောသည်။

“ ဒီနေ့ နေ့လည် ၁နာရီခွဲမှာ သေနတ်ပစ်ခံရတာပါ။ ၂ဦးကတော့ အဲ့နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်။ တဦးကတော့ ဆေးရုံမှာ သေဆုံးသွားတယ်” ဟု ဦးတင်မောင်သိန်း ပြောပြသည်။

အဆိုပါ သေနတ်ပစ်ခံရသည့် အမျိုးသား ၃ဦးသည့် နမ့်ခုံးစားသောက်ဆိုင်တွင် ထိုင်ပြီး စားသောက်နေချိန် အမည်မသိ လက်နက်ကိုင် သူများက ဝင်ရောက်ပစ်ခတ်သည်မှ ရုပ်ရှင် ထဲမှ အက်ရှင်ဇာတ်ကား နှင့် တူကြောင်း ကျောက်မဲ ဒေသခံများပြောဆိုချက် အရ သိရသည်။

“ ကျောက်မဲမြို့ပေါ် နေ့ခင်း လူသွားလာများတဲ့အချိန် စားသောက်ဆိုင်ထဲ ဝင်ပြီး ပစ်ရဲတဲ့တာကတော့ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေပြီ” ဟု ကျောက်မဲမြို့ ဒေသခံ စိုင်းညွှန့် က သျှမ်းသံတော်ဆင့်သို့ပြောသည်။

သေနတ်ပစ်ခံရပြီး သေဆုံးသွားသူများမှာ မိုင်းတင်း ရပ်ကျေး ဥက္ကဌ အသက် ၃၇ နှစ် အရွယ် ဦးစိုင်းထွန်းရင် သည် ရင်စို့ ဒဏ်ရာ တချက် ၊ ယာဘက်ခါး ဖောက်ထွက် တချက်၊ ဝဲဘက်ခါး ဖောက်ထွက် တချက် ထိမှန်းခဲ့ပြီ၊ အသက် ၄၉ နှစ် ဦးစိုင်းအောင်သိန်း ယာလက်မောင်း ၊ ရင်အုံဖောက်ထွက် တချက် ထိမှန် သေဆုံးခဲ့သည်။

ထို့ပြင် အသက် ၅၇ နှစ် အရွယ် ဦးဆုဇေယျ သည် ယာဘက်ကျော မှ ဝမ်းဗိုက် ဖောက်ထွက် ဒဏ်ရာ တချက်ဖြင့် ထိမှန်ပြီး ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

လက်ရှိ အချိန်ထိ မည်သည့် လက်နက်ကိုင် အဖွဲ့မှ လာရောက် ပစ်ခတ်သည် ကို မသိရှိသေးကြောင်း၊ စုံစမ်းနေသေးကြောင်း သိရသည်။

ကျောက်မဲမြို့ နယ်အတွင်း လက်နက်ကိုင် တပ်ဖွဲ့ ပေါင်းစုံ လှုပ်ရှားသည့် နယ်မြေ ဒေသဖြစ်ပြီး မကြာခဏ အရပ်သားပြည်သူ ပစ်ခတ်ခံရ ကာ တကြိမ်တခါမျှ တရားခံပေါ်ပေါက်ခြင်းမရှိခဲ့ပေ။

ယခုနှစ် အောက်တိုဘာ ၁၅ ရက် တွင် လည်း လားရှိုးမြို့နယ် မန်ကောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမာကူး အား အမည်မသိ လက်နက်ကိုင်မှ သေနတ်ပစ်သတ်ခဲ့ သေးသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...