သျှမ်းပြည် တွင် ကျပ်သိန်း ၁၄၀၀၀ ကျော်ဖမ်းဆီးရမိ

သျှမ်းပြည် တွင် ကျပ်သိန်း ၁၄၀၀၀ ကျော်ဖမ်းဆီးရမိ
Photo by မူးယစ် ရဲတပ်ဖွဲ့
Photo by မူးယစ် ရဲတပ်ဖွဲ့

ယမန်နေ့ (အောက်တိုဘာ ၃၁)ရက် တွင် သျှမ်းပြည် တောင်ပိုင်း ကွန်ဟိန်းမြို့ နယ် နှင့် မြောက်ပိုင်း လားရှိုးမြို့နယ် အတွင်း ကျပ်သိန်း ၁၄၀၀၀ ကျော် မူးယစ်ဆေး ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၃၁ ရက် မနက် ၁၀နာရီခွဲတွင် သျှမ်းပြည် တောင်ပိုင်း ကွန်ဟိန်းမြို့နယ် တာကော်တံတားဂိတ်၌ ကျပ်သိန်း ၁သောင်းရှိ ကတ်တမင်း ဖမ်းဆီးရမိပြီး၊ ထိုနည်းတူ လားရှိုးမြို့ နယ် အိုရီယမ်တယ် တိုးဂိတ် အနီးတွင် နေ့လည် ၁၂နာရီခွဲ ၌ စိတ်ကြွဆေး ကျပ်သိန်း ၄၈၀၀၊ ဖမ်းဆီးရမိကြောင်း မူးယစ် ရဲတပ်ဖွဲ့ထုတ်ပြန်ချက် အရ သိရသည်။

ကွန်ဟိန်းမြို့နယ် တာကော် တံတား ဂိတ်တွင် ဖမ်းဆီးရမိသည့် ကတ်တမင်း အလေးချိန် ၁၀၀ ကီလို ( ကာလ ပေါက်ဈေး ကျပ်သိန်း ၁၀၀၀၀)ရှိပြီး ထို ကတ်တမင်းများကို လက်ဖက်ခြောက် အိတ်ခွံများဖြင့်ထည့်ထားကြောင်း မူးယစ်ရဲတပ်ဖွဲ၏ သတင်းတွင်ရေးသားထားသည်။

ထိုကားသမားထံတွင် ကတ်တမင်း အလေးချိန် ၁၀၀ ကီလို အပြင် မြန်မာကျပ်ငွေ ၃၈၄၀၀၀၊ ထိုင်းဘတ်ငွေ ၅၅၂၀ ဘတ် နှင့် လက်ကိုင်ဖုန်း ၁လုံးပါ သိမ်းဆည်းရမိကြောင်း သိရသည်။

ထို့ပြင် လားရှိုးမြို့နယ် အိုရီယမ်တယ် တိုးဂိတ်အနီးတွင် ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားသည် ကာလပေါက်ဈေး ကျပ်သိန်း ၄၈၀၀ ရှိပြီး၊ စိတ်ကြွးဆေးပြားများကို ပလတ်စတစ် ကပ်ခွာ အိတ်တွင် ထည့်ထားကြောင်း မူးယစ်ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသည့် အသက် ၄၄နှစ်အရွယ် ဗျာလူး(ခ)ဇူစူး ကို လားရှိုးမြို့မရဲစခန်း၊ အသက် ၅၀ အရွယ် စိုင်းထွန်းအေးကို လက်ရှိမှာ ကာလိ နယ်မြေရဲစခန်း မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းဆးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...