ကျိုက်ထို မြန်မာစီးပွားရေးဘဏ်မှ ငွေကိုင်တစ်ဦး ငွေကျပ်သိန်း ၄၀၀၀ ထုတ်ယူသုံးစွဲမှုဖြင့် အမှုဖွင့်ခံရ

ကျိုက်ထို မြန်မာစီးပွားရေးဘဏ်မှ ငွေကိုင်တစ်ဦး ငွေကျပ်သိန်း ၄၀၀၀ ထုတ်ယူသုံးစွဲမှုဖြင့် အမှုဖွင့်ခံရ

မင်းသူရိန်မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ မြန်မာ့စီးပွားရေးဘဏ်၏ ငွေတိုက်အတွင်းရှိ ငွေကျပ်သိန်း ၄၀၀၀ ခန့် ကွာဟနေသဖြင့် ငွေကိုင်ဘဏ်ဝန်ထမ်းတစ်ဦးအား မေလ ၁၄ ရက်နေ့က အမှုဖွင့်ထားကြောင်း ကျိုက်ထိုမြို့မရဲစခန်းမှ သိရသည်။

မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့ မြန်မာ့စီးပွားရေးဘဏ်၏ ငွေတိုက်ဖွင့်ရမည့်အချိန်တွင် ငွေကိုင် ကြီးကြပ်ရေးမှူး(၃)  ကျော်မိုးဝင်း ရောက်မလာ၍ ဖုန်းဆက်ရာ ဖုန်းမကိုင်သော်ကြောင့် ၎င်း၏ နေအိမ်သို့ လိုက်သွားခဲ့ရာ မိခင်ဖြစ်သူသာတွေ့ရပြီး ကိုကျော်မိုးဝင်းသည် မေလ ၁၃ ရက်နေ့ ညနေက အပြင်ထွက်သွားကာ ပြန်မရောက်သေးကြောင်း ၎င်းအိမ်ရာပေါ်၌ ငွေတိုက်သော့ကို တွေ့သောကြောင့် ငွေတိုက်ကို ဖွင့်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် ငွေတိုက်အားဖွင့်လှစ် စစ်ဆေးရာတွင် တစ်နေ့တာ ငွေကြေးလည်ပတ်နိုင်ရန်အတွက်  လျော့နည်းငွေကျပ်သိန်း ၄၀၀၀ ခန့်ကွာဟနေမှုအား စိစစ်တွေ့ရှိခဲ့ကြောင်း  ရဲမှတ်တမ်းတွင် ပါရှိသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လုပ်ငန်းခွင်သို့ပြန်လည်ရောက်ရှိလာခြင်းမရှိသော ငွေကိုင် (၃) ကျော်မိုင်းဝင်း (၄၄) နှစ် (ဘ) ဦးအုံးသော်အား  အမှုဖွင့်အရေးယူပေးပါရန် သထုံခရိုင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ရှင်မြင့်ထွေးမှ တရားလိုပြုလုပ်တိုင်ကြားခဲ့ကြောင်း ကျိုက်ထိုမြို့မရဲစခန်းမှ သိရသည်။

"အခုထိတော့ စစ်ဆေးနေဆဲပဲ တိုင်ကြားခံရတဲ့သူက မရောက်သေးဘူး၊ မဖမ်းရသေးဘူး၊ ပုဒ်မကတော့ တစ်ခုတည်းပါပဲ"ဟု ကျိုက်ထိုမြို့မရဲစခန်းမှူး ဒုရဲမှူးအေးမြင့်က ပြောသည်။

မြန်မာ့စီးပွားရေးဘဏ်(ကျိုက်ထို)ရှိ ငွေတိုက်အတွင်းမှ ငွေကျပ်သိန်း ၄၀၀၀ ခန့်စာရင်းကွာဟနေမှုနှင့် ပတ်သက်ပြီး ကျိုက်ထိုမြို့မရဲစခန်းမှ ငွေကိုင်ကြီးကြပ်ရေးမှူး(၃) ကျော်မိုးဝင်း အပေါ် (ပ) ၂၃၅၁/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၄၀၉ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

March 9, 2026
မွန်ပြည်နယ်ရှိ ပြည်နယ်အဆင့် လူမှုကူညီရေးအသင်းများ ဘဏ်စာရင်းအတွင်း မတည်ငွေကျပ်သိန်း ၅၀၀...
March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...