ငြိမ်းချမ်းရေး ကော်မရှင် နှင့် RCSS အလွတ်သဘော တွေ့ဆုံ

ငြိမ်းချမ်းရေး ကော်မရှင် နှင့် RCSS အလွတ်သဘော တွေ့ဆုံ

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC အဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS မှ ခေါင်းဆောင်များသည် ယနေ့နံနက် ၁၀ နာရီ၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးနေသည်။

ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ အစည်းအဝေး JICM ကျင်းပနိုင်ရေးကိစ္စ၊ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ပဏာမ အပစ်ရပ်စာချူပ် သဘောတူညီချက် biliatral များထဲမှ အကောင်အထည်မဖော်နိုင်သေးသည့် သဘောတူညီချက်များကိစ္စ၊ နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့တဲ့ ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့ ကျင်းပရေးကိစ္စများအား အဓိက ဆွေးနွေးသွားရန် ရှိသည်ဟု သိရသည်။

အလွတ်သဘောတွေ့ဆုံမှုတွင် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် PC အဖွဲ့မှ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ခေါင်းဆောင်၍ ဦးဇော်ဋ္ဌေး၊ ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦး၊ ဦးကျော်လင်းဦး တို့ တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့မှ ဗိုလ်ချုပ် ပေါင်ခေး၊ ဗိုလ်မှူးကြီး စိုင်းငင်း၊ ဒေါက်တာ စိုင်းဦး၊ စိုင်းလဲျန်း၊ စိဏ်းသျဲန်မိုင် တို့ တက်ရောက်ခဲ့ကြသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်နေ့၌လည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချူပ်ကြီး ယွက်ဆစ် ခေါင်းဆောင်တဲ့အဖွဲ့နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က ကိုယ်စားလှယ် များသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီး အစိုးရမှ အဆိုပြုထားသည့် အချက် ၄ ချက်အား ဆက်လက်ဆွေးနွေးသွားရန် လိုနေသေးသည်ဟု သတင်းထောက်များအား ပြောဆိုခဲ့သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့သည် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ JMC တွင် မပါဝင်ပဲ နေခဲ့ပြီးနောက် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ရပ်တန့် ခဲ့ပြီး တရားဝင်ဆွေးနွေးပွဲများ ပြန်စနိုင်ရန် အစိုးရနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ လုပ်ခဲ့သည်မှာ ၁၃ ကြိမ် ရှိခဲ့ပြီဖြစ်သည်။

May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...